မေလ ပုပ်ရဟန်းမင်းကြီး၏ ဆုတောင်းရာ ရည်ရွယ်ချက်အဖြစ် အာဖရိက ရှိ သာသနာတော် အတွက် ရည်ရွယ်ထားခြင်း

မေလ ပုပ်ရဟန်းမင်းကြီး၏ ဆုတောင်းရာ ရည်ရွယ်ချက်အဖြစ် အာဖရိက ရှိ သာသနာတော် အတွက် ရည်ရွယ်ထားခြင်း
မေလ ၂၊ ၂၀၁၉

လစဉ် လ၏ ပထမအပတ် တိုင်းတွင် ပုပ်ရဟန်းမင်းကြီးဖရန်စစ် အရှင်သူမြတ်မှ ထိုလတစ်လ အတွက် ဆုတောင်းရာရည်ရွယ်ချက်အား ထုတ်ပြန်ပေးလေ့ရှိပါသည်။

မေလ ၂ ရက် ကြာသာပတေးနေ့ က မေလ အတွက် ဆုတောင်းရာ ရည်ရွယ်ချက်အဖြစ် ပုပ်ရဟန်းမင်းကြီးသည် အာဖရိက ရှိ သာသနာတော် အတွက် ရည်ရွယ်ထားကြောင်း အာဖရိက ရှိ အသင်းတော် သည် အာဖရိကတိုက် တစ်ခုလုံး၏မျှော်လင့်ခြင်းပြရုပ်၊ စည်းလုံးခြင်း၏ မျိုးစေ့ ဖြစ်စေဖို့ ဗီဒီယို သတင်းစကားဖြင့် ထုတ်ပြန်ခဲ့ပါသည်။

 

ပုပ်ရဟန်းမင်းကြီးဖရန်းစစ်အရှင်သူမြတ်၏ ဆုတောင်းစကား

မတူကွဲးပြားမူ့မှာ စည်းလုံးခြင်းကို တည်ဆောက်ခြင်းအားဖြင့် အာဖရိကရှိ လူမျိုးမတူသူများ၊ ဘာသာစကားမတူသူများ၊ လူမျိုးစုကွဲးများကြား မတူညီမူ့များကို ကျော်လွှားနိုင်ကြပါစေ၊ အာဖရိကရှိ မတူကွဲးပြားသည့် လူမျိုးစုများအကြား ညှိနိုင်းဆွေးနွေးခြင်း၊ ပြန်လည်သင့်မြတ်ခြင်းများကို ဖော်ဆောင်ပေးကြသော ဘာသာရေးအသင်းဂိုဏ်းဝင် သီလှရှင်များ၊ သာမာန်လူဝတ်ကြောင်များ၊ ဘုန်းတော်ကြီးများ နှင့် သာသနပြုများကို ကျေးဇူးတင်ပါသည်။ အာဖရိက ရှိ အသင်းတော် သည် အာဖရိကတိုက် တစ်ခုလုံးမျှော်လင့်ခြင်း၏ ပြရုပ်၊ စည်းလုံးခြင်း၏ မျိုးစေ့ ဖြစ်စေဖို့ ဒီမေလ မှာ အတူတကွ ဆုတောင်းပေးကြပါစို့။ ။

 

https://www.vaticannews.va/en/pope/news/2019-05/pope-francis-prayer-inte...

#pope, #prayerintention, #africa, #peterkm,
ဘာသာပြန်ဆိုသူ Fr. Peter Kyi Maung

Add new comment

8 + 1 =