ယူကရိန်း၌ သွေးနှင့်မျက်ရည်ချောင်းစီးနေပြီ’ ဟုရဟန်းမင်းကြီးမိန့်ကြား

ယူကရိန်း၌ သွေးနှင့်မျက်ရည်ချောင်းစီးနေပြီ’ ဟုရဟန်းမင်းကြီးမိန့်ကြား

 

ချစ်လှစွာသော ညီအစ်ကိုမောင်နှမအပေါင်းတို့

 

            ယူကရိန်းနိုင်ငံ၌ သွေးနှင့်မျက်ရည်ချောင်းစီးနေပြီ။ ရုရှား၏ကျူးကျော်စစ်သည် စစ်ဆင်ရေး သက်သက်သာမဟုတ်။ စစ်ဖြစ်ပြီး၊ သေခြင်းကိုကြဲနေသည်။ မျက်ရည်စီးခြင်းနှင့် ဒုက္ခဝေ ဒနာများကို ထုတ် လုပ်နေသည်။ အသေအပျောက်စာရင်းများတိုးလာလျှက်ရှိသည်။ ထို့အတူ ကလေးများနှင့် မိခင် များသည် စစ်ရှောင်ရန် ထွက်ပြေးနေကြသည်။ လူသားချင်းစာနာသောကူညီမှုများလည်း အချိန်နှင့်အမျှ ဆိုးဆိုး ၀ါး၀ါးလိုအပ်လျှက်ရှိသည်။ လူမှုကူညီမှုအဖွဲ့များအားလည်း ကူညီပေး သည့်စက်ြန် ကိုဖွင့် လစ်ပေးကြရန်၊ ထိန်းချုပ်ခံထားရသည့်ဒေသအတွင်းရှိ ပြည်သူများအားလည်း အကူအညီထိ ရောက်စွာ ပေးပို့ပေးကြရန်၊ ဗုံးဆံများ၊ ကြောက် စိတ်များကြားမှ ကျွန်ုပ်တို့၏ညီအစ်ကိုမောင်နှမများကို အသက်ရှင် လျှက် ကယ်ထုတ်ပေးကြရန် ရဟန်းမင်းကြီးကအနူးအညွှတ်မေတ္တာရပ်ခံထားသည်။

            ရဟန်းမင်းကြီးက စစ်ပြေးဒုက္ခသည်များကိုလက်ခံပေးထားသူအားလည်းကျေးဇူးတင်ကြောင်း၊ လက်ကိုင် တိုက်ခိုက်နေမှုကိုရပ်တန့်ပေးပြီး၊ ဆွေးနွေးညှိနှိုင်းမှု ကိုပြုလုပ်ကြရန်၊ အမြှော်အမြင် ရှိခြင်း သည် အောင်မြင်မှုဖြစ်သည်။ နိုင်ငံတကာမှချမှတ်ထားသော ဥပဒေများကို လည်းလေး စားလိုက် နာကြရမည်။ သတင်းသမား များအားလည်းကျေးဇူးတင်ကြောင်း၊ ၄င်းတို့သည် မိမိတို့၏အသက်ကိုမငဲ့ဘဲ သတင်းအမှန်ကိုတင်ပြနိုင်ရန် ကြိုးစားအားထုတ်နေကြကြောင်း၊ ဤ၀န်ဆောင်မှု များအတွက် ညီအစ်ကို မောင်နှများကိုကျေးဇူးတင်ပါသည်။ သင်တို့တင်ပေးသော ခိုင်လုံသည့်မြေပြင်သတင်းများကြောင့် လူတို့၏အနိဌာရုံကိုသိခွင့်၊ မြင်ခွင့်ရနေရ ပြီး၊ စစ်၏ရက်စက်ယုတ်မာမှုကိုသိရကြောင်း၊ သတင်း သမား များကို ထပ်မံ‌ကျေးဇူးတင်ပါသည်။  

            ယူကရိန်းအတွက် ကျွန်ုပ်တို့အတူတကွဆုတောင်းကြပါစို့။ အလံကိုလွှင့်၍ဆုတောင်းပေးကြစို့။ ယူကရိန်းနိုင်ငံအား မှိုင်းမသောမယ်တော်ရှေ့၌ ကျွန်ုပ်တို့အတူ တကွဆုတောင်းပေးကြပါစို့။ ....

ဂုဏ်ကျေးဇူးတော်နှင့် .......

            ဗာတီကန်အနေဖြင့် ရုရှားနှင့်ယူကရိန်းတို့ကြား ငြိမ်းချမ်းရေးပြန်လည်တည်ဆောက်နိုင်ရန် မည် သည့်အရာကိုလုပ်ဆောင်ရစေကာမှု လုပ်ဆောင်ရန်အသင့် ရှိနေသည်။ ယခုရက်ပိုင်း ကာဒီနယ် (၂) ပါး အား ယူကရိန်းသို့စေလွှတ်၍ ပြည်သူများအား တတ်နိုင်သလောက်ကူညီစေခဲ့သည်။ အကူ အညီများ ကိုလည်း တစ်ပါ တည်းယူသွားပေးသည်။ အဆိုပါ ရဟန်းမင်းကြီးဖရန်စစ်မှစေလွှတ်သော ကာဒီနယ် (၂) ပါးရှိနေခြင်းသည် ရဟန်းမင်းကြီးကိုယ်တိုင်ရှိနေခြင်းလည်းဖြစ်သကဲ့သို့၊ စစ်ပွဲသည် ရူးသွပ်မှုဖြစ်သည်။ ရန်တန့်ကြပါ။ ရက်စက်ယုတ်မာလှသည့်အဖြစ်ကိုကြည့်ပါ’ ဟုနီးနီးကပ် ကပ်သွား၍ ပြောကြား လိုသော ခရစ်ယာန်များကိုလည်းကိုယ် စားပြုခြင်းဖြစ်သည်ဟုအရှင်သူမြတ်ကမြွက်ကြားခဲ့သည်။

      

အာဗီအေဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်

https://bit.ly/3ia596Z

Add new comment

8 + 4 =