မေလ ၁ ရက် အလုပ်သမားနေ့ ပုပ်ရဟန်းမင်းကြီးဖရန်စစ် အရှင်သူမြတ်မှ အလုပ်လက်မဲ့ များအတွက် ဆုတောင်းပေး

ပုပ်ရဟန်းမင်းကြီးဖရန်စစ် အရှင်သူမြတ် အပတ်စဉ်တွေ့ဆုံနေကြ ဗုဒ္ဓဟူးနေ့တိုင်း လူထုတွေ့ဆုံခြင်း ဘာသာတရားသင်ကြားခြင်း

မေလ ၁ ရက် အလုပ်သမားနေ့ ပုပ်ရဟန်းမင်းကြီးဖရန်စစ် အရှင်သူမြတ်မှ အလုပ်လက်မဲ့ များအတွက် ဆုတောင်းပေး
မေလ ၁၊ ၂၀၁၉

မေလ ၁ ရက် အလုပ်သမားနေ့ နှိမ့်ချသော အလုပ်သမား သံဇူဇယ် ပွဲတော်နေ့တွင် ပုပ်ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ်မှ အလုပ်မှ ထုတ်ပယ်ခံရသူများ၊ အလုပ်ရှာမရနိုင်သူများ နှင့် အလုပ်လက်မဲ့ များအတွက် ဆုတောင်းပေးခဲ့ပါသည်။

အပတ်စဉ်တွေ့ဆုံနေကြ ဗုဒ္ဓဟူးနေ့တိုင်း လူထုတွေ့ဆုံခြင်း၊ ဘာသာတရား သင်ကြားခြင်း တွင် "နှောက်ယှက်ခြင်း အမှု့တို့၌ကျွန်ုပ်တို့ကို ပါဝင်ခြင်း မရှိပဲလျှက်" ဟူသော ကောင်းကင်ဘုံ၌ မေတ္တာ အပိုဒ်ကို ရှင်ပြသွန်သင်ခဲ့ပါသည်။ ဘုရားကျေးဇူးတော်နှင့် လွတ်လပ်စွာပျော်ရွှင် နေရသော အသက်တာ နှင့် နတ်ဆိုးနှောက်ယှက်ခြင်း အားပြိုင်နေချိန် ဘုရားသခင်ကို ခေါ်တခြင်းဖြစ်တယ်။ တို့အားလုံးယုံကြည်ထားတဲ့အချက်၊ တို့ယုံကြည်ခြင်းက "ဘုရားက တို့ကို နှောက်ယှက်ခြင်းထဲ ကျရောက်အောင် ဘယ်သော အခါမှ ခွင့်မပြုုခြင်း" ဆိုတဲ့အချက်ဖြစ်တယ်။

မည်သည့် ဖခင်မှ သာ သမီး ဒုက္ခရောက်အောင် ထောင်ချောက် ဆင်မထားကြပါဘူး။ နှောက်ယှက်ခြင်း၊ဒုက္ခအခက်အခဲဆိုတာ ဘုရားသားတော် သခင်ခရစ်တော်တောင်မှ ကြုံတွေ့ခဲ့ရပါတယ်။ ဘုရားသားတော် သခင်ခရစ်တော် ၏ ဒုက္ခအခက်အခဲ နတ်ဆိုး၏ နှောက်ယှက်ခြင်း စသည် အရာတွေက ဘာကိုဖော်ပြနေသလည်း ဆိုရင် သာတော်ဘုရားဟာ တို့လူသားတွေလို ဒုက္ခခံတယ် လူသားတွေနဲ့အတူရှိနေတယ်၊ လူသားတစ်ဦးဖြစ်ပြီး လူသားတွေ နှင့် တစ်လုံးတဝတည်းရှိနေတယ် ဆိုတာကို ဖော်ပြခြင်းဖြစ်တယ်။ သခင်ခရစ်တော်ရဲ့ သက်တော်စဉ် တစ်လျှောက်လုံး အဖခမည်းတော်ဘုရားသည် သူ၏ သားကို ဘယ်သော အခါမျှ စွန့်ပြစ်တော်မမူခဲ့ကြောင်းကို ကျမ်းပိုဒ်တွေအများစုမှာ ဖော်ပြထားတယ်။

ကျွနု်ပ်တို့ အပြစ်ထဲကျချိန်၊ နှိမ့်ချ ချိုးနှိမ်ခံရချိန်၊ ဝမ်းနည်းပူဆွေးရချိန်၊ ဒုက္ခအခက်အခဲ ကြုံတွေ့ရချိန်၊ ပျော်ရွှင်ရချိန်၊ အသက်ရှင်နေရချိန်၊ ကျွန်ုပ်တုူိ့ကို အသက်ပေးချိန်ကနေ သူဟာ အချိန်တိုင်ကျွန်တော်တို့နှင့် အတူရှိနေတဲ့ ထာဝရဘုရားပြဲဖစ်ပါတယ်။ သူဟာ အမြဲတန်း ကျွနု်ပ်တုူိ့နဲ့အတူရှိနေမယ် ဘာကြောင့်လည်းဆိုတော့ မည်သည့် ဖခင်မျှ မိမိသားသမီးကို မစွန့်ပြစ်သောကြောင့်ဖြစ်တယ်။

နတ်ဆိုးနှောက်ယှက်ခြင်းကြုံတွေရချိန် သူဟာ ကျွနု်ပ်ဖက်ကနေ တိုက်ခိုက်တွန်လှန်ပေးနေတယ်၊ နတ်ဆိုးရဲ့ ဆွဲဆောင်မူ့နောက်မပါ အမြဲလမ်းပြပေးနေတယ်၊ ကျွနု်ပ်တို့နှင့်အတူရှိတော်မူသော ဘုရား ကျွနုပ်တို့ကို စွန်ပြစ်သော ဘုရားမဟုတ်။ နှောက်ယှက်ခြင်းခံရချိန်တိုင်း ကျွနု်ပ်တိူ့တစ်ယောက်တည်း ရုံးကန်နေရသူဟု ဘယ်သော အခါမှ မတွေးပါနှင့် သူဟာ ကျွနု်ပ်တိူ့နဲ့အမြဲရှိနေသော ဘုရား၊ သခင်ခရစ်တော်က ကျွန်ုပ်တိူ့ရဲ့ အပြစ်ဝန်ထုတ်ကို သူပုခုံးမှာ ထမ်းပြီး ကျွနု်ပ်တိူ့နဲ့ အတူလျှောက်နေတယ်ဆိုတာသတိရပါ။ ကျွနု်ပ်တို့က ဘုရားသခင်တို့နဲ့အမြဲရှိနေတယ် ဘယ်တော့မှ မစွန်ြ့ပစ်ဖူးဆိုတာကို လက်ခံကြရမှာဖြစ်တယ်။ ။

မေလ ၁ ရက် နေ့မှာကျရောက်သော ကမ္ဘာအလုပ်သမားနေ့ အပတ်စဉ်တွေ့ဆုံနေကြ ဗုဒ္ဓဟူးနေ့တိုင်း လူထုတွေ့ဆုံခြင်း ဘာသာတရားသင်ကြားခြင်း အဆုံးပိုင်းတွင် တစ်ကမ္ဘာလုံး စီးပွားရေး အခြေအနေအရ အလုပ်အကိုင်ရှာပါးနေမူ့အခြေအနေများ၊ အလုပ်မှ ထုတ်ပယ်ခံရသူများ၊ အလုပ်ရှာမရနိုင်သူများ နှင့် အလုပ်လက်မဲ့ များအတွက် ပုပ်ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ်မှ ဆုတောင်းပေးခဲ့ပါသည်။

https://www.vaticannews.va/en/pope/news/2019-05/pope-francis-general-aud...

#generalaudience, #mayday #peterkm,
Photo credit to vaticannews
ဘာသာပြန်ဆိုသူ Fr. Peter Kyi Maung

 

Add new comment

5 + 2 =