မိသားစု၏ သမ္မကျမ်းစာ၊ ကမ္ဘာအတွက်ပျော်ရွှင်ခြင်း


https://www.vaticannews.va/en/church/news/2018-08/apostolic-journey-ireland-about-wmof.html

#pope, #family, #dublin, #phoenix, #irelnad, #peterkm
Photo credit to vaticannews
ဘာသာပြန်ဆိုသူ Fr. Peter Kyi Maung

မိသားစု၏ သမ္မကျမ်းစာ၊ ကမ္ဘာမိသားစု၏​​ပျော်​ရွှင်ခြင်း ကို သြဂုတ်လ ၂၅ နှင့်၂၆ Ireland နိုင်ငံတွင်ကျင်းပပြုလုပ်မည့် ကမ္ဘာမိသားစုများတွေ့ဆုံပွဲ အတွက် အဓိကခေါင်းစီး အဖြစ် ပုပ်ရဟန်းမင်းကြီး ဖရန်စစ်အရှင်သူမြတ်မှ ကိုယ်​တိိုင်ရွေးချယ်ပေးခဲ့ပါသည်။
ခေါင်းစဉ်၏ ဆိုလိုရင်းအချက်အလက်များကို ကမ္ဘာမိသားစုများတွေဆုံပွဲ အခမ်း​အနားတလျှောက်လုံးတွင် ဆွေးနွေးသွားကြမည်ဖြစ်ပါသည်။
အခမ်း​အနားတလျှောက်လုံးတွင် ဆယ်ကျော်သက်များနှင့် ကလေးငယ်များအတွက် လိုက်ဖက်မည့်၊ ဘုရားတရားသင်ကြားခြင်း​၊ ဆွေနွေးခြင်း၊ ဆုတောင်းခြင်း၊ ကစားခြင်း များထည်း့သွင်းထားပြီး မိသားစုများအလိုက်ဦးဆောင်ပါဝင်ပြုလုပ်ကြရန်ပြင်ဆင်ထားကြောင်း၊
မိသားစုနှင့်ယုံကြည်ခြင်း ကို ဗုဒ္ဓဟူးနေ့၊
မိသားစုနှင့် ချစ်ခြင်းမေတ္တာ ကို ကြာသပတေး နေ့၊
မိသားစုနှင့် မျှော်လင့်ခြင်း ကို သောကြာနေ့ တို့တွင်​ ခေါင်စဉ်ပေးထားပြီး အသီးသီး ဆွေးနွေးသွားကြမည့်အကြောင်းနှင့် အမျိုးသမီး ခေါင်းဆောင်မှုပိုင်းပညာရပ် ဆွေးနွေးပွဲများလည်း ထည့်သွင်းပြုလုပ်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။
ဗာတီကန်သတင်းဌာနမှ ကောက်နုတ်​ေ​ဖာ်ပြပါသည်။

Add new comment

1 + 11 =