မော်ရောကို နိုင်ငံသို့ ပုပ်ရဟန်းမင်းကြီး ဖရန်စစ် အရှင်သူမြတ်လာရောက်လည်ပတ်ခဲ့ခြင်းကြောင့် တိုးတက်လာနိုင်သည့် အခြေအနေများ

ပုပ်ရဟန်းမင်းကြီး ဖရန်စစ် အရှင်သူမြတ် နှင့် မာ်ရောကို နိုင်ငံ ရာဘက် ဂိုဏ်းချုပ်သာသနာပိုင် ဆရာတော် Christobal Lopez Romero

မော်ရောကို နိုင်ငံသို့ ပုပ်ရဟန်းမင်းကြီး ဖရန်စစ် အရှင်သူမြတ်လာရောက်လည်ပတ်ခဲ့ခြင်းကြောင့် တိုးတက်လာနိုင်သည့် အခြေအနေများ
ဧပြီလ ၁၊ ၂၀၁၉

မော်ရောကို နိုင်ငံသို့ ပုပ်ရဟန်းမင်းကြီး ဖရန်စစ် အရှင်သူမြတ်လာရောက်လည်ပတ်ခဲ့ခြင်းကြောင့် တိုးတက်လာနိုင်သည့် အခြေအနေများကို မော်ရောကို နိုင်ငံ ရာဘက် ဂိုဏ်းချုပ်သာသနာပိုင် ဆရာတော် Christobal Lopez Romero မှ သုံးသပ်ဖော်ပြထားပါသည်။

ဘာသာရေးနှီးနှောဖလှယ်ခြင်း အချက်ကို ပုပ်ရဟန်းမင်းကြီး ဖရန်စစ် အရှင်သူမြတ် နှင့် ဆဌမမြောက်အရှင်ဘုရင်မင်းမြတ် မိုဟာမက် တို့ဆွေးနွေးခဲ့တဲ့အချက်ပေါ်မှာ ကျွနု်​ပ်တို့အနေနဲ့ ရှေ့ကို တစ်ဆင့်တိုးတက်လာခြင်းဖြစ်တယ်၊ ဒီအချက်အပေါ်မှာအခြေခံပြီး ညီကို​မောင်နှမ စိတ်ဓတ်ကို အတူတကွတည်ဆောက်ခြင်း၊ အပြန်အလှန်နားလည်မူထားရှိခြင်း၊ အသိပညာများ ဖလှယ်ခြင်း နှင့် ချစ်ခင်ရင်နှီးမူကို ခိုင်မြဲအောင်တည်ဆောက်ခြင်းတွေကို ကျွနု်​ပ်တို့က စတင်ပြုလုပ်ဖို့ ရည်ရွယ်ထားပါတယ်၊ ဒီအချက်တွေနဲ့အစပြုပြီးမှ မတူညီတဲ့ဘာသာနှစ်ခုကြားမှာ စစ်မှန်တဲ့အနှစ်သာရ ရှိသောဆွေးနွေးမူ​တွေကို လုပ်ဆောင်နိုင်ဖို့ မျှော်လင့်ထားပါတယ်။

ကက်သလစ်သာသနာတော်ကြီးက တပါးသူကို အတင်းဘာသာထဲဝင်လာစေခြင်းအားဖြင့်တိုးတက်ကြီးထွားလာခြင်းမဟုတ် ခရစ်ယာန်တို့၏ အပြုအမူအပြောအဆိုအနေအထိုင်၊ အသက်ရှင်မူပုံစံများဖြင့် သက်သေခံခြင်း၌သာ တိုးတက်လာခြင်းဖြစ်တယ် (ပုပ်ရဟန်းမင်းကြီး ၁၆ ပါးမြောက် ဘက်နဒက်)
ဒုတိယ အချက်အနေနဲ့ ပုပ်ရဟန်းမင်းကြီး ၁၆ ပါးမြောက် ဘက်နဒက် ပြောခဲ့သောစကားကို အခြေခံပြီး ပုပ်ရဟန်းမင်းကြီး ဖရန်စစ်အရှင်သူမြတ်မှ မော်ရောကို နိုင်ငံရှိ ခရစ်ယာန်များကို ဘာသာတရားကူး​ပြေားစေသော နည်းလမ်းမျိုးဖြင့် မစွဲ​ဆောင်ကြဘဲ ခရစ်ယာန်တို့၏ အပြုအမူအပြောအဆိုအနေအထိုင်၊ အသက်ရှင်မူပုံစံများဖြင့် သက်သေခံခြင်း၌သာ သက်သေပြကြဖို့ တိုက်တွန်းခဲ့ခြင်းဖြစ်တယ်၊ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်အရှင်သူမြတ် သတိထားပြောဆိုခဲ့သော ဒီ အချက်အပေါ်မှာ တစ်ချို့​သော ဘာသာဝင်တွေ နားလည်မူလွဲ နေတာရှိတယ်။ အစ္စလာမ်ဘာသာဝင်အများစု နေထိုင်သော မော်ရောကို နိုင်ငံ ရှိ နိုင်ငံသူနိုင်ငံသားများကို တခြားဘာသာသို့ ကူး​ပြောင်းသော စနစ်ကို တရားဥပဒေအရပိတ်ပင်ထားတဲ့ ဥပဒေရှိတယ်။ အဲ့တာကြောင့် ပုပ်ရဟန်းမင်းကြီး ဖရန်စစ်အရှင်သူမြတ်မှ သတိရှိစွာပြောဆို သုံး နှုံးခဲ့ခြင်းဖြစ်တယ်။ ဒီဘာသာတရားကူးပြောင်းခြင်း ခွင့်မပြုသော ဥပဒေကြောင့် မော်ရောကိုနိုင်ငံမှာရှိသော ကက်သလစ်အသင်းတော်၏ သာသနာပြုလုပ်ငန်းအား သက်တောင်သက်သာ နဲ့ အနှစ်သာရကိုဖော်ဆောင်နိုင်တယ် ကက်သလစ်အသင်းတော်၏ သာသနာပြုလုပ်ငန်းက လူဦးရေတိုးတက်များပျားလာမူအပေါ်အခြေခံထားဖို့မဟုတ် ဘုရားသခင်ရဲ့ကောင်းကင်နိုင်ငံတော် ကြယ်ပြန့်လာဖို့ ဖြစ်တယ်၊ ချစ်ခြင်း​မေတ္တာ ကြီးပွားတိုးတက်လာဖို့၊ ငြိမ်းချမ်းခြင်းတိုးတက်ကြီးထွားဖို့၊ ညီကို​မောင်နှမ စိတ်များတိုးပွားများပြာလာဖို့၊ လူအသက်ကို ရိုသေလေးစားတန်ဖိုးထားဖို့၊ အမှန်တရားနဲ့ တရားမျှတမူတိုးတက်ပွားလာဖို့ပဲဖြစ်တယ်။

တတိယ အချက်မှာ ရွေ့ပြောင်းအလုပ်သမားများအရေး နှင့်ပတ်သက်ပြီး လက်ခံခြင်း၊ ကာကွယ်ပေးခြင်း၊ ဘဝမြင့်တင်ပေးခြင်းနှင့် အတူတကွနေထိုင်း စသည် အချက်လေးခုကို ရဟန်းမင်းကြီး မှ ထောက်ပြပြောကြားခဲ့တယ်။ ဒီအချက်တွေပေါ်အခြေခံပြီး ကျွ​နု်​ပ်တို့ရဲ့ နှလုံးသားတွေကိုဖွင့်ထားဖို့ နှလုံးသားတွေဖွင့်ထားနိုင်ရင် တံခါးတွေလည်း အလိုလိုပွင့်လာမယ်၊ နိုင်ငံတကာ ကူးသန်းရောင်းဝယ်ရေးများ၊ စီးပွားရေ စနစ်များကို လိုအပ်သလိုပြုပြင်ပြောင်းလဲပေးနိုင်ကြရင် ဆင်းရဲမွဲ​တေမူ၊ အလုပ်အကိုင်ရှားပါးမူ၊ စစ်မက်ဖြစ်ပွားခြင်းတွေကြောင့် မိမိနိုင်ငံမှ ထွက်ခွာပြီး တိုင်းတပါးတွင် သွားရောက်အလုပ်လုပ်ကိုင်နေရသော ဘဝများ ပိုမိုသက်သာလာနိုင်မည်ဖြစ်ပြီး မိသားစုများလည်း ပိုမိုစည်းလုံးလာနိုင်တယ်​။ ရွေ့ပြောင်းလုပ်ကိုင်ခြင်းဟာ လူတို့ရဲ့ အခွင်အရေးဖြစ်ပါတယ် သို့သော်လည်း ရွေ့ပြောင်းနေထိုင်လုပ်ကိုသူတို့ ရသင့်ရထိုက်သည် အခွင့်အရေးများကို လေးစားခြင်းဖြင့် နည်းစနစ်မှန်ကန်​စွာလုပ်ဆောင်ကြရင် ပိုမိုအကျိုးဖြစ်ထွန်းလာနိုင်ပါတယ်။

မော်ရောကို နိုင်ငံ ရာဘက် ဂိုဏ်းချုပ်သာသနာပိုင် ဆရာတော် Christobal Lopez Romero မှ ပုပ်ရဟန်းမင်းကြီး ဖရန်စစ် အရှင်သူမြတ်ကို ခရစ်ယာန်များ လူနည်းစုသာရှိသော မော်ရောကို နိုင်ငံသို့ ပုပ်ရဟန်းမင်းကြီး ဖရန်စစ် အရှင်သူမြတ်ကို ပိုဆောင်ပေးသော ဘုရားသခင်ကိုကျေးဇူးတင်ကြောင်း၊ ရဟန်းမင်းကြီး ခရီးစဉ်အတွက် ဖိတ်ကြားခဲ့သော နိုင်ငံတော်နှင့် အသင်းတော်ဖက်မှ ပြင်ဆင်စီစဉ်ပေးခဲ့ကြသူများ ကို ကျေးဇူးတင်စကားပြောကြားခဲ့ပါသည်။

 

https://www.vaticannews.va/en/pope/news/2019-04/archbishop-rabat-fruits-...

#pope, #morocco, #visit, #peterkm,
Photo credits to Vatican News
ဘာသာပြန်ဆိုသူ Fr. Peter Kyi Maung

Add new comment

10 + 1 =