မေလ ၅ နှင့် ၆ ရက် တို့တွင် ပုပ်ရဟန်းမင်းကြီး ဖရန်စစ်အရှင်သူမြတ် ဗူဂေးရီးယား နိုင်ငံသို့ သိုးထိမ်းခရီးစဉ်အဖြစ် သွားရောက်မည့် ခရီးစဉ် အတွက် ဗီဒီယို သတင်းစကား ကြိုတင်ပေးပို့

မေလ ၅ နှင့် ၆ ရက် တို့တွင် ပုပ်ရဟန်းမင်းကြီး ဖရန်စစ်အရှင်သူမြတ် ဗူဂေးရီးယား နိုင်ငံသို့ သိုးထိမ်းခရီးစဉ်အဖြစ် သွားရောက်မည့် ခရီးစဉ် အတွက် ဗီဒီယို သတင်းစကား ကြိုတင်ပေးပို့
မေလ ၃၊ ၂၀၁၉

ချစ်လှစွာသော ဗူဂေးရီးယားနိုင်ငံသူ နိုင်ငံသားအပေါင်းတို့ ဘုရားသခင်၏ ကျေးဇူးတော်အားဖြင့် မကြာမှီရက်ပိုင်းအတွင် သင်တို့စီသို့ ကျွနုပ်ရောက်ရှိလာပါမည်။ ဗူဂေးရီးယားနိုင်ငံသို့ လာရောက်ခြင်းသည် ကျွနုပ်နှင့်ကျွနုပ်၏ အဖွဲ့ဝင်များအတွက် ငြိမ်ချမ်းခြင်း၊ စည်းလုံးခြင်း နှင့် ယုံကြည်ခြင်း၏ မျက်မှောက်၌ ဘုရားဖူးခရီးစဉ်ဖြစ်ပါသည်။ သင်တို့၏ အမိနိုင်ငံတော်သည် ရဟန္တာ သူတော်စဉ် စီရီ နှင့် မက်သောဒီရုစ် ညီကိုများလက်ထက်ကတည်းက ယုံကြည်ခြင်းကိုသက်သေခံခဲ့သောမြေ ဖြစ်တယ်။ သမ္မကျမ်းစာ ကို အဒီမြေပေါ်မှာ အာင်မြင်စွာ မျိုးစေချခဲ့ကြပြီး ခက်ခဲ့တဲ့နောက်ဆုံးရာစု နှစ်မှာတောင် အသီးအပွင့်အမြောက်အများ ထွက်ပေါ်ခဲ့တယ်။

ဒီအချက်ကို ရဟန္တာ ရဟန်းမင်းကြီး ဒုတိယမြောက် ရောဟန် ပေါလူး မကြာခဏပြောလေ့ရှိတယ် ဥရောပကို ခိုင်မာအောင် ပိုမိုလုပ်ဆောင်ခဲ့သူတို့ အဆုတ် နှစ်ခုနဲ့ ပြန်လည် အသက်ရူနိုင်ဖို့ အတွက် သခင်ခရစ်တော်၏ လွတ်မြောက်စေသော တံခိုးတော်ကို ပြန်လည်ရှာဖွေဖော်ထုတ်ရမယ်။ သြသဒေါ့စ် ရဟန်းမင်းကြီးကို တွေ့ဆုံရခြင်း နှင့် လုပ်ဆောင်နေသော သန့်ရှင်းသော ဗူဂေးရီးယန်း သြသဒေါ့စ် အသင်းတော်၏ညီလာခံ အတွက် ဝမ်မြောင်ဂုဏ်ယူပါသည်။ ခရစ်ယာန်များအကြား ညီကိုယ်ကဲ့သို့သော စည်​းရုံးခြင်း၌ တို့နှစ်ဦး အတူတကွ သခင်ခရစ်တော်၏ နောက်လိုက်ကောင်းများအဖြစ်ဖော်ထုတ်ကြမည်။

ချစ်လှစွာသော မိတ်ဆွေတို့ ကျွနုပ်ဘုရားဖူ ခရီးစဉ်တစ်ခုလုံးကို် ရဟန်းမင်းကြီး ကိုယ်စလှယ်အဖြစ် စိုဖီယာတွင် ဆယ်နှစ်နီးပါးနေထိုင်ခဲ့သော၊ သင်တို့၏ အထင်ကြီး ချစ်ခင်လေးစားမှုကို ယနေ့ထိ ရရှိနေသော ငြိမ်းချမ်းခြင်၊ စည်းလုံးခြင်းနှင့် ယုံကြည်ခြင်းတို့၏ သူရဲကောင်း ရဟန်းမင်းကြီး နှစ်ဆယ်သုံးပါမြောက် ယောဟန် ကို ဂုဏ်ပြုသောအားဖြင့်ဒါ ကျွနုပ်၏ ယခုခရီးစဉ်ကို သူရဲ့ သမိုင်းတွင်ခဲ့သည့် စာချွန်တော် (ကမ္ဘာကြီး ငြိမ်းချမ်းပါစေ) "Pacem in terris - Mir na zemyata" ကို ခေါင်းစဉ်အဖြစ်ရွေးချယ် ထားခြင်းဖြစ်ပါတယ်။

ကျွနုပ်နှင့်အတူ ဆုတောင်းခြင်း၌ပါဝင်ကြဖို့ သင်တို့ကို ဖိတ်ခေါ်ပါတယ်။ ကျေးဇူးတင်ပါတယ်

ဘုရားရှင်၏ ကြွယ်ဝသော ကျေးဇူးတော်များ ဗူဂေးရီးယားနိုင်ငံ ပေါ်သို့ သက်ရောက်ပါစေ။ ။

https://www.vaticannews.va/en/pope/news/2019-05/pope-francis-apostolic-j...

#pope, #visit, #northmacedonia, #peterkm,
ဘာသာပြန်ဆိုသူ Fr. Peter Kyi Maung

Add new comment

9 + 5 =