မိသားစုသည် အဓိပ္ပါယ်ပြည့်ဝသော ဘုရား၏ စီမံကိန်းဖြစ်သည်

အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်းတွေဆုံနေကြ လူထုတွေ့ဆုံခြင်း

မိသားစုသည် အဓိပ္ပါယ်ပြည့်ဝသော ဘုရား၏ စီမံကိန်းဖြစ်သည်
သြဂုတ်လ ၂၉၊ ၂၀၁၈

https://www.vaticannews.va/en/pope/news/2018-08/pope-francis-general-aud...

#pope, #generalaudience, #vatican, #family, #peterkm,
Photo credit to vatican news
ဘာသာပြန်ဆိုသူ Fr. Peter Kyi Maung

အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်းတွေဆုံနေကြ လူထုတွေ့ဆုံခြင်းမှာ အိုင်ယာလန် နိုင်ငံ တွင်ကျင်းပခဲ့သော ကမ္ဘာမိသားစုများတွေဆုံပွဲမှ သူ၏ အတွေအကြုံများကို ပြန်လည်ဝေမျှခဲ့ပါသည်။ ကမ္ဘာမိသားစုများတွေဆုံပွဲတွင် ကျွနု်ပ်ပါဝင်ခဲ့ရခြင်းရည်ရွယ်ချက်သည် မိသားစုဘဝ ခေါ်တော်မူခြင်း နှင့် မိသားစုတာဝန်များကို ပိုမိုသေချာစွာမြင်တွေ့စေလိုသောကြောင့်ဖြစ်ပါသည်။ ထောင်ပေါင်းများစွာသော မိသားစုတို့ စုရုံးရောက်ရှိပါဝင်ခဲ့ကြခြင်းသည် ပြည့်ဝသော အဓိပ္ပါယ် များဖြင့်လှပနေသော ဘုရား၏ စီမံကိန်းတော်ဖြစ်ကြောင်း၊ ယင်ကဲ့သို့ စုရုံးခြင်းအမှတ်လက္ခဏာသည် ကမ္ဘာပေါ်ရှိမိသားစုများ၏ ငြိမ်းချမ်းခြင်း၊ သဟဇာတဖြစ်ခြင်း နှင့် စည်းလုံးခြင်းကိုဖော်ပြနေကြောင်း၊ ထိုအရာသည် ဘုရားသခင်အလိုရှိသော အရာဖြစ်ကြောင်း၊ ဘုရားသခင်၏ အလိုတော် စီမံကိန်းကိုဖြည့်ဆည်းရန် မိသားစုဝင်အားလုံး၌ တာဝန်ရှိကြောင်း ပြောကြားခဲ့ပါသည်။ မိသားစုဘဝ၊ အိမ်ထောင်သည်ဘဝ ချစ်ခြင်းမေတ္တာ သည် ဘုရား၏ ကျေးဇူးတော်ဖြစ်ပါသည်။ မိသားစု အချစ်မှစတင်သော မိသားစု အသင်းတော် အိမ်တွင်းပြုစုပျိုးထောင်းပေးသော အသင်းတော် များဖြစ်လာကြရပေမည်။ ခွဲးခြားကန့်သတ်ခြင်းအလေ့အထသည် မိသားစုဝင်များအကြား၊ မျိုးဆက်တစ်ခုနှင့်တစ်ခုအကြား ဆက်သွယ်ဆက်ဆံရေးကို ဆိုးရွားစွာထိခိုက်စေပါသည်။ မိသားစုအတွင်း အဖိုးအဖွားများသည် ဘဝအတွေ့အကြုံပေါင်းမြောက်များစွာကို သိုမှီးထားသော ပညာရှိများဖြစ်ကြကြောင်း၊ အဖိုးအဖွားများပေးခဲ့သော ယုံကြည်ခြင်းကြောင့် မျိုးဆက်သစ်များ ဆက်လက်ယုံကြည်နေကြရသည်ဖြစ်၍ အဖိုး အဖွားများထံမှ ယုံကြည်ခြင်းကိုခံယူစေလိုကြောင်း ပြောကြားခဲ့ပါသည်။ မိသားစုတိုင်းတွင် အခက်အခဲများရှိသည်။ အသင်းတော်သည်လည်းမိသားစုဖြစ်သည့်အတွက်ကြောင့် အသင်းတော်အတွင်းမှ အမှားအယွင်းများသည် လည်းမိသားစုတခုလုံးကိုထိခိုက်စေကြောင်း မိသားစုဝင်တိုင်းမှာတာဝန်ရှိကြောင်း ပြောဆိုခဲ့ပါသည်။ မိသားစုတိုင်းသည် ငြိမ်းချမ်းခြင်း၊ တရားမျှတခြင်း၊ ဖြူစဉ်ခြင်းပါရမီ၊ ချစ်ခြင်းမေတ္တာ နှင့် ကောင်းမြတ်ခြင်းများတိုးပွားရာ အဖွဲ့အစည်းဖြစ်စေလိုကြောင်းပြောကြားခဲ့ပါသည်။

 

Add new comment

2 + 7 =