Radio Veritas Asia Buick St., Fairview Park, Queszon City, Metro Manila. 1106 Philippines | + 632 9390011-15 | +6329390011-15
မေလ ၅ မှ ၇ ရက် နေထိ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်အရှင်သူမြတ် ဗူဂေးရီးယား နိုင်ငံ နှင့် မြောက်မာချေဒီုးနီးယား နိုင်ငံ များသို့ သိုးထိမ်းခရီးစဉ်အဖြစ် သွားရောက်မည့် ခရီးစဉ် အကြောင်း ကို ပြန်လည်ဝေမျှ
မေလ ၅ မှ ၇ ရက် နေထိ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်အရှင်သူမြတ် ဗူဂေးရီးယား နိုင်ငံ နှင့် မြောက်မာချေဒီုးနီးယား နိုင်ငံ များသို့ သိုးထိမ်းခရီးစဉ်အဖြစ် သွားရောက်မည့် ခရီးစဉ် အကြောင်း ကို ပြန်လည်ဝေမျှ
မေလ ၈၊ ၂၀၁၉
အပတ်စဉ် ဗုဒ္ဓဟူးနေ့ တိုင်း တွေ့ဆုံနေကြ လူထုပရိတ်သပ် တွေ့ဆုံခြင်း နှင့် ဘာသာတရား သင်ကြားခြင်းတွင် မေလ ၅ နှင့် ၆ ရက် နေက ပုပ်ရဟန်းမင်းကြီး ဖရန်စစ်အရှင်သူမြတ် ဗူဂေးရီးယား နိုင်ငံ နှင့် မြောက်မာချေဒီုးနီးယား နိုင်ငံ များသို့ သိုးထိမ်းခရီးစဉ်အဖြစ် သွားရောက်မည့် ခရီးစဉ် အကြောင်း ကို ပြန်လည်ဝေမျှခဲ့ပါသည်။
ဗူဂေးရီးယား နိုင်ငံရဲ ခရစ်အသက်တာဟာ ယနေ့ထိ ရဟန်းမင်းကြီး ကိုယ်စလှယ်တော် အဖြစ် ဆယ်နှစ်နည်းပါး တာဝန်ထမ်းဆောင်ခဲ့သော ရဟန္တာ ရဟန်းမင်းကြီး နှစ်ဆယ်သုံးပါမြောက် ယောဟန် ၏ လမ်းညွှန် သွန်သင်ချက်များအတိုင်း ရှင်သန်နေကြောင်း နှင့် ကျွနုပ်၏ ခရီးစဉ်ကိုလည်း သူ၏ သမိုင်းဝင်ခဲ့သည် စာချွန်တော် ကမ္ဘာကြီး ငြိမ်းချမ်းပါစေ (Pacem in Terris) ကို ခေါင်စဉ်အဖြစ်ရွေးချယ်ခဲ့ကြောင်း၊ ယင်းစာချွန်တော် ကမ္ဘာကြီး ငြိမ်းချမ်းပါစေ (Pacem in Terris) ကို ညီကိုယ်မောင်နှမ စိတ်ဓာတ်ဖြင့် မိမိတို့ဘဝထည်းတွင်အသက်ရှင်ကြရန် ဖိတ်ခေါ်ခဲ့ကြောင်း၊ သြသဒေါ့စ် အသင်းတော် ညီလာခံအဖွဲ့ဝင်များနှင့် လည်းတွေ့ဆုံဖြစ်ခဲ့ကြောင်း၊ ခရစ်ယာန် တစ်ဦးအနေနှင့် စည်းလုံးခြင်း၏ ကရိယာ တန်ဆာပလာ များဖြစ်ကြရမည်ဖြစ်ကြောင်း ပုပ်ရဟန်းမင်းကြီး ဖရန်စစ်အရှင်သူမြတ်မှ ပြောကြားခဲ့ပါသည်။
ဗူဂေးရီးယားနိုင်ငံ၏ သာသနာပြုများဖြစ်ကြသော ဂရိလူမျိုးများ ဖြစ်ကြသည့် စီရီ နှင့် မက်သောဒီးရူစ် တို့သည် သခင်ခရစ်တော် ၏ သတင်းကောင်းကို နည်းလမ်းသစ်များဖြင့် မတူညီသော Slav လူမျိုးတို့၏ ယဉ်ကျေးမှု အတွင်းသို့ သွတ်သွင်းနိုင်ခဲ့ကြတယ်။ ရှေးခေတ်သာသနာပြုတွေ မျိုးစေ့ချခဲ့သော သာသနာနယ်တွေများ အမြစ်တွေခြောက်ခမ်းလာနေတဲ့အတွက် ဂရုဏာတရားပြည့်ဝသော နည်းလမ်းသစ်များဖော်ဆောင်သာသနာပြုနိုင်သော သာသနာပြုများ လိုအပ်နေကြောင်း ကိုလည်းပြောကြားခဲ့ပါသည်။
မြောက် မာချေဒီုးနီးယားနိုင်ငံ ခရီးစဉ်တွင် ရဟန္တာ မာသာတရေဇား ၏ ဆုတောင်းမေတ္တာ ဖြင့်ကူညီနေမှုကို ခံစားခဲ့ရကြောင်း မာသာတရေဇား သည် မြောက် မာချေဒီုးနီးယားနိုင်ငံ မြို့တော် စကော့ပီရေ တွင် ၁၉၁၀ ခုနှစ်ကမွေးဖွားခဲ့ပါသည်။ သူမသည် သေးငယ်သော်လည်း သန်မာသော အမျိုးသမီးဖြစ်ကြောင်း မာသာတရေဇား ကို ရည်ဇူးထားသော နေရာကို ကောင်းကြီးပေးခဲ့ကြောင်းကိုလည်း ပြေားကြားခဲ့ပါသည်။
မြောက်မာချေဒီုးနီးယားနိုင်ငံ ၏ အစဉ်အလာအရ မတူညီသော ဘာသာတရားများ၊ လူမျိုးစုများကြာ တည်ငြိမ်စွာ တစ်စုတစည်းတည်း ရှိနေနိုင်မှုကို ချီးကျူး ကြောင်း၊ ဆက်လက်ပြီး ရွေးပြောင်းဒုက္ခသည်းများ ကို ကြိုဆို ကူညီပေးနေမှုအပေါ်လည်း အားပေးကြောင်း ဖော်ပြခဲ့ပြီး၊ လူငယ်များ နှင့် တွေ့ဆုံခြင်းသည် လည်း ထူခြားမှုဖြစ်ကြောင်း လူငယ်များကို မာသာတရေဇား ကဲ့သို့ ရည်မှန်းချက် အိမ်မက်များ ကြီးကြီးမားမားထားပြီး အကောင်းအထည်ဖော်ကြဖို့၊ ကျွနုပ်တို့ဆုတောင်းခြင်းမှာ ကျွနုပ်တို့ကို သွန်သင်ပေးတော်မှုသော ဘုရားရှင်ကို နားထောင်ကြဖို့ ကိုလည်းပြေား ကြားခဲ့ကြောင်း အပတ်စဉ် ဗုဒ္ဓဟူးနေ့ တိုင်း တွေ့ဆုံနေကြ လူထုပရိတ်သပ် တွေ့ဆုံခြင်း နှင့် ဘာသာတရား သင်ကြားခြင်းတွင် ပုပ်ရဟန်းမင်းကြီး ဖရန်စစ်အရှင်သူမြတ်မှပြောကြားခဲ့ပါသည်။
https://www.vaticannews.va/en/pope/news/2019-05/pope-francis-general-aud...
#pope, #generalaudience, #peterkm,
Photo credits to Vatican News
ဘာသာပြန်ဆိုသူ Fr. Peter Kyi Maung
Add new comment