ရဟန်းမင်းကြီး ဖရန်စစ် အရှင်သူမြတ် ရဟန်းဖြစ်သင်ကျောင်းသားများနှင့်တွေ့ဆုံခြင်း

ရဟန်းဖြစ်သင်ကျောင်းသားများနှင့် ဗာတီကန်နိုင်ငံ ကောင်စီအဖွဲ့ရုံးတွင်တွေ့ဆုံခဲ့ပါသည်။
ရဟန်းမင်းကြီး ဖရန်စစ် အရှင်သူမြတ် ရဟန်းဖြစ်သင်ကျောင်းသားများနှင့်တွေ့ဆုံခြင်း
နိုဝင်ဘာ ၂၄၊ ၂၀၁၈
ရဟန်းမင်းကြီး ဖရန်စစ် အရှင်သူမြတ် ပြီးခဲ့သော စနေနေ့က Agrigento စီစီလီ ဂိုဏ်းချုပ်သာသနာမှ ရဟန်းဖြစ်သင်ကျောင်းသားများနှင့် ဗာတီကန်နိုင်ငံ ကောင်စီအဖွဲ့ရုံးတွင်တွေ့ဆုံခဲ့ပါသည်။

ယင်းတွေ့ဆုံခြင်းတွင် ဧမာဦးရွာသို့ ခရီးသွားသော တပည့်နှစ်ပါးကို ကိုယ်တော်ထင်ရှားပြခြင်း၊ လမ်းခရီး၌ သခင်ခရစ်တော် မှ သူတို့၏စကားကို ဦးစွာပထမ နားထောင်ပေးခြင်း၊ သူတို့နားလည်နိုင်ရန်ကူညီပေးခြင်း၊ သတင်းကောင်းဝေမျှရန် ဆက်လက်စေလွှတ်ခြင်း စသည့် ဥပမာကိုယူ၍ ရဟန်းဖြစ်သင်ကျောင်းသားများ မိမိတို့လျှောက်လှမ်းနေသော ဘဝအသက်တာတွင် သခင်ခရစ်တော်နှင့် တွေ့ကြရန် တိုက်တွန်းခဲ့ပါသည်။

၁။ ။ နားထောင်ခြင်း
အသက်ရှင်သော သခင်ခရစ်တော်နဲ့ လမ်းမှာတွေ့ရမယ်၊
သခင်ခရစ်တော်ဟာ ငါတို့လျှောက်ရမယ့်လမ်းခရီး ဖြစ်တယ်၊ သူက သူနဲ့အတူလျှောက်နေတဲ့လူရဲ့ အဖြစ်အခြေအနေကို လက်ခံပေးတယ်၊ သူ့ဘဝကိုနားထောင်ပေးတယ်။ အဲ့ဒါကြောင့် ရဟန်းဖြစ်သင်ကျောင်းသားဘဝမှာ ပထမအရေးအကြီးဆုံးက ဘုရားနဲ့ စကားပြောပြီးတော့အပြန်အလှန်နားထောင်တတ်ရမယ်၊ သူက မင်းကို နားထောင်ပေးသလို မင်းကလည်းသူ့ကို နားထောင်ပေးရမယ်၊ အဲ့နောက်မှ အသင်းတော်နဲ့ ဘုန်းတော်ကြီးတွေလုပ်နေတဲ့ သူစေခိုင်းခြင်းဆိုတဲ့ အစေခံခြင်းအမှုဖြစ်တဲ့ လူသားတို့၏ အော်ဟစ်သံကို ကြားနာနိုင်မယ်။ စာနာကူညီပေးနိုင်မယ်။

၂။ ။ စမ်းစစ်ခြင်း
ရဟန်းဖြစ်သင်ကျောင်းသားဘဝမှ အတူတကွဖေးမလျှောက်လှမ်းခြင်းဟာ သူ့ဘဝကို စမ်းစစ်နိုင်မှုအတွက် အထောက်အကူပေးတဲ့အရာဖြစ်တယ်။ ရဟန်းဘဝမှာ မလိုလားအပ်တဲ့ပြသနာတွေဖြစ်လာရတဲ့အကြောင်းအရင်းက ရဟန်းဖြစ်သင်ကျောင်းသားဘဝက ကောင်းမွန်စွာမိမိဘဝကို စမ်းစစ်မှုအားနည်းခဲ့လိုဖြစ်တယ်။ အိမ်ထောင်သည်ဘဝဟာလည်း ထို့အတူပဲ မစမ်းစစ်ခဲ့ကြလို့ ပြသာနာတွေကြုံတွေ့ကြရတာ။ တပည့်တော်ကြီး နှစ်ပါးနှင့် လမ်းမှာ အတူခရီးသွားနေစဉ် သူတို့ရဲ့ ခံစားချက်၊ မျှော်လင့်ချက်၊ စိတ်ပျက်အားငယ်မှုတွေ မျှော်လင့်ချက်မဲ့သော ဘဝအသက်တာတွေကို စမ်းစစ်ပေးခဲ့တယ်။ သခင်ခရစ်တော်က အပေါ်ယံ ဟန်ဆောင်းမှုလေးကူညီပေးနေတာမဟုတ် အတွင်းစိတ်နှလုံးသားကနေ မျှော်လင့်ခြင်း၊ ဝမ်းမြောင်ခြင်း၊ သိရှိနားလည်သဘောပေါက်ခြင်းတွေကို ပြန်လည်ဖော်ထုတ်ပေးခဲ့တယ် ၊ သူတို့ဘဝအတွက် ဘုရားသခင်ရဲ့ အလိုတော်ကို သိမြင်သွားစေခဲ့တယ်၊ ယနေ့ခေတ်တွင် သန့်ရှင်းသော ဝိညာဉ်တော်ဘုရားသည် ကျွန်ုပ်တို့ကို ဦးဆောင်ကူညီပေးနေတယ်။

၃။ ။ သတင်းကောင်းဝေမျှရန် စေလွတ်ခြင်း

သခင်ခရစ်တော်၏ ကူညီဖွင့်ပြမှုနှင့် ဘုရားအလိုတော်စီမံကိန်းကို သိရှိသွားသော တပည့်တော်ကြီးနှစ်ပါး။ သူတို့နှင့်အတူ ခရီးသွားနေသူဟာ သခင်ခရစ်တော်မှန်းသိရှိခဲ့ပြီးနောက် ချက်ခြင်း သတင်းကောင်းကို ပြောကြားဖို့ ဂျေရုဇလင် မြို့ကိုပြန်သွားပြီး တခြားတပည့်တော်ကြီးတွေနဲ့ပြန်လည်ပေါင်းစပ်ပြီး သူတို့သခင်ခရစ်တော်ကို တွေ့ခဲ့ရကြောင်း ပြောကြားကြတယ်။ အဖွဲ့အစည်းနဲ့လုပ်ဆောင်ခြင်း၊ အဖွဲ့အစည်းနဲ့လုပ်ဆောင်ခြင်းသည် သာသနာပြုလုပ်ငန်းအတွက်ပိုမို ထိရောက်အောင်မြင်ကြောင်း ကိုလည်းပြောပြခဲ့ပါသည်။ အသင်းတော်၏ မျှော်လင့်ချက်သာသနာပြုလုပ်ငန်းများကို အောင်မြင်စွာလုပ်ဆောင်ကြဖို့ ပြောကြားရင်း ဆုတောင်းပေးခဲ့ပါသည်။

 
https://www.vaticannews.va/en/pope/news/2018-11/pope-seminarians-agrigento-emmaus.html?fbclid=IwAR0-xhvZZWaB02k9xU5-x2xFlhuVpiZ3JJYn3_NwxHYo0AQ3HeHXCtiX2cU

#pope, #seminarian, #mission, #peterkm,
Photo credit to Vatican News
ဘာသာပြန်ဆိုသူ Fr. Peter Kyi Maung

Add new comment

2 + 1 =