ယေဇူးသခင်နှင့် ဗုဒ္ဓတို့သည် ငြိမ်းချမ်းရေး လူသားများ ဖြစ်ကြသည်။

ယေဇူးသခင်နှင့် ဗုဒ္ဓတို့သည် ငြိမ်းချမ်းရေး လူသားများ ဖြစ်ကြသည်။

ပုပ်ရဟန်းမင်းကြီး ဖရန်စစ်သည် ယေဇူးသခင်နှင့် ဗုဒ္ဓရှင်မြတ်တို့၏ သွန်သင်ချက်များအပေါ် ထောက်ရှုသုံးသပ်ခဲ့ကာ ထိုပုဂ္ဂိုလ်ရှင်မြတ် နှစ်ဦးစလုံးသည် “ငြိမ်းချမ်းရေး ဖော်ဆောင်သူများ၊ လူမသတ် အကြမ်းမဖက်ရေးမူအား အားပေးမြှင့်တင်သူများ” ဖြစ်ကြကြောင်း ပုပ်ဖရန်စစ်က ဆိုပါသည်။

ယေဇူးသခင်သည် ကျွန်ုပ်တို့၏ ရန်သူအား ချစ်မြတ်နိုးရန် တပည့်တော်ကြီးများအား သွန်သင်ခဲ့သလို ကားတိုင်ပေါ်၌ အသေခံသည် အထိ လူမသတ် အကြမ်းမဖက်ရေးမူအား ကျင့်ကြံနေထိုင်ခဲ့ပါသည်။
“ယေဇူးသခင်သည် ကျွန်ုပ်တို့၏ ငြိမ်းချမ်းရေး ဖြစ်လာကာ ရန်လိုအကြမ်းဖက် သတ်ဖြတ်မှုများအား အဆုံးသတ်ခဲ့ပါသည်။”ဟု ပုပ်ဖရန်စစ်က မိန့်ကြားခဲ့သည်။

ဂေါတမ ဗုဒ္ဓသည် ဘီစီ ၁၅၀၀ ခန့်၌ ရှေးခေတ် အိန္ဒိယပြည်တွင် ပေါ်ထွန်းခဲ့သော ဝိညာဉ်ရေး ဆရာသမားဖြစ်ကာ (Principle of Non-violence and Peace) လူမသတ် အကြမ်းမဖက်မူနှင့် ငြိမ်းချမ်းရေး တရားတော်အား ပင်မစွဲကိုင်ကာ စတင် သွန်သင်ခဲ့သူ ဖြစ်သည်။
ဗုဒ္ဓရှင်မြတ်သည် အောင်နိုင်ခြင်းနှင့် ကျဆုံးခြင်း ဟူသည့် သဘောတရား သတ်မှတ်ချက်ထက် ကျော်လွန်၍ ကြည့်ကြဖို့ လူအပေါင်းကို သွန်သင်ခဲ့သူ ဖြစ်ကြောင်း၊ အခြား လူပုဂ္ဂိုလ်များအား အောင်နိုင်ရန် ကြိုးစားမည့် အစား မိမိကိုယ်ကို ထိန်းချုပ်စောင့်စည်းနိုင်ဖို့ မိမိ စိတ်ဆန္ဒအား ထိန်းချုပ်ငြင်းပယ်ဖို့ သွန်သင်ခဲ့ကြောင်း ပုပ်ဖရန်စစ်က မှတ်ချက်ပြုခဲ့သည်။

“ပဋိပက္ခနှင့် စစ်ပွဲများကြောင့် ထိခိုက်ပျက်စီးနေသော ကမ္ဘာကြီး၌ ကျွန်ုပ်တို့ကဲ့သို့ ကျွန်ုပ်တို့၏ ဘာသာရေး သွန်သင်ချက် သဘောတရားများအား အလေးအနက် လိုက်နာကျင့်ကြံကြရသည့် ဘာသာရေး ခေါင်းဆောင်များ အနေဖြင့် လူသတ် အကြမ်းဖက်မှုအား ငြင်းဆန်စွန့်လွှတ်ရန်နှင့် ငြိမ်းချမ်းရေးကို အားပေးလိုလားသော ယဉ်ကျေးမှု တစ်ရပ် တည်ဆောက်ရန် ပြတ်ပြတ်သားသား ဆုံးဖြတ်လုပ်ဆောင်နိုင်ဖို့ လူသားထုတစ်ရပ်လုံး တိုက်တွန်းနှိုးဆော်ရန် ကျွန်ုပ်တို့၌ တာဝန်ရှိပါသည်။”
credit: Lawrence Jangma Mung Song

Add new comment

3 + 1 =