မြန်မာနိုင်ငံ ရှိ မိဘမဲ့ကလေးတို့၏မျှော်​လင့်ချက်

စက်တင်ဘာလ ၁၀၊ ၂၀၁၈
https://www.vaticannews.va/en/church/news/2018-09/myanmar-orphans-hope-s...
#myanmar, #stmary, #orphanage, #girls, #sisters, #peterkm,
Photo credit to vaticannews
ဘာသာပြန်ဆိုသူ Fr. Peter Kyi Maung

မြန်မာနိုင်​ငံ ရန်ကုန်မြို့ဆင်ခြေဖုန်းရပ်ကွက် တစ်​ခုတွင်ရှိသော သူတော်စင်​မ မာရီယား အမည်ရှိ မိဘမဲ့ အမျိုးသမီးငယ်လေးများ စောင့်ရှောက်ရေးဂေဟာသည် အသက် ၃ နှစ်မှ ၂၀ ရှိ အမျိုးသမီးငယ် ၁၂၆ ဦး၏ လှပသော အနာဂတ် နှင့်မျှော်လင့်ချက်များကို ကရုနာတရား၊ သနားကြင်​နာမှုများဖြင့် မယ်တော်သခင်မ၏ အစေပါးများ ဂိုဏ်​းဝင်​ စစ္စတာ ၈ ပါး၏ အကူအညီအစောင့်အရှောက်ဖြင့် ဖော်ထုတ်ပေးနေသော နေရာဖြစ်ပါသည်။ မြန်မာနိုင်ငံသည် ဖွံဖြိုးဆဲ အခြေအနေတွင်သာရှိနေသေး​သောနိုင်ငံတစ်​ခုဖြစ်ပါသည်။ Fr. Singa Rayar ၏ ကူညီမှုဖြင့်ရရှိနေထိုင်နေသော မြေဧက ၅၀ ကျယ်ဝန်းသော နေရာတွင် လိုအပ်သော သီးနှံများကို စိုက်ပျိုးခြင်းဖြင့် ရရှိလာသော ဟင်သီးဟင်းရွက်များဖြင့် နေစဉ် လူ ၁၅၀ စာကို ကိုထူကိုယ်ထနည်းဖြင့် ရှာဖွေစားသောက်နေရသော မိဘမဲ့ဂေဟာလေးဖြစ်ပါသည်။ ယင်းမိဘမဲ့ ဂေဟာလေးတွင် ကက်သလစ်ခရစ်ယာန်ကလေးငယ် အများစု၊ ဗုဒ္ဓဘာသာဝင်ကလေးငယ်၊ မွတ်စလင်ဘာသာဝင်ကလေးငယ်၊ ဗမာ၊ ရခိုင်၊ ချင်း၊ ကချင်၊ ကယား၊ ကရင် နှင် ဝ တိုင်ရင်းသား အမျိုးသမီးငယ်လေးများ ကို စောင့်ရှောက်ပေးထားသောနေရာဖြစ်ပါသည်။ လူမျိုးမတူ ဘာသာမတူသော်​လည်း ကလေးငယ်များကြားတွင် ပြသနာကင်းရှင်းလျှက် ငြိမ်းချမ်းစွာ အတူတကွနေထိုင်နေကြပါသည်။ သူတို၏ ပါးပေါ်တွင် သနားခါးလိမ်းခြင်း အလေ့အထ ကိုလည်းတွေမြင်ရသည်​။ ယင်းမိဘမဲ့ အမျိုးသမီးငယ်လေးများဂေဟာတွင် ပညာရေးကို အားလုံးအတွက်ပေးလျက်​ရှိသည်။ တက္ကသိုလ် ထိဆက်လှမ်းနိုင်သူများကို ဆက်လက်တက်လှမ်းစေပြီး မတက်လှမ်းနိုင်သူများကို အသက်မွေးဝမ်းကြောင်း ပညာအဖြစ် ဟော်တယ်ဝန်ထမ်း​ပညာ၊ သူနာပြုပညာ၊ ဇာထိုးပန်းထိုးပညာ၊ စက်ချုပ်ပညာ၊ အချက်အပြုတ်​ပညာ၊ ကွန်ပျူတာ ဆိုင်ရာ နည်းပညာများကို ဘဝရပ်တည်မှု့အတွက် သင်ကြားပေးကြပါသည်။ သူတို့တတ်​ကျွမ်းသော အရာပေါ်အခြေခံ ပြီး မိမိဘဝ မိမိကိုယ်​​တိုင်ရပ်တည်နိုင်ရန် အလုပ်တစ်​ခုကို စစ္စတာ များမှ ရှာဖွေ​ပေးပြီး သူတို့ ဘဝများကို မြင့်တင်ပေးကြပါသည်။ နိုအယ်လ် အမည်ရှိလူငယ်တစ်ဦး​မှလည်း မိမိကျွမ်းကျင်သော ဂီတပညာဖြင့် ယင်းအမျိုးသမီးငယ်လေးများကို ကူညီသင်ကြားပေးနေပါသည်။ သူ၏ ရည်ရွယ်ချက်သည် မိဘမဲ့ကလေးငယ်များဖြင့် အောင်မြင်သော ဂီတအဖွဲ့တခုထူထောင်ရန် ရည်ရွယ်ထားကြောင်​းပြောပြခဲ့ပါသည်။ ယင်းဂေဟာမှာ ​နေထိုင်ခဲ့ဖူးသော သူများ၊ မိမိဘဝကို ရပ်တည်နိုင်သွားကြသူများသည် ​ယင်းကျောင်းဂေဟာလေးသို့ မိမိတို့တတ်​နိုင်သမျှ အကူအညီများပြန်လည်ပေးကြကြောင်း၊ မိမိ တို့ဘဝအခက်အခဲကြုံရလျှင်လည် စစ္စတာ များထံမှ အကြံဉာဏ်အကူအညီများတောင်းခံကြကြောင်းများကိုလည်း ဖော်ပြထားပါသည်။ ယင်းကျောင်းဂေဟာလေးသည် မျော်လင့်ချက်မဲ့ နေသူအမျိုးသမီးငယ်လေးများအတွက် မျော်လင်ချက်ပေးစွမ်းနိုင်သော နေရာလေးတစ်​ခုအဖြစ်တည်ရှိနေပါသည်။
ဗာတီကန်သတင်းဌာနမှ ကောက်နုတ်​ေ​ဖာ်ပြပါသည်။

 

Add new comment

1 + 0 =