မျှော်​လင့်ခြင်း၏ အစေခံဖြစ်ရခြင်းအတွက်ကျွနု်​ပ်ကျေးဇူးတင်ပါသည်

ပုပ်ရဟန်းမင်းကြီး ဖရန်စစ် အရှင်သူမြတ် မော်ရောကို ခရီးစဉ်

မျှော်​လင့်ခြင်း၏ အစေခံဖြစ်ရခြင်းအတွက်ကျွနု်​ပ်ကျေးဇူးတင်ပါသည်
မတ်လ ၃၁၊ ၂၀၁၉

 

ပုပ်ရဟန်းမင်းကြီး ဖရန်စစ် အရှင်သူမြတ် မော်ရောကို ခရီးစဉ် အပိတ် မစ္ဆားတရားတွင် ခရီးစဉ်အတွက် ပြင်ဆင်ခဲ့ကြသူ အားလုံးကိုကျေးဇူးတင်ခဲ့ပါသည်။ ကျွနု်​ပ်ကို ဒီခရီးစဉ် စီစဉ်ပြင်ဆင်ပေးပြီး သင်တို့နှင့်အတူရှိခွင်ရခြင်း၊ မျှော်လင့်ခြင်း၏ အစေခံဖြစ်ရခြင်းအခွင့်ကိုပေးသော ဘုရားသခင်အားဘုန်း​​တော်​ဂုဏ်တော်ရှိပါစေ။ ကျွနု်​ပ်ကို ဖိတ်ကြားခဲ့သော ဆဌမမြောက် အရှင်ဘုရင်မင်းမြတ် မိုဟာမက် နှင့် တာဝန်ရှိပုဂ္ဂိုလ်များ၊ နေရာအသီးသီးမှပါဝင်ကူညီလုပ်ဆောင်ခဲ့ကြသူများကို ​ကျေးဇူးတင်ပါသည်။ အသင်းတော်၏ အသက်နှင့် သာသနာပြုလုပ်ငန်းအတွက် မော်ရောကိုတွင်ရှိသော ဆရာတော်ကြီးများ၊ ဘုန်းတော်ကြီးများ၊ သူတော်စင်​ အသင်းဂိုဏ်းဝင်များ နှင့် ဘာသာဝင် ညီကိုမောင်နှအပေါင်းကိုလည်းကျေးဇူးတင်ကြောင်းနှင့် ကျွနု်​ပ်တို့အတူတကွ ဝေမျှကြသော ကရုဏာလုပ်ငန်း၊ မျှော်လင့်ခြင်း နှင့်ယုံကြည်ခြင်းတို့အတွက် အထူးကျေးဇူးတင်ပါသည်။ ဆက်လက်ပြီး ဘာသာမတူသူညီကို​မောင်နှမတွေကြား ပြောဆိုဆွေး​နွေးခြင်းအမူ၌ ဇွဲလုံ့လရှိကြဖို့ တိုက်တွန်း ကျေးဇူးတင်ခဲ့ပါသည်။

 

https://www.vaticannews.va/en/pope/news/2019-03/pope-francis-closing-tha...

#pope, #morocco, #visit, #peterkm,
Photo credits to Vatican News
ဘာသာပြန်ဆိုသူ Fr. Peter Kyi Maung

Add new comment

3 + 3 =