Radio Veritas Asia Buick St., Fairview Park, Queszon City, Metro Manila. 1106 Philippines | + 632 9390011-15 | +6329390011-15
ရဟန္တာအားလုံးရဲ့ပွဲနေ့ မှာ ပုပ်ရဟန်းမင်းကြီးဖရန်စစ်ရဲ့ အန်ဂျလုစ်ဟောကြားချက်များ။
ရဟန္တာအားလုံးရဲ့ပွဲနေ့ မှာ ပုပ်ရဟန်းမင်းကြီးဖရန်စစ်ရဲ့ အန်ဂျလုစ်ဟောကြားချက်များ။
နိုဝင်ဘာ (၁)ရက်၊ ရဟန္တာအားလုံးရဲ့ပွဲနေ့ မှာ ပုပ်ရဟန်းမင်းကြီးဖရန်စစ်ရဲ့ အန်ဂျလုစ်ဟောကြားချက်များ။
ခရစ်ယာန်တွေရဲ့ ဝမ်းမြောက်ရွှင်လန်းခြင်းက ခဏတာ စိတ်ခံစားချက် ဒါမှမဟုတ် လူ့အကောင်းမြင်ဝါဒပဲ မဟုတ်ပါဘူး။ ဒါပေမဲ့ ဘုရားသခင်ရဲ့ချစ်ခြင်း၊ သူ့ရဲ့စွမ်းအားတွေနဲ့ အရာရာတိုင်းကို သေသေချာချာရင်ဆိုင်ခြင်းပဲ ဖြစ်ပါတယ်။ ရဟန္တာတွေဟာ ဒုက္ခအခက်အခဲတွေကြား မွေးဖွားလာခဲ့ ကြသလို အဲလိုဝမ်းမြောက်ရွှင်လန်းစွာနဲ့ သက်သေခံခဲ့ကြပါတယ်။ ဝမ်းမြောက်ရွှင်လန်းခြင်း မရှိရင် ယုံကြည်ခြင်းက ဖိနှိပ်တဲ့လေ့ကျင့်ခြင်းနဲ့ ဝမ်းနည်းစရာ "ဖျားနာ"တဲ့ အန္တရာယ်ထဲကို ကျရောက်သွားနိုင်ပါတယ်။ ဝမ်းနည်းခြင်းနဲ့ ဖျားနာတာ ဆိုတဲ့ စကားစုကိုပဲ ကြည့်ကြပါစို့။ သဲကန္တာရ ဘုန်းကြီး တစ်ပါးက ဘဝကို ပျက်စီးယိုယွင်းစေတဲ့ "ဝမ်းနည်းခြင်းဟာ နှလုံးသားထဲက တီကောင်" ဖြစ်တယ်လို့ ပြောဖူးပါတယ်။ ကျွန်ုပ်တို့မိမိကိုယ်ကို ဒီလိုမေးကြည့်ပါ၊ ကျွန်ုပ်တို့ဟာ ဝမ်းမြောက်ရွှင်လန်းတဲ့ ခရစ်ယာန်တွေလား။ ကျွန်ုပ်က ဝမ်းမြောက်သလား၊ ဝမ်းနည်းသလား။ ကျွန်ုပ်တို့ နာရေးသွားတဲ့ လူတွေလို ဝမ်းနည်းနေသလား၊ ထိုင်းမှိုင်းနေသလား၊ ဒါမှမဟုတ် ဝမ်းမြောက်ရွှင်လန်းခြင်းကိုပဲ ပြန့်ပွားစေသလား။ ဝမ်းမြောက်ရွှင်လန်းမှု ကင်းရင် သန့်ရှင်းမြင့်မြတ်မှု ဆိုတာဟာလည်း မရှိနိုင်ဘူးဆိုတာ သတိရ ကြပါစို့။
✍️ထန်းဟာ,SJ✍️
#RVAMyanmar #rvapastoralcare #PopeFrancis
        
     
      
Add new comment