မြောက် မာချေဒီုးနီးယား နိုင်ငံသို့ ရောက်ရှိနေသော ပုပ်ရဟန်းမင်းကြီး ဖရန်စစ်အရှင်သူမြတ် မေလ ၇ ရက် လူထုပရိတ်သပ် နှင့်ဟောကြားသော တရား

မြောက် မာချေဒီုးနီးယား နိုင်ငံသို့ ရောက်ရှိနေသော ပုပ်ရဟန်းမင်းကြီး ဖရန်စစ်အရှင်သူမြတ် မေလ ၇ ရက် လူထုပရိတ်သပ် နှင့်ဟောကြားသော တရား

မြောက် မာချေဒီုးနီးယား နိုင်ငံသို့ ရောက်ရှိနေသော ပုပ်ရဟန်းမင်းကြီး ဖရန်စစ်အရှင်သူမြတ် မေလ ၇ ရက် လူထုပရိတ်သပ် နှင့်ဟောကြားသော တရား
မေလ ၇၊ ၂၀၁၉

မြောက် မာချေဒီုးနီးယား နိုင်ငံသို့ ရောက်ရှိနေသော ပုပ်ရဟန်းမင်းကြီး ဖရန်စစ်အရှင်သူမြတ် မေလ ၇ ရက် လူထုပရိတ်သပ် နှင့်ဟောကြားသော တရား တွင် ငါသည် အသက်မုန့်ဖြစ်၏ ငါ့ထံသို့လာသောသူသည်မည်သည့်အခါမျှ ဆာငတ်ခြင်းရှိလိမ့်မည် မဟုတ် ဟုသော ကျမ်းပိုဒ်ကို အခြေခံပြီး လူတို့နှလုံးသားမှ စာလောင်မှုကိုဖြည့်စည်းပေးနိုင်သော အသက်မုန့်တော် နှင့် သခင်ခရစ်တော်၏ နောက်လိုက်များမှ မိမိတို့ညီကိုယ်မောင်​နှမများ၏ ဆာလောင်မှုကို ယင်းအသက်မုန့်ဖြင်သာလျှင် နှစ်သိမ့်မှုကို ပေးနိုင်မည်ဖြစ်ကြောင်း ဟောကြားခဲ့ပါသည်။

သခင်ခရစ်တော်က မိမိကိုယ်ကို ချိုးဖဲ့ပြီး တစ်​ပါးသူအတွက် ပေးဆပ်ခဲ့သလို ဒီ မှာရှိနေတဲ့ ကက်လစ်ခရစ်ယာန်တို့ သခင်ခရစ်တော်ကို စံနမူနာယူပြီး ပေးဆပ်ကြရမယ်။ နှလုံးသားထည်းမှ ဆာလောင်ခြင်းသည် ဘုရားကို ဆာလောင်ခြင်း၊ ညီကိုယ်မောင်နှမ ချစ်ခြင်းမေတ္တာကိုဆာလောင်ခြင်း၊ ပျော်ရွှင်မှုကို ဆာလောင်ခြင်း၊ ဘုရားနှင့် ထိတွေမှုကို ဆာလောင်ခြင်း ဖြစ်တယ်။ အခြားတဖက်မှာလည်း လောက လောက်သာတွေးပြီး လောက ဆာလောင်မှုလောက်မှာသာ လမ်းဆုံးနေကြရင် တကယ်စစ်မှန်သော အရာကို ရရှိနိုင်မှာမဟုတ်သလို စစ်မှန်သော ကြေနပ်မှုကိုလည်း ရရှိခံစားနိုင်မှာ မဟုတ်ပါဘူး။ စစ်မှန်သော စာလောင်မှု ဝိညာဉ်အသက်တာ ဆာလောင်မှု နှင့် အစစ်မှန်သော လောက အသက်တာ ဆာလောင်မှုကို ခွဲခြားသိမြင်ရမယ်။

ကက်သလစ်ခရစ်ယာန်တို့ ကမ္ဘာလူသားများ သင်တို့ကြောင့် ဘုရားသခင်ရဲ့ နိုင်ငံတော်၊ ကောင်းကင်နိုင်ငံတော်ကို ဆာလောင်ကြပါစေ၊ သင်တို့ကို၌က သင်တို့၏ အတ္တမာန၊ လောဘ၊ ဒေါသ၊ တကိုယ်ကောင်းဆန်မှု၊ မရိုမသေ မလေးမစားလုပ်မှု၊ လစ်လျှူ ရှု ခြင်း၊ သနား ကြင်နာမှုကင်ခြင်း စသည့် မိမိရဲ့ အကျင် ဇရိုက်တွေကို ချိုးဖျက်ပြီး တစ်​ပါသူနှင့် ချစ်ခင်ရင်နှီးခြင်း၊ ပြောဆိုဆက်ဆံခြင်း၊ နှလုံးသားတံခါ ဖွင့်ထားခြင်းတို့ဖြင့် မိမိပတ်ဝန်းကျင်ကို ကောင်းမြတ်မှုတွေဝေမျှပေးရင် ကောင်းမြတ်မှု၊ သမားကြင်နာမှုကို ဆာလောင်စေသော နေရာဖြစ်စေရမယ်။

အထူးသဖြင့် အဖ ခမည်းတော်၏ သနားကြင်နာမှုကို အစွန့်ပြစ်ခံများ၊ မေ့လျှော့ခံများ၊ ဒုက္ခရောက်နေသူများ ဆင်ရဲးသားများကို ဝေမျှပေးကြရမယ်။ မေစ္ဆားတရား ပူဇော်ခြင်းမှာ ဘုရားသခင် သူ သွေးသားကိုပေးပြီး၊ ကျွနုပ်တို့အချင်းချင်း ကိုလည်းဝေမျှကြဖို့ ဖိတ်ခေါ်နေတယ်၊ ခရစ်ယာန်တွေ ဝေမျှ ပေးကန်းသူတွေဖြစ်ကြရမယ်။ အသက်ပေးသော မုန့်တော် ဆိုတာ သနားကျင်နာခြင်း၊ ဖေမကူညီစောင့်ရှောက်ခြင်း၊ ရက်ရေားစွာပေးကမ်းခြင်း၊ တစ်​ပါးသူကိုအစေခံခြင်း စသည့် ဆိုလိုရင်ဖြစ်တာကို လေးနက်စွာနားလည်ကြရမယ်။

သင်တို့ နိုင်ငံသူ မာသာတရေဇား ၏ လုပ်ဆောင်ခဲ့သော၊ နေထိုင်ရှင်သန်ခဲ့သော အသက်တာဟာ အသက်ပေးသော မုန့်တော် အသက်တာဖြစ်တယ်။ သူမက လူတို့ရဲ့ဆာလောင်မှု အစစ်ကို ရှာဖွေတွေ့ရှိခဲ့ပြီး နှစ်သိမ့်မှုပေးနိုုင်ခဲ့သူဖြစ်တယ်။ သူမအသက်တာမှာ ဘုရားကို ချစ်ခြင်း နှင့် လူသားများကို ချစ်ခြင်းဟာ တစ်ထပ်တည်းကျ ခဲ့တယ်၊ ဆင်းရဲးသားဒုက္ခရောက်သူတွေကို သခင်ခရစ်တော် အဖြစ်မြင်နိုင်ခဲ့တယ်။ လူတိုင်မှာ သခင်ခရစ်တော် ကို မြင်နိုင်းခြင်းက လူတိုင်မှာရှိတဲ့ ဘုရားကို မြင်နိုင်ခြင်းပါပဲ။

 

https://www.vaticannews.va/en/pope/news/2019-05/pope-francis-north-maced...

#pope, #visit, #northmacedonia, #peterkm,
Photo credits to Vatican News
ဘာသာပြန်ဆိုသူ Fr. Peter Kyi Maung

Add new comment

1 + 0 =