မျှော်လင့်ခြင်းဖြင့် လူလူချင်းဆက်သွယ်ပေးသော တံတားများတည်ဆောက်ကြပါ

ပုပ်ရဟန်းမင်းကြီး ဖရန်စစ်အရှင်သူမြတ်

မျှော်လင့်ခြင်းဖြင့် လူလူချင်းဆက်သွယ်ပေးသော တံတားများတည်ဆောက်ကြပါ
ဧပြီလ ၃၊ ၂၀၁၉

အပတ်စဉ်တွေ့ဆုံနေကြ လူထုတွေ့ဆုံခြင်းနှင့် ဘာသာတရားသင်ကြားခြင်း တွင် နေ့စဉ်အသက်တာတွင် မျှော်လင့်ခြင်းကိုအစေခံခြင်းဖြင့် ယဉ်​​ကျေးမှု ဓလေ့မတူညီမူများကြား လူလူခြင်းဆက်သွယ်ပေးသော တံတားများ တည်ဆောက်ကြဖို့ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်အရှင်သူမြတ် မှ တိုက်တွန်းခဲ့ပြီး၊ မကြာသေးမီက သွားရောက်လည်ပတ်ခဲ့သော မော်ရောကို နိုင်ငံခရီးစဉ်အတွက် ကျေးဇူးတင်ကြောင်းပြောကြားခဲ့ပါသည်။

အထူးသဖြင့် မတူညီသော ဘာသာ၊ ယဉ်ကျေးမှု အကြား ရှည်လျှားလှသည် ပြောဆိုညှိနိုင်းဆွေးနွေခြင်းခရီးစဉ်အတွက် လမ်းညွန်ပြင်ဆင်ပေးသော အဖဘုရားသခင်ကို ကျေးဇူးတင်ကြောင်းနှင့် မော်ရောကို နိုင်ငံသို့ လာရောက်လည်ပတ်ရန် ဖိတ်ကြားခဲ့သော မော်ရောကို နိုင်ငံ ဆဌမမြောက်ဘုရင်မင်းမြတ် မိုဟာမက်ကိုလည်း ကျေးဇူးတင်ကြောင်း လူထုတွေ့ဆုံခြင်း တွင်ပြောကြားခဲ့ပါသည်။

အသက်ရှင်စဉ်ကာလမှာ မတူညီသော ဘာသာတရားများကြား၊ ယဉ်ကျေးမှုများကြား မျှော်လင့်ခြင်း နှင့် ပေါင်းကူးတံတားတည်ဆောက်ကြရမယ်၊ ကျွနု်​ပ်အနေနဲ့ မော်ရောကို နိုင်ငံ ဆဌမမြောက်ဘုရင်မင်းမြတ်၊ နိုင်ငံတော်အာဏာပိုင်များ၊ ပြည်သူပြည်သားများနှင့်တွေ့ဆုံပြီး ပေါင်းကူတံတားတည်ဆောက်နိုင်ခဲ့ခြင်းအတွက် လွန်စွာ ဝမ်းမြောက်ဂုဏ်ယူမိပါသည်။ ကျွနု်​ပ်နှင့် မော်ရောကို အရှင်ဘုရင်မင်းမြတ် တို့အကြား ကျွနု်​ပ်တို့အတူတကွနေထိုင်ကြသော ကမ္ဘာမြေကြီး၊ ဖန်ဆင်းခံအရာများကိုစောင့်ရှောက်ခြင်း၊ ငြိမ်းချမ်းရေးနှင့် တရားမျှတခြင်းကို ပိုမိုတိုးတက်အောင်ဆောင်ရွက်ခြင်း၊ ဘာသာရေးတွင် လူ့ဂုဏ်သိက္ခာကို ကာကွယ်စောင့်ရှောက်ခြင်း၏ အဓိကအရေးပါမူ​တွေကို အထပ်ထပ်အခါခါ ပြောဆိုဖြစ်ခဲ့ပါသည်။

တခြားရေးကြီးသော အချက်တစ်ခုက ရွေ့ပြောင်းအလုပ်သမားများအရေး မော်ရောကို နိုင်ငံ မှာရှိနေသော ကက်သလစ်သာသနာတော်သည် ရွေ့ပြောင်းအလုပ်သမားများအရေး ကို ဦးစားပေးလုပ်ဆောင်နေကြကြောင်း သူတပါးနိုင်ငံတွင်လာရောက်အလုပ်လုပ်ကိုင်သော သူတို့ရဲ့ဘဝများသည် သူတို့ကို လူပီသစွာကြိုဆိုလက်ခံသောနိုင်ငံများတွင် ပြောင်းလဲတိုးတက်လာကြတယ်၊ ဒီအချက်ဟာ အခြေခံကြသော အချက်တစ်ခုဖြစ်တယ်။

ရွေ့ပြောင်းလုပ်ကိုင်နေထိုင်သူများကို လက်ခံခြင်း၊ ကာကွယ်ပေးခြင်း၊ ဘဝမြှင့်တင်ပေးခြင်း နှင့် အတူတကွနေထိုင်ခြင်း စသည့်အချက်လေးချက် က အလိုလျှောက်ဖြစ်လာမှမဟုတ်ဘူး အတူတကွ လုပ်ဆောင်ကြရမှာ၊ ညီကိုမောင်နှစိတ်ဓာတ်ကို တန်ဖိုးထားတတ်​ခြင်း၊ မတူကွဲပြားမူကို အမြင်ကြယ်ကြယ်ထားတတ်​ခြင်း၊ ဘာသာရေး၊ ရိုးရာယဉ်ကျေးမှုများကို ရိုသေလေးစားသော စိတ်ကို ထိမ်းသိမ်းထားနိုင်ခြင်းဒီနည်းလမ်းများအားဖြင့် နိုင်ငံများတည်ဆောက်ခြင်း၊ မြို့ရွာများတည်ဆောက်ခြင်းတို့ကို ဆောင်ရွက်ကြရမှာဖြစ်ကြောင်း ပုပ်ရဟန်းမင်းကြီး ဖရန်စစ် အရှင်သူမြတ် မှ ဝေမျှခဲ့ပါသည်။

 

https://www.vaticannews.va/en/pope/news/2019-04/pope-at-audience-buildin...

#pope, #generalaudience, #bridges, #peterkm,
Photo credit to vaticannews
ဘာသာပြန်ဆိုသူ Fr. Peter Kyi Maung

Add new comment

8 + 11 =