ယုံကြည်ခြင်းစစ်လျှင်အခြားသူများနှင့်ဝေမျှရမည်။ သို့မဟုတ်ပါကမစစ်ဟုရဟန်းမင်းကြီးမြွတ်ကြား

ယုံကြည်ခြင်းစစ်လျှင်အခြားသူများနှင့်ဝေမျှရမည်။ သို့မဟုတ်ပါကမစစ်ဟုရဟန်းမင်းကြီးမြွတ်ကြား

ယုံကြည်ခြင်းစစ်လျှင်အခြားသူများနှင့်ဝေမျှရမည်။ သို့မဟုတ်ပါကမစစ်ဟုရဟန်းမင်းကြီးမြွတ်ကြား

ဧပြီလ (၂၅) ရက်နေ့သည် အမိကက်သလစ်သာသနာတော်ကြီးအနေဖြင့် ဧဝံဂေလိကျမ်းရေးပု ဂ္ဂိုလ်လည်းဖြစ်၊ စိန့်ပေတရု၊ စိန့်ပေါလု နှင့်ဘာနဘတို့၏သာသနာပြုဖော်လည်းဖြစ်သောစိန့်မာကု၏ပွဲ နေ့ကိုကျင်းပပါသည်။ ပွဲနေ့ရှင်သည်ဘာနဘ၏ညီ၀မ်းကွဲတော်စပ်သူ လည်းဖြစ် သည်။ ရဟန်းအမျိုး အနွယ်၀င်လည်းဖြစ်သောကြောင့်ပညာတတ်အသိုင်းအ၀န်းမှဖြစ်ရာအာရမိုက်နှင့်ဂရိဘာသာစကားနှစ်မျိုးစ လုံးကိုလည်းကျွမ်း ကျင်စွာတတ်မြောက်သူဖြစ်သည်။

စိန့်မာကု၏ဧဝံဂေလိကျမ်းစာ၌ ယေဇူးသခင်၏ကယ်တင်ခြင်းလုပ်ငန်းစဉ်ကိုတင်ပြထားပုံမှာအ လွန်ရိုးရှင်းသည်။ ထိုနေ့နံနက်ရဟန်း မင်းကြီးပူဇော်သောမစ္ဆားတရား၏ရည်ရွယ်ချက်မှာ ကိုရိုနာဗိုင်း ရပ်စ်ကြောင့်အချို့နိုင်ငံများတွင်အတုံးအရုံးကွယ်လွန်နေကြပြီး၊ ၀မ်းနည်းကြေ ကွဲစွာဖြင့်သဂြိုလ်နေကြ ရသောနိုင်ငံများမှမိသားစု၀င်များအတွက်ပူဇော်ပေးခဲ့သည်။ ထိုအခြေအနေမျိုးနှင့်ကြုံတွေ့နေရသော သူများအတွက် လည်းဆုတောင်းပေးရန်မေတ္တာရပ်ခံခဲ့သည်။

ထိုနေ့၌ဖတ်ရှုခဲ့သောဧဝံဂေလိကျမ်းမှာယေဇူးသခင်ကတပည့်တော်ကြီးများအားကမ္ဘာအရပ်ရပ် သို့သွား၍ဧဝံဂေလိတရားကိုကြေငြာ ဟောပြောရန်စေလွှတ်သည့်အကြောင်းဖြစ်သည်။ ကျမ်းချက်သည် အလွန်ရိုးရှင်းသည်။ ရှည်လည်းမရှည်လွန်းပေ။ အချိန်ရှိလျှင်ထပ်ထပ်ပြန်ဖတ် သင့်သည်။ ယေဇူးသခင် ၏သက်တော်စဉ်ကိုရိုးရှင်းစွာတင်ပြထားပုံကိုဖတ်ရသည်မှာအလွန်နှစ်သက်ဖွယ်ဖြစ်သည်။

ယေဇူးသခင်တပည့်တော်ကြီးတို့အားစေလွှတ်ခြင်း၌ ယုံကြည်ခြင်းရှိသောသာသနာပြုတို့၌အပြု အမူ၊ စိတ်နေစိတ်ထားကိုမြင်တွေ့ရ မည်ဖြစ်သည်။ ယုံကြည်ခြင်းသည်သာသနာပြုခြင်းဖြစ်သည်။ သို့မ ဟုတ်လျှင်ယုံကြည်ခြင်းမဟုတ်။ ယုံကြည်ခြင်းသည်ကျွန်ုပ်အတွက်သာ မ ဟုတ်။ မဖြစ်ရ။ ကျွန်ုပ်၏ယုံ ကြည်ခြင်းသည်ကျွန်ုပ်၌ကြီးထွားလာရမည်ဟုဆိုလျှင်လွဲချော်သောအတွေးအခေါ်ဖြစ်သည်။ ယုံကြည် ခြင်းသည် မိမိထံမှထွက်သွားရန်အစဉ်တိုက်တွန်းလေ့ရှိသည်။ ထွက်သွားရမည်။ ထို့နောက်ယုံကြည်ခြင်း ကိုလက်ဆင့်ကမ်းပေးရမည်။ ယုံကြည်ခြင်းသည် လက်ဆင့်ကမ်းပေးရမည်။ မိမိ၏ကောင်း သောပုံသက်သေကောင်းဖြင့်လက်ဆင့်ကမ်းပေးရမည်ဖြစ်သည်။

ရဟန်းမင်းကြီးကဥရောပတိုက်မှရဟန်းတစ်ပါးက သူနေထိုင်သောမြို့ထဲရှိလူများ၏ဘုရားသခင် ကိုမယုံကြည်ကြသည့်အကြောင်းကို ရင်ဖွင့်ပြောပြခဲ့ဖူးပါသည်။ အဘယ်ကြောင့်ဆိုသော်ခရစ်ယာန်ုဟုခံ ယူထားသူများသည်ယုံကြည်ခြင်းမရှိကြ။ အကယ်၍သူတို့ယုံကြည်ခြင်းရှိလျင် ထိုယုံကြည်ခြင်းကိုအမှန် ပင်ဝေမျှကြပေလိမ့်မည်။ ယုံကြည်ခြင်းသည်ရိုးရာယဉ်ကျေးမူမဟုတ်။ တစ်နည်းဆိုသော်မိရိုးဖလာမဟုတ်။ ယုံကြည် ခြင်းသည်အနှစ်ဖြစ်သည်။ဝေမျှရမည်။ ဤသို့ဆိုသော်အားလုံးသည်ရေခြားမြေခြား သို့သွား၍သာ သနာပြုရန်အခေါ်ခံရသည်ဟုမဆိုလို။ ရေ ခြားမြေခြားသို့သာသနာပြုသွားရန်မှာသာသနာပြုဘ၀၏တစ်စိတ်တစ်ပိုင်းဖြစ်သည်။ ယခုဆိုလိုသည်မှာအကယ်၍သင်သည်ယုံကြည်ခြင်းရှိလျင် သင့်အတွင်းမှထွက်၍သင်၏ယုံကြည်ခြင်းအဘယ်သို့ရှိသည်၊ ဖြစ်သည်၊ ကျင့်သည်ကိုအများမြင်သာစေရ မည်။

ရဟန်းမင်းကြီးကဆက်လက်၍ ယုံကြည်ခြင်းကိုဝေမျှသည်ဟုဆိုရာ၌အတင်းအကြပ်သွပ်သွင်း ခြင်းကိုဆိုလိုသည်မဟုတ်။ ကျွန်ုပ်တို့ ထံမှဧ၀ဂေလိအလင်းတန်းနှင့်တန်ဖိုးများကိုဖော်ထုတ်ပြသ၍မြင် တွေ့သွားစေပါ။ ဤသို့ဖြင့်သန့်ရှင်းသောဝိညာဉ်တော်သည် ကျွန်ုပ်တို့၏ယုံ ကြည်ခြင်းအလင်းကိုမြင် တွေ့သွားသောသူများအပေါ်သို့အလင်းကျေးဇူးပေးမည်ဖြစ်သည်။ အစေခံသည်ဆိုရာ၌ဘ၀၏ရှင်သန် နည်းဖြစ်သည်။ ဥပမာအားဖြင့်ကျွန်ုပ်သည်ခရစ်ယာန်ဟုဆိုကာ ရှင်သန်နေသောအသက်တာသည်ဘုရားမသိသောသူတစ်ဦးကဲ့သို့ဖြစ်နေပါလျှင် နည်းလမ်းမကျ ပေ။ ဤဘ၀နေထိုင်နည်းသည်အဘယ်သူကိုမျှစိတ်၀င်စားစေလိမ့်မည်မဟုတ်။ ကျွန်ုပ်သည်ခရစ်ယာန်တစ်ဦးဖြစ်သကဲ့သို့ခရစ် ယာန်တစ်ဦးကဲ့ သို့ရှင်သန်ကျင့်ကြံပါက သင့်ကိုမြင်သူများအားစိတ်၀င်စားသွားစေမည်။ ဤသို့ဖြစ်ခြင်းကိုသက်သေခံသည်ဟု ခေါ်သည်။

ယုံကြည်ခြင်းသည်ဝေမျှရန်ဖြစ်သည်။ အတင်းနားချရန်မဟုတ်။ သို့သော်တန်ဖိုးရှိသောအရာကို ပေးကမ်းရန်ဖြစ်သည်။ ဤတရားကို ရှင်ပေတရုဩဝါဒစာပထမစောင်တွင်ဖော်ပြထားပါသည်။
ငယ်ရွယ်သောသင်တို့၊ အကြီးအ
ကဲများကိုနာခံကြလော့။ သင်တို့အားလုံးသည် နှိမ့်ချစိတ်ဖြင့်လွှမ်းခြုံလျက် တစ်ဦးကိုတစ်ဦးဆက်ဆံကြလော့။

အကြောင်းမူကားဘုရားသခင်သည်မောက်မာထောင်လွှားသောသူ တို့ကို ဆန့်ကျင်၍နှိမ့်ချသောသူတို့အားကျေးဇူးတော်ကိုပေးသနားတော်မူ၏။ ထို့ကြောင့်ဘုရား သခင် ၏ဘုန်းတန်ခိုးတော် ရှေ့မှောက်၌ ယခုပင်ဦးညွှတ် ပျပ်၀ပ်ကြလော့။ သို့ဖြစ်လျှင်ကိုယ်တော်သည်သင့်လျှော်သောအချိန်၌ သင်တို့ကိုချီးမြှောက်တော်မူလိမ့်မည်။

ကိုယ်တော်သည်သင်တို့ကိုဂရုစိုက် တော်မူသောကြောင့်သင်တို့၏ပူပန်သောကများအားလုံးကိုကိုယ်တော့်ထံ၌အပ်နှံကြလော့။ (ရှင်ပေတရုဩဝါဒစာပထမစောင် ၅:၅-၇) ယေ ဇူးသခင်သည်ကျွန်ုပ်တို့နှင့်အတူကမ္ဘာကုန်သည့်တိုင်အောင်ရှိနေမည်ဟုကတိထားခဲ့သည်။ ဆိုလိုသည်မှာကျွန်ုပ်၏ယုံကြည်ခြင်းကိုအခြား သူများ နှင့်ဝေမျှခြင်းဖြင့်ကျွန်ုပ်သည်မည်သည့်အခါမျှတစ်ဦးတည်းဟုမခံစားရ။ ကျွန်ုပ်အားယုံကြည်ခြင်းမျိုးစေ့ထည့်သွင်းပေးသော သခင်သည်ကျွန်ုပ် နှင့်အတူရှိနေတော်မူသည်။ အဘယ်ကြောင့်ဆိုသော်သူကိုယ်တော်တိုင်ကတိထားခဲ့သောကြောင့်ဖြစ်သည်ဟုထောက်ရှုခဲ့ပါသည်။

ဘာသာပြန် ဖာသာရ်ကလဲမင့်အားတယ်

https://bit.ly/2SdMTNH

Add new comment

1 + 0 =