ယုံကြည်ခြင်းဟာ မိသားစုကနေလက်ဆင့်ကမ်းလာသော အရာဖြစ်တယ်

ယုံကြည်ခြင်းဟာ မိသားစုကနေလက်ဆင့်ကမ်းလာသော အရာဖြစ်တယ်
ဇန်နဝါရီ ၁၃၊ ၂၀၁၉

သခင်ခရစ်တော် ဆေးကြောခြင်းခံတော်မူသောပွဲ​နေ့တွင် ကလေးသူငယ် ၂၇ ယောက်အား ရဟန်းမင်ကြီး ဖရန်စစ် အရှင်သူမြတ်မှ ဆေးကြောခြင်း ပေးခဲ့ပြီး ယုံကြည်ခြင်းဟာ မိသားစုကနေလက်ဆင့်ကမ်းလာသော အရာဖြစ်တဲ့အတွက် မိဘများမှ သာသမီးများကို ယုံကြည်ခြင်းအမွေ ပေးကြရန် မှာကြားခဲ့ပါသည်။

 

ရဟန်းမင်ကြီး ဟောကြားသောသြဝါဒတွင် မိဘများ၏ တာဝန်ဖြစ်သော ယုံကြည်ခြင်းအမွေကို နောက်မျိုးဆက်သစ်အား လက်ဆင့်ကမ်းပေးကြရန် နှင့် ယနေ့သင်တို့အသင်းတော်မှတောင်းခံ​သော ယုံကြည်ခြင်းအမွေ ကို ကလေးသူငယ်များသည် သူတို့၏ နှလုံးသား၌ သန့်ရှင်းသောဝိညာဉ်တော်ကိုခံယူရရှိကြပြီ၊ သို့သော် ယင်းယုံကြည်ခြင်းသည် ကလေးသူငယ်တို့၌ တိုးပွားကြီးထွားလာစေရန် မိဘများမှ သင်ကြားပေးကြရမည်။ ကလေးသူငယ်များ ဘာသာတရားမသင်ယူမီ အိမ်တွင်မိသားစုမှ ယုံကြည်ခြင်းကို တိုးပွားလာစေရန် သင်းကြားပေးရမည်မှာ မိဘများ၏ တာဝန်ဖြစ်ပါသည်။ အဘယ့်ကြောင့်ဆိုသော် ယုံကြည်ခြင်းသည် အိမ်တွင် မိသားစုများ တစ်ဦးနှင့်တစ်ဦး မိမိဘာသာစကား ပြောဆိုဆက်ဆံခြင်းအားဖြင့်လက်ဆင့်ကမ်းပေးသောအရာဖြစ်ပါသည်။

မိဘတို့၏ ပုံစံနမူနာကောင်းများ၊ အပြုအမူ အပြောအဆို အနေအထိုင်များမှ တဆင်​့ သင်ကြားပေးပါသည်​။ ဥပမာ ခမည်းတော် သားတော် သန့်ရှင်းသောဝိညာဉ်တော် ခရစ္စတူး အမှတ်အသားသင်ပေးခြင်မှ စတင်ကြောင်း ရှင်းပြခဲ့သည်။ ယုံကြည်ခြင်းသည် မိသားစုအတွင်း ပျော်ရွှင်သာယာသော အိမ်ထောင်ရေးအသက်တာ၊ ငြိမ်းချမ်းစည်းလုံးသောမိသားစုဘဝ၊ ယုံကြည်ခြင်းနှင့်ပြည့်ဝနေသောမိသားစုမှ သားသမီးများအပေါ် လက်ဆင့်ကမ်းသော အရာဖြစ်ပြီး ယုံကြည်ခြင်းပြည့်ဝသောမိသားစုတွင် ကလေးသူငယ်များသည် သခင်ခရစ်တော်ကို တွေ့မြင်ကြရမည်ဖြစ်သည်။

မိသားစုအတွင် အဖေ အမေ အငြင်းပွားခြင်း၊ စကားများခြင်းသည် ဖြစ်ရိုးဖြစ်စဉ်ဖြစ်သော်လည်း ကျွနု်​ပ်အကြံပေးလိုသည်မှာ သားသမီးများ မမြင်မကြားစေရန် ရှောင်ကြဉ်​ကြစေချင်ပါသည်။ သင်တို့၏ စကားများ ရန်ဖြစ်ခြင်းကြောင့် သားသမီးများ၏ နှလုံးသားတွင် ဒဏ်ရာ အနာတရများ မပေးမိကြစေရန် ရှောင်ကြဉ်​ကြရမည်။ ယင်းကဲ့သို့ရှောင်ကြဉ်​နိုင်ခြင်းသည် သားသမီးများကို မိဘများကချစ်ခြင်းမေတ္တာပြသရာရောက်​သည်​။ တနည်​းဆိုရသော် ယုံကြည်ခြင်း လက်ဆင့်ကမ်းခြင်းပင်ဖြစ်ပါသည်။

မိခင်များမှ သားသမီးများအား မိခင်နို့ရည် တိုက်ကျွေး မူနည်းပါးလာသောအလေ့အထကို ထောက်ပြလို၍ မိခင်များမှ သားသမီးကလေးငယ်များအား မိခင်နို့ရည်တိုက်ကျွေးကြရန် နှင့် ကလေးငယ်များကို သက်တောင့်သက်သာ ကြီးထွားစေရန် တိုက်တွန်းထားပါသည်။

https://www.vaticannews.va/en/pope/news/2019-01/pope-francis-baptism-of-...

#pope, #baptismofthelord, #peterkm,
Photo credit to vaticannews
ဘာသာပြန်ဆိုသူ Fr. Peter Kyi Maung

Add new comment

8 + 8 =