မျိုးဆက်သစ်များအား ကျန်းမာရေးနှင့်ညီညွှတ်သော ငြိမ်းချမ်းရေး၏လေကောင်းလေသန့်များရူရှိုက်ခွင့်ကိုပေးကြပါ။ 

မျိုးဆက်သစ်များအား ကျန်းမာရေးနှင့်ညီညွှတ်သော ငြိမ်းချမ်းရေး၏လေကောင်းလေသန့်များရူရှိုက်ခွင့်ကိုပေးကြပါ။ 

 

ရဟန်းမင်းကြီးဖရန်စစ်သည် တနင်္ဂနွေနေ့အပတ်စဉ် သူ၏ရဟန်းမင်းကြီးရုံးတော်၏ပြူတင်းပေါက် မှထိုတနင်္ဂနွေနေ့ဖတ်ရူသောဧ၀ံ​ေဂလိကျမ်းစာကိုအခြေခံ၍ ထောက်ရူချက်ပေးလေ့ရှိသည်။ ထို့နောက် စိန့်ပီတာရင်ပြင်၌စုရုံးရောက်ရှိနေသော ဘုရားဖူးများနှင့်အတူ အန်ဂျေလူးဆုတောင်းမေတ္တာကိုရွတ်ဆို ပူဇော်လေ့ရှိသည်။ သို့သော် ယမန်နေ့ အောက်တိုဘာလ (၂) ရက်နေ့ (၂၇) ကြိမ်မြောက်သာမန်ကာလ တနင်္ဂနွေနေ့၌မူ ရဟန်းမင်းကြီးဖရန်စစ်သည် ခါတိုင်းနှင့်မတူဘဲ ယူကရိန်း၌ရုရှား၏ကျူးကျော်စစ်ကို ချက်ချင်းရပ်တန့်ရန်တောင်းဆိုခဲ့သည်။

သွေး၊ မျက်ရည်ချောင်းစီးနေမှုကြောင့် ၀မ်းနည်းကြေကွဲရသည့်အကြောင်းကိုထုတ်ဖော်မိန့်ကြား ပြီး၊ ဖိအားပေးသောမေးခွန်းကိုလည်းမေးခဲ့သည်။ လူသားထုသည် အနူမြူလက်နက်၏ ခြိမ်းခြောက်မှုကို တစ်ကျော့ပြန်ခံစားနေရသည်။ အလွန်အဓိပ္ပါယ်မဲ့လွန်းလှသည်။

ချစ်လှစွာသောညီအစ်ကိုမောင်နှမအပေါင်းတို့ … ကောင်းသောနေ့ဖြစ်ပါစေ….
ယူကရိန်း၌ဖြစ်ပွားနေသောစစ်သည် ပိုမိုဆိုး၀ါးလာနေပါသည်။ ခြိမ်းခြောက်လာနေသည်။ အလွန်စိတ်ပူစရာများဖြစ်လာနေရသည်။ ထို့ကြောင့်ယနေ့ အန်ဂျေလူးမေတ္တာမဆိုမီထောက်ရူချက်ကို ဤအကြောင်းနှင့်စပ်လျင်း၍သာမိန့်ကြားချင်ပါသည်။ ဤကြောက်မက်ဖွယ်ကောင်းပြီး၊ နားမလည်နိုင်သောအနာတရများကို ကုသရန်ကြိုးစားခြင်းထက် လူသားတို့အားခံစားစေရန်လုပ်ဆောင်နေကြသည်။ သွေးချောင်းပိုမိုစီးစေသည့်အပြင် ယခုထက်ဆိုးရွားသွားအောင်ဖန်တီးနေသည်။

သွေး၊ မျက်ရည်ချောင်းစီးနေစေသော ဤစစ်ပွဲကာလများကြောင့် လွန်စွာ၀မ်းနည်းရသည်။ လူ ထောင်သောင်းနှင့်ချီသေကြေရသောကြောင့် အထူးသဖြင့် ကလေးများသေကြရခြင်း၊ အဆောက်အဦး များပြိုကျပျက်ဆီးခြင်းကြောင့် ပြည်သူများစွာအိုးမဲ့အိမ်မဲ့ဖြစ်သွားရခြင်း၊ အအေးဓာတ်လွန်ကဲခြင်း၊ အ စားအစာများပြတ်လတ်ခြင်းတို့ကိုခံစားကြုံတွေ့နေကြရသည်။ အချို့သောလုပ်ဆောင်ချက်များသည် အပြစ်မရှိဟုသတ်မှတ်ရန်ခက်ခဲသည်။ ဘယ်တော့မှသတ်မှတ်လို့မရ။ ယူကရိန်းဟုပြောလိုက်လျှင် နိုင်ငံ ၏မြို့များဖြစ်သော Bucha, Irpin, Mariupol, Izium, Zaparizhzhia နှင့်အခြားသောဒေသများကို ကြက်တူရွေးရွတ်သလိုသာသိနေပြီး ထိုနေရာများ၌ဖော်မပြနိုင်၊ စဉ်းစားမရလောက်သောဒုက္ခပင်လယ်‌ေ၀နေကြ၊ လုံခြုံမှုမရှိသည့်နေရာများဖြစ်နေသည်ကိုမသိ၊ လစ်လျူရူနေခြင်းသည် အလွန်စိတ်အနှောက်အယှက်ဖြစ်ရသည်။

လူသားထုကြီးသည် အနူမြူလက်နက်၏ ခြိမ်းခြောက်မှုကြီးကိုတစ်ကြော့ပြန်ခံနေရ သည်မှာလွန်စွာအဓိပ္ပါယ်မဲ့လှသည်။
နောက်ဘာထပ်ဖြစ်လာမည်နည်း။ သွေးအဘယ်မျှထပ်မံစီးထွက်ရဦးမည်နည်း။ သို့မှသာစစ် သည် ပဋိပက္ခတစ်ခု၏မှန်ကန်သောဖြေရှင်းနည်းမဟုတ်။ ဖျက်ဆီးသောအခြေအနေသာဖြစ်သည်ကိုသိ လာကြမည်နည်း။ လူတိုင်း၏စိတ်နှလုံးထဲ၌ကိန်း၀ပ်နေသောဘုရားသခင်၏မြတ်နာမနှင့်လူသားထု၏ စိတ်နေသဘောထားဖြင့် စစ်ကိုချက်ချင်းရပ်တန့်ရန် ကျွန်ုပ်ထပ်မံပန်ကြားပါသည်။ လက်နက်များကို အားပေးအားမြောက်လုပ်ဆောင်မှုများကိုရပ်တန့်ပါ။ တွေ့ဆုံဆွေးနွေးရေးကိုစတင်ကြပါစို့။ သို့မှသာ ဖိအားမပါ၊ အာဏာအလွဲသုံးမှုများမပါသောနည်းလမ်းဖြင့်ဖြေရှင်း၍ နှစ်ဦးသဘောတူညီမှု၊ တရားမျှတပြီး တည်ငြိမ်မှုကိုအာမခံသောနည်းကိုစတင်ကြပါစို့။

လူ့အသက်သည် သန့်ရှင်းသည်ကိုလေးစားလိုက်နာပြီး၊ နိုင်ငံတိုင်း၏အချုပ်အခြာအာဏာကိုလေးစားလိုက်နာခြင်း၊ လူနည်းစုများ၏တရားအခွင့်အရေးကို အလေးထားသောလမ်းကြောင်းဖြင့်ဖြေရှင်းကြရမည်။

ကျွန်ုပ်အနေဖြင့် အလွန်ဆိုး၀ါးသောအခြေအနေအတွက် အလွန်အမင်းစိုးရိမ်လာမိပါသည်။ အဘယ်ကြောင့်ဆိုသော် အပြည်ပြည်ဆိုင်ရာဥပဒေကိုချိုးဖောက်သည့်လုပ်ရပ်များကိုကျူးလွန်လာသည် ကိုသတိထားမိလိုက်ပါသည်။ နူးကလီးယားလက်နက်အသုံးပြုမည့်အရိပ်အခြေများမြင်တွေ့နေရသည်။ ထိန်းချုပ်ရန်မဖြစ်နိုင်တော့သည့်အခြေအနေအထိဖြစ်လာနေသည်။ ထိုသို့လုပ်ဆောင်ခြင်း၏နောက် ဆက်တွဲဆိုးကျိုးကို ကမ္ဘာတစ်၀ှမ်းလုံးကခံစားရမည်ဖြစ်သည်။

ကျွန်ုပ်၏မေတ္တာရပ်ခံချက်သည် ပထမဦးဆုံးအနေဖြင့် ရုရှားသမ္မတပူတင်အားတိုင် တည်သည်။ ကွင်းဆက်လိုက်မည့်အကြမ်းဖက်သည့်လုပ်ရပ်၊ လူများစွာကိုသေကြေစေသည့်လုပ်ရပ်များကို ရပ်တန်းကရပ်ရန်၊ ဤသို့ပန်ကြားရခြင်းမှာ သူ့ပြည်သူအတွက်လည်းဖြစ်သည်။ အခြားတစ်ဖက်၌ ယူကရိန်းနိုင်ငံ ၌ ဒုက္ခပင်လယ်‌ေ၀နေသော ယူကရိန်းပြည်သူတို့အတွက် ယူကရိန်းသမ္မတအားလည်းပန်ကြားအပ်ပါ သည်။

ငြိမ်းချမ်းရေးနည်းလမ်းကိုရှာဖွေရန်တိုက်တွန်းပါသည်။ အခြားသော လုပ်နိုင်ကိုင်နိုင်သောနိုင်ငံ တကာမှခေါင်းဆောင်များ၊ နိုင်ငံရေးခေါင်း ဆောင်များအားလုံး စစ်ကိုဖြစ်နိုင်သည့်နည်းနှင့်အဆုံးသတ် ရေး၊ ဤအရှုပ်တော်ပုံ၌ ၄င်းတို့လည်းခြေမရှုပ်ကြရန်၊ သို့သော် ငြိမ်းချမ်းရေးစကားဝိုင်းကိုအစပြုရန် အားပေးသူများဖြစ်ကြရန်တိုက်တွန်းခဲ့သည်။

မျိုးဆက်သစ်များအား ကျန်းမာရေးနှင့်ညီညွှတ်သော ငြိမ်းချမ်းရေး၏လေကောင်းလေသန့်များရူရှိုက်ခွင့်ကိုပေးကြပါ။ ညစ်ညမ်းသော စစ်ညှီနံ့ကိုမရူရှိုက်မိစေပါနှင့်။ ဤသို့သောလေပုပ်လေသိုးကိုရူခိုင်းခြင်းသည် လွန်စွာမိုက်မဲလွန်းရာကြ သည်။

ရုရှား၏ (၇) လကြာထိုးစစ်ဆင်လူမဆန်သည့်စစ်ပွဲဖြစ်ပြီးနောက် သံကင်းတမန်ကင်းနည်းလမ်း အသွယ်သွယ်ဖြင့်ချဉ်းကပ်ခဲ့သည်။ အခြေအနေအတော်များများ၌မကျင့်သုံးခဲ့သော သံတမန်နည်းလမ်း များကိုလည်းအသုံးပြုခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ဤအနိဌာရုံအခြေအနေကိုမဖြစ်ပွားစေလို၍ဖြစ် သည်။ စစ်ပွဲသည်ကြီးမားသောအမှားတစ်ရပ်ဖြစ်သည်။ ခြောက်ခြားစရာတစ်ခုဖြစ်သည်။ လူသားတို့၏နှ လုံးသားကိုပြုပြင်ပြောင်းလဲပေးနိုင်သောဘုရားသခင်၏သနားခြင်းကို ငြိမ်းချမ်းခြင်း အမိမယ်တော်၏ ထပ်ဆင့်ဆုတောင်းပေးခြင်းကိုလည်းခံယူဆုတောင်းကြပါစို့။ ပုံပေမြို့မှငြိမ်းချမ်းခြင်းမယ်တော်၏ တောင်းလျှောက်ခြင်းနှင့်အတူ ကျွန်ုပ်တို့လည်း စိတ်၀ိညာဉ်ကိုပူးပေါင်းပြီးတောင်ခံယူကြပါစို့ဟုဆိုကာ ၎င်း၏ တရားကို ပါပါးဖရန်စစ်က အဆုံးသတ်ခဲ့သည်။

အာဗီအေဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်

Photo courtesy of Abouna

https://bit.ly/3EezVYU

Add new comment

2 + 11 =