မေတ္တာပန်း တနင်္ဂနွေနေ့ ပုပ်ရဟန်းမင်းကြီး ဖရန်းစစ် အရှင်သူမြတ် ဟောကြားသော သြဝါဒ

မေတ္တာပန်း တနင်္ဂနွေနေ့ ပုပ်ရဟန်းမင်းကြီး ဖရန်းစစ် အရှင်သူမြတ်

မေတ္တာပန်း တနင်္ဂနွေနေ့ ပုပ်ရဟန်းမင်းကြီး ဖရန်းစစ် အရှင်သူမြတ် ဟောကြားသော သြဝါဒ
ဧပြီလ ၁၄၊ ၂၀၁၉

သခင်ခရစ်တော် အသက်စွန့်ပေးဆပ်ခဲ့တဲ့ကားတိုင်အတွက် လက်ခံမလားငြင်းပယ်မလားဆိုတာပဲရှိတယ်၊ ညှိီနိုင်းဆွေးနွေးပေးခြင်းဆိုတာ မရှိဘူး၊ အဲ့ဒီကားတိုင်ပေါ်မှာပဲ သခင်ခရစ်တော်က ကျွနု်ပ်တို့ရဲ့ယုံကြည်ခြငး်လမ်းကိုဖွင့်ပေးခဲ့တယ် အဲ့လမ်းအတိုင်းဆက်လျှောက်ကြရမယ်။ ။

မေတ္တာပန်း တနင်္ဂနွေနေ့ နှင့် သာသနာနယ်ပယ်အလိုက် ကျင်းပသော ကမ္ဘာလူငယ်များနေ့တွင် စိန့် ပီတာ ရင်ပြင်တွင်စုရုံးနေကြသော လူငယ်မြောက်များစွာတို့သည် မေတ္တာ ပန်းများကိုင်ဆောင်လျှက် သန့်ရှင်းသော ရက်သတ္တပတ် အစပြုခြင်းကို ပါဝင်ခဲ့ကြပါသည်။ သခင်ခရစ်တော် ၏ နှိမ်ချသော ပုံသဏ္ဍန် နှင့် အနိုင်ရသူတစ်ယောက်မျက်နှာအသွင်အပြင်အဖြစ် ဂျေရုဆလင် မြို့ကိုကြွဝင်လာသည့်အကြောင်းကို ရဟန်းမင်းကြီး ဖရန်းစစ်အရှင်သူမြတ် မှ ဟောကြားခဲ့ပါသည်၊

သနားကျင်နာခြင်းနှင့်အသက်ကို သွန်းလောင်းပေးသနားသော အဖခမည်းတော်၏ လူသားအားလုံးကယ်တင်ခြင်းအစီအစဉ်အပေါ် အပြည့်အဝယုံကြည်သော သခင်ခရစ်တော်ရဲ့နှလုံးသားဟာ ရှေ့မှာ ကြုံတွေရမည့်အခက်အခဲဒုက္ခတွေကို သိမြင်နေသောလည်း ငြိမ်းချမ်းမှုကိုထိမ်းထားနိုင်ခြင်းဟာ နှောက်ယှက်မှုအပေါင်းကို အောင်မြင်သူတစ်ယောက်အနေနဲ့ ဂျေရုဆလင် မြို့ထဲကိုကြွဝင်လာခြင်းဖြစ်တယ်၊ ဒီနေ့ဟာ သန့်ရှင်းသောရက်သတ္တပတ်အစပြုတဲ့နေ့ဖြစ်တယ်။

သခင်ခရစ်တော် ဂျေရုဆလင် မြို့ထဲကိုကြွဝင်လာခြင်းက ကျွနု်ပ်တို့ကို လမ်းပြခေါ်ဆောင်နေတယ်၊ နှိမ့်ချသော နည်းလမ်းဖြင့် နတ်ဆိုးကိုအောင်မြင်ကြောင်း ဖော်ပြနေခြင်းဖြစ်တယ်။ သခင်ခရစ်တော်က အောင်မြင်မှုူ့ကို သူရဲ့ဒုက္ခဝေဒဏာခံစားခြင်းအားဖြင့်၊ ကားတိုင်မှာ အသေခံခြင်းအားဖြင့်ရယူပေးခဲ့တယ်။

မိမိ အလိုဆန္ဒကို စွန့်လွတ်ပြီး ဘုရားသခင်အတွက်နေရာပေးခြင်း ဒီနည်းလမ်းဟာ စစ်မှန်သော အောင်မြင်မှုနည်းလမ်းဖြစ်ကြောင်းပြသခဲ့တယ်။ သခင်ခရစ်တော် အသက်စွန့်ပေးဆပ်ခဲ့တဲ့ကားတိုင်အတွက် လက်ခံမလားငြင်းပယ်မလားဆိုတာပဲရှိတယ်၊ ညှီနိုင်းဆွေးနွေးပေးခြင်းဆိုတာ မရှိဘူး၊ အဲ့ဒီကားတိုင်ပေါ်မှာပဲ သခင်ခရစ်တော်က ကျွနု်ပ်တို့ရဲ့ယုံကြည်ခြင်လမ်းကိုဖွင့်ပေးခဲ့တယ် အဲ့လမ်းအတိုင်းဆက်လျှောက်ကြရမယ်။ ။ ဒုက္ခအခက်အခဲကြုံတွေ့နေရချိန်မှာ တိတ်ဆိတ်စွာ နေထိုင်ခြင်းမှာ ခွန်အားကိုရှာဖွေတွေ့ရှိကြောင်း၊ တိတ်ဆိတ်စွာနေထိုင်ခြင်းဟာ အမျက်ဒေါသစုစည်းခြင်းမဟုတ် နုညံ့သိမ့်မွေ့ခြင်းကို မွေးမြူခြင်းဖြစ်တယ်။ မိမိဒုက္ခအခက်အခဲ့ကို တိုက်ခိုက်ဖြေရှင်းပေးဖို့ဘုရားသခင်ကြွလာတဲ့အချိန်မှာ သူကိုနေရာပေးတပ်ဖို့လိုတယ်။

 

https://www.vaticannews.va/en/pope/news/2019-04/palm-sunday-abandonment-...

#palmsunday, #pope, #homily, #peterkm,
Photo credits to Vatican News
ဘာသာပြန်ဆိုသူ Fr. Peter Kyi Maung

Add new comment

4 + 7 =