ယုံကြည်ခြင်းကို လက်ဆင့်ကမ်းသယ်ဆောင်

ယုံကြည်ခြင်းကို လက်ဆင့်ကမ်းသယ်ဆောင်

အရေးကြီးတာက သင့်ဘဝရဲ့ ယုံကြည်ချက်နဲ့ ယုံကြည်ခြင်းကို လက်ဆင့်ကမ်း သယ်ဆောင်ဖို့ပါ၊ ကလေးတွေက မိဘတွေရဲ့ချစ်ခြင်းနဲ့ အိမ်ရဲ့ငြိမ်းချမ်းမှုကို ကြည့်ကြတယ်၊ အဲဒီမှာ သခင်ယေဇူးကို မြင်ကြတယ်။ ပြီးတော့ ကျွန်ုပ် အကြံဉာဏ် တချို့ ပေးချင်ပါတယ်။ ပြောရမှာတော့ ဝမ်းနည်းပါတယ်။ ဒါပေမဲ့ ကျွန်ုပ် ဒီဟာကို တိုက်တွန်း နေတာပါ။ ဘယ်တော့အခါမှ ကလေးတွေရှေ့‌မှောက် မှာရန်မဖြစ်ကြပါနဲ့။ ဘယ်တော့မလုပ်ပါနဲ့။ ဇနီးမောင်နှံ (မိသားစုဝင်) တွေ စကားများတတ် ကြတာ သဘာဝပါ။ ပုံမှန်ပဲ ဖြစ်ပါတယ်။ တစ်ခါမှလည်း စကားများတာတွေ မရှိရင်တော့ ထူးဆန်း နေပါလိမ့်မယ်။ စကားများပါ။ ဒါပေမဲ့လည်း အဲဒါကို ကလေးတွေ မကြား၊ မမြင်ပါစေနဲ့။ စကားများတဲ့ မိဘတွေကို တွေ့ကြုံရတဲ့ကလေးတစ်ယောက်ဟာ ဘယ်လောက် အထိတောင် ဝမ်းနည်းကြေကွဲ နေမလဲ ဆိုတာကို သင်မသိနိုင်ပါဘူး။ ဒီဟာက သင့်ယုံကြည်ခြင်းကို လက်ဆင့် ကမ်းသယ်ဆောင်နိုင်အောင် ကူညီပေးဖို့ အကြံဉာဏ်တစ်ခုပဲ ဖြစ်ပါတယ်။

✍️ ထန်းဟာ,SJ

#rvamyanmar #rvapastoralcare #PopeFrancis

Add new comment

8 + 8 =