မြောက် မာချေဒီုးနီးယား နိုင်ငံသို့ ရောက်ရှိနေသော ပုပ်ရဟန်းမင်းကြီး ဖရန်စစ်အရှင်သူမြတ် လူငယ်များနှင့် တွေ့ဆုံခြင်း

ပုပ်ရဟန်းမင်းကြီး ဖရန်စစ်အရှင်သူမြတ် လူငယ်များနှင့် တွေ့ဆုံခြင်း

မြောက် မာချေဒီုးနီးယား နိုင်ငံသို့ ရောက်ရှိနေသော ပုပ်ရဟန်းမင်းကြီး ဖရန်စစ်အရှင်သူမြတ် လူငယ်များနှင့် တွေ့ဆုံခြင်း
မေလ ၇၊ ၂၀၁၉

မြောက် မာချေဒီုးနီးယား နိုင်ငံသို့ ရောက်ရှိနေသော ပုပ်ရဟန်းမင်းကြီး ဖရန်စစ်အရှင်သူမြတ် အင်္ဂါနေ့ နေ့လည်ခင်း၌ လူငယ်များ နှင့် တွေ့ဆုံခြင်းတွင် စိတ်ကူအိမ်မက်များကို ရပ်တန့်မပြစ်ကြဖို့ ပြေားကြားခဲ့ပါသည်။

စိတ်ကူးအိမ်မက်တွေက ကျွနုပ်တို့ဘဝတွေကို အသက်ဝင်နေစေတယ်၊လက်တွေလုပ်ဆောင်ရမဲ့ အခြေအနေတွေမှာ ဖြစ်နိုင်ခြေတွေကို ဖန်တီးပေးတယ်။

စိတ်ဆုံးဖြတ်​နှစ်မြုပ် လုပ်ကိုင်ခြင်း၊ စိတ်ရှည်ခြင်း နှင့် မျှော်လင်ခြင်း တွေနဲ့ စိတ်ကူးအိမ်မက်တွေကို အကောင်အထည်ဖော်ခြင်းမှာ စိတ်ကူးအိမ်မက်တွေ လက်တွေ့ဖြစ်ပေါ်လာတယ်။ သင်အမှာတွေပြုလုပ်မိမှာကို ဘယ်တော့မှ မကြောက်ပါနဲ့၊ သင်အမှာတွေပြုလုပ်မိရင်တောင်မှ မင်း ကိုယ်မင်ပြန်လည် တည့်မတ်ပြီး အမြဲးအသစ်ကနေပြန်စနိုင်တယ်။ မျှော်လင့်ချက်တွေ စိတ်ကူ အိမ်မက်တွေ တွေခေါ်ကြံဆဖို့ ဘယ်သော အခါမျှ မကြောက်ပါနဲ့။

မာသာတရေဇား လို ဘဝကို မိမိလက်နဲ့ လက်တွေ လှပတဲ့အရာတစ်ခုဖြစ်လာအောင် လုပ်ဆောင်ရမယ်။ မာသာတရေဇား ဟာ စိတ်ကူးအိမ်မက်အကြီးကြီးရှိခဲ့တယ် အဲ့တာကြောင့်လည်း သူမ ကြီးကြီးမားမားချစ်နိုင်ခဲ့ခြင်းဖြစ်တယ်။ မာသာတရေဇား က ဘုရားရဲ့လက်ထဲက ခဲတံ လေး ဖြစ်ခြင်ခဲ့တယ်။ အဲ့ဒီ ခဲတံလေးနဲ့ အံသြဖွယ်ရာ သမိုင်းတစ်ခုကို ဘုရားသခင် စတင်ရေးသားခဲ့ခြင်းမှာ ဖြစ်ပေါ်စေခဲ့တယ်။

လူတစ်ယောက် အိမ်မက်တွေ အကောင်အထည်ဖော်ဖို့ အပေါင်းအသင်းအဖွဲ့အစည်း အကူအညီတွေ လိုအပ်ပါတယ် ဒါကြောင့် စိတ်ကူအိမ်မက်တွေ အတူ ရှိကြခြင်းက အကြိုးရှိသော လုပ်ရပ်ဖြစ်တယ်။ စိတ်ကိုယ်တူ စိတ်ကူးတူကြသူတွေ ပိုပြီး စည်းလုံးတယ် အောင်မြင်တယ် ၊ သူတို့အချင်းချင်းဘယ်တော့မှ မဆန့်ကျင်ကြဘူး။

လူတွေနဲ့တွေဆုံပြောဆိုခြင်း ဆွေးနွေးတိုင်ပင်ခြင်း၊ တွေက အကောင်းဆုံး သင်ကြားခြင်းတွေဖြစ်တယ်။ ဒီဂျစ်တယ်ခေတ်တွင် မွေးဖွားကြီးပြင်လာကြပေးမဲ့ တကယ့် ဆက်သွယ်ဆက်ဆံရေးရဲ့ အနှစ်သာရကို အနည်းငယ်သာသိကြတယ်။ တယောက်နဲ့တစ်ယောက်က ချိတ်ဆက်နေမှုသာရှိတယ် တကယ့် ထည်းထည်းဝင်ဝင် သိကျွမ်းမှုဆိုတာမရှိကြပါဘူး။ တယောက်နှင့်တစ်ယောက် အပြန်အလှန် သိရှိနားလည်ဖို့ စိတ်ရေားကိုယ်ပါ လုပ်ဆောင်ဆောင်မှရတယ် ဒါဟာ ဆက်သွယ်ပေါင်းသင် ဆက်ဆံရေးပါပဲ၊ အဲ့ဒီမှာ တယောက်နဲ့တစ်ယောက်ပိုမိုကြွမ်းဝင်လာမှုကိုတွေ့ရမယ်။

အသက်ကြီးသူတွေနဲ့စကားပြေားကြပါ သူတို့ကို နားထောင်ကြပါ။ သူတို့ရဲ့ဘဝအတွေ့အကြုံတွေကို နားထောင်ကြပါ ဘာဖြစ်လို့လည်းဆိုတော့ သူတို့မှာ ကြီးမားတဲ့ အတွေ့အကြုံတွေနဲ့ ဉာဏ်ပညာတွေ ပုန်းအောင်းနေတတ်​လို့ပါပဲ။ အဲ့ဒီအရာတွေကို အသိအမှတ်ပြုရယူ အသုံးပြုကြပါ။

သင့်တစ်ယောက်တည်း သင့်အိမ်မက် အကောင်းအထည်ဖော်ခြင်းမှာ စိတ်ဓာတ်ကျနေပြီ၊ မရုံးကန်နိုင်တော့ဘူးလို့ခံစားရရင် အပေါင်းအသင်းမိတ်ဆွေတွေစီသွားပါ၊ အဖွဲ့အစည်းတွေစီကိုသွားပါ တစ်ယောက်နဲ့တစ်ယောက် လက်တွဲကူညီဖေးမကြပါ၊ သင်အိမ်မက်တွေကို ဆက်လက်ရှင်သန် နေစေခြင်သူတွေရှိတယ်​ဆိုတာကို ခံစားကြည့်ပါ ဟု ပုပ်ရဟန်းမင်းကြီး ဖရန်စစ်အရှင်သူမြတ်မှ လူငယ်များနှင့် တွေ့ဆုံခြင်းတွင်ပြောကြား ခဲ့ပါသည်။

https://www.vaticannews.va/en/pope/news/2019-05/pope-francis-north-maced...

#pope, #visit, #northmacedonia, #youth, #peterkm,
Photo credits to Vatican News
ဘာသာပြန်ဆိုသူ Fr. Peter Kyi Maung

Add new comment

2 + 5 =