မိသားစုတိုင်းမှာ သက်သေခံ ပေးဆပ်ပြီး ဖြည့်ဆည်းရမဲ့ တာဝန်ရှိ

မိသားစုတိုင်းမှာ သက်သေခံ ပေးဆပ်ပြီး ဖြည့်ဆည်းရမဲ့ တာဝန်ရှိ

ကမ္ဘာ့မိသားစုများ အစည်းအဝေးကို မိသားစုပွဲတော်နဲ့ဇွန်လအတွင်း ဗာတီကန်မှာ စတင်ခဲ့ပါတယ်။ ကျွန်ုပ်တို့ရဲ့ မိသားစုတိုင်းမှာ သက်သေခံ ပေးဆပ်ပြီး ဖြည့်ဆည်းရမဲ့ (မီရှင်)တာဝန် ရှိပါတယ်။ ဆေးကြောခြင်းခံ ကျွန်ုပ်တို့ဟာ သန့်ရှင်းသော ဝိညာဉ်တော်ဘုရားရဲ့ သခင်ယေဇူးအကြောင်း သတင်းစကားကို ရယူပြီး ဘုရားရဲ့လူတွေကို လက်ဆင့်ကမ်း ဝေမျှပေးဖို့ ဖိတ်ခေါ်ခြင်း ခံကြရပါတယ်။ သင်နဲ့တွေ့ဆုံကြတဲ့ လူတွေကို ဘုရားသခင်က ဘယ်လိုမျိုး နှုတ်ကပါဌ်တော်ကို ပြောပြစေချင်တာလဲ ကျွန်ုပ်မေးချင်ပါတယ်။ မိသားစုတိုင်းက ယနေ့ ကမ္ဘာကို ဝရုန်းသုန်းကား ဖြစ်စေတဲ့ မုန်းတီးမှုကို လက်တွေ့တားဆီး နေထိုင်ရမှာ ဖြစ်ပါတယ်။ မိသားစုတိုင်းရဲ့ ဆက်ဆံရေးမှာ ကြိုဆိုမှု၊ နီးကပ်မှု၊ ကူညီပေးမှုနဲ့ အားအနည်းဆုံးလူကို အားပေးမှုတွေဟာ ကမ္ဘာကြီးကို ကရုဏာရောင်ခြည် ဖြာထွက်လာစေပါတယ်။ မိသားစု ဇနီးမောင်နှံ နှစ်ဦးကလည်း အခုလို ဝေမျှ ခဲ့ကြပါတယ်။.. “ကျွန်ုပ်ရဲ့ဇနီးမွေးနေ့မှာ ဘာလက်ဆောင် ပေးမလဲလို့ ရေဒီယို အသံလွှင့်တစ်ခုက မေးလာတာ မမေ့နိုင်ပါဘူး။ ဟုတ်ပါတယ်။ လူတွေက မိသားစုထဲမှာ ဘယ်လို ချစ်ခံရချင်သလဲ၊ ဘာလိုချင်သလဲ မေးမြန်းဖို့ ကြောက်နေတတ်ကြပါတယ်။ တစ်ခါတစ်ရံ မိသားစုအဖို့ တစ်ခုခု ဝယ်သွားရင်းနဲ့ ချစ်ခြင်းကို လက်တွေ့ ပြရတာ မခက်ဘူးလို့ သိလာကြတယ်။ တစ်ခါတလေ မိသားစုမှာ စိန်ခေါ်မှုတွေ ရှိနိုင်ပေမဲ့ သေးငယ်တဲ့အရာ လုပ်ဆောင်ချစ်နေသမျှ ပြဿနာကြီးဖြစ်မလာဘူးပေါ့။ အဲလိုမျိုးတွေ လုပ်ဆောင်ခြင်းက သန့်ရှင်းခြင်း၊ ဝိညာဉ်ရေးရာနဲ့ ချစ်ခြင်းဆိုင်ရာ ပညတ်အသစ် သင်ယူခြင်း ဖြစ်ပါတယ်။” ဆက်လက်ပြီး ပုပ်ရဟန်းမင်းကြီးရဲ့ မိန့်ကြားတာက… “သင့်ကိုသင်နားထောင်ခြင်းစိတ်သွင်းပြီး သင့်ကို ဘုရားပြောင်းလဲ စေသဖြင့် ကမ္ဘာကြီးကိုလည်း သင်ပြောင်းလဲ စေနိုင်ကာ၊ အဲဒါကို ကြိုဆိုဖို့ လိုအပ်နေသူတွေနဲ့ အချစ်ခံရပြီး ဘုရားကို တွေ့ဆုံဖို့ လိုအပ်နေသူတွေရဲ့ စံအိမ်ဖြစ်စေပါ။ “ချစ်လှစွာသော မိသားစုအပေါင်းတို့၊ ကရုဏာတရားကို အမြဲတမ်း ရှေ့ပြေးသယ်ဆောင်သူများ ဖြစ်ကြပါစေ။ ဘုရားရှင်ရဲ့ ယုံကြည်စိတ်ချရတဲ့ ပရောဖက်တွေနဲ့ ကျွန်ုပ်တို့ရဲ့ ဒုက္ခနဲ့သေခြင်းကို အောင်နိုင်တဲ့ သခင်ကိုသက်သေခံသူများ ဖြစ်ကြပါ။”

Source: Catholic News Service

Translated by ✍️Thang Ha, SJ

#rvamyanmar #rvapastoralcare #PopeFrancis #Families #worldfamiliesmeeting2022 

Add new comment

3 + 9 =