မီးရထားမတော်တဆဖြစ်မှုကြောင့် သေဆုံးရသူများအတွက် ဝမ်းနည်းကြောင်း အိန္ဒိယ ကက်သလစ် ဆရာတော်ကြီးများထုတ်ဖော်

အိန္ဒိယ နိုင်ငံ ပန်ဂျပ် ပြည်နယ်မြောက်ပိုင်း ရှိ Amritsar မြို့ မီရထားမတော်တဆဖြစ်မှု
မီးရထားမတော်တဆဖြစ်မှုကြောင့် သေဆုံးရသူများအတွက် ဝမ်းနည်းကြောင်း အိန္ဒိယ ကက်သလစ် ဆရာတော်ကြီးများထုတ်ဖော်
အောက်တိုဘာ ၂၂၊ ၂၁၀၈

လွန်ခဲ့သော အောက်တိုဘာ ၁၉၊ ၂၁၀၈ သောကြာနေ့ က အိန္ဒိယ နိုင်ငံ ပန်ဂျပ် ပြည်နယ်မြောက်ပိုင်း ရှိ Amritsar မြို့ မီရထားမတော်တဆဖြစ်မှုတွင် အနည်းဆုံး လူပေါင်း ၆၀ သေဆုံးခဲ့ပြီး အများအပြား ဒဏ်ရာရရှိခဲ့ကြပါသည်။
အိန္ဒိယ နိုင်ငံ ကက်သလစ်ဆရာတော်ကြီးများအဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှု ဆရာတော် Theodore Mascarenhas မှ မီရထားမတော်တဆမှု့ကြောင့် သေဆုံးကြသူ ယောက်ျား၊ မိန်းမ၊ ကလေးသူငယ်များအတွက် အိန္ဒိယ နိုင်ငံ ကက်သလစ် အသင်းတော်မှ ထပ်တူဝမ်းနည်းရကြောင်း သဝဏ်လွှာ ထုတ်ပြန်ခဲ့ပါသည်။
ပုပ်ရဟန်းမင်းကြီး ဖရန်စစ်အရှင်သူမြတ်မှလည်း တနင်္ဂနွေနေ့က ဝမ်းနည်း သဝဏ်လွှာ ပေးပိုခဲ့ပြီး သေးဆုံးသွားသူများ၊ ဒဏ်ရရှိသူများ နှင့် ဝမ်းနည်းပူဆွေးနေကြသော မိသားစုဝင်များအတွက် ဆုတောင်းမှုဖြင့်အတူရှိနေကြောင်း ဖော်ပြခဲ့ပါသည်။
အလားတူပင် အိန္ဒိယ နိုင်ငံ ကက်သလစ်ဆရာတော်ကြီးများမှလည်း ဆုတောင်းပေးခြင်း၊ ကျန်ရစ်သူမိသားစုဝင်များ နှစ်သိမ့်ရရန် ဆုတောင်းပေးခြင်း၊ ဒဏ်ရရှိသူအားလည်းအမြန်ဆုံးသက်သာပျောက်ကင်းစေရန်၊ ဆုတောင်းပေးနေကြောင်းဖော်ပြခဲ့ကြပါသည်။
ဇူလိုင်လ အိန္ဒိယ နိုင်ငံ လွတ်တော် ထုတ်ပြန်ချက်အရ ၂၀၁၅ ခုနှစ်မှ ၂၀၁၇ ခုနှစ်အတွင်း မီးရထားမတော်တဆဖြစ်မှုကြောင့်သေဆုံးသူ ၄၉၇၉၀ ဦးရေ ရှိကြောင်း ယင်းကဲ့သို့မတော်တဆမကြာခဏဖြစ်မှုများအပေါ်၌လည်း မေးခွန်းထုတ်ခဲ့ကြပါသည်။ ပိုမိုလုပ်ခြုံစိတ်ချရမှုများ ရှိစေရန် ဖော်ဆောင်ကြဖို့လည်း တိုက်တွန်းခဲ့ကြပါသည်။
ဗာတီကန်သတင်းဌာနမှ ကောင်နုတ်ဖော်ပြပါသည်။

https://www.vaticannews.va/en/church/news/2018-10/indian-bishops-message-amritsar-train-disaster.html

#india, #bishop, #pray, #victims, #peterkm,
Photo credit to vatican news
ဘာသာပြန်ဆိုသူ Fr. Peter Kyi Maung

Add new comment

7 + 5 =