မိမိအတ္တ၏ကျွန်ဖြစ်နေခြင်းသည် အဆိုးဝါးဆုံးသော ကျွန်ဘဝဖြစ်

ပုုပ်ရဟန်းမင်းကြီး ဖရန်စစ် အရှင်သူမြတ်မှ အပတ်စဉ် ဗုဒ္ဓဟူးနေ့ တိုင်းတွေ့ဆုံနေကြ လူထု ပရိသတ်အား ဘုရားစကားသင်ကြားခြင်း

မိမိအတ္တ၏ကျွန်ဖြစ်နေခြင်းသည် အဆိုးဝါးဆုံးသော ကျွန်ဘဝဖြစ်
စက်တင်ဘာလ ၁၂၊ ၂၀၁၈

https://www.vaticannews.va/en/pope/news/2018-09/pope-francis-english-gen...

#pope, #generalaudience, #vatican, #peterkm
Photo credits to vatican news
ဘာသာပြန်ဆိုသူ Fr. Peter Kyi Maung

ပုုပ်ရဟန်းမင်းကြီး ဖရန်စစ် အရှင်သူမြတ်မှ အပတ်စဉ် ဗုဒ္ဓဟူးနေ့ တိုင်းတွေ့ဆုံနေကြ လူထု ပရိသတ်အား ဘုရားစကားသင်ကြားခြင်းတွင် ပညတ်တော်ဆယ်ပါးမှ တတိယ ပညာတ်တော် ဘုရားရှင်၏ သတင်းပွဲနေ့တို့ကိုစောင့်လော့ကို ဆက်လက်သင်ကြားခဲ့ပါသည်။
ဥပုဒ်နေ့တွင် အနားယူရမည်ဟူသော အချက်သည် အီဇရာအဲလ် လူမျိုးများ အီဂျစ်ပြည် ကျွန်ဘဝမှလွတ်မြောက်လာပြီးနောက် ကျင့်သုံးလာသောအချက်အဖြစ် ဝတ်ပြုရာကျမ်းတွင်ဖော်ပြထားသည်ကိုတွေ့ရှိရပါသည်။ ကျွန်တစ်ယောက်ဘဝသည် ကိုယ်ပိုင်အနားယူခွင့်မရှိ ပါ။ ယနေ့ခေတ် ကျွနု်ပ်တို့၏ ညီကိုယ်မောင်နှများသည်လည်း ခေတ်သစ်ကျွန်စနစ်အောက်တွင် စိတ်ရောခန္ဓာပါ ညင်းပမ်းနှိပ်စက်ခံနေရခြင်းမှ လွတ်မြောက်မှုကို ဆာလောင်နေကြပါသည်။ ဘုရားသခင်အတွက်အသက်ပေးသွားကြသော ရဟန္တာ သူတော်စင်များ သည် အမှောင်မိုက်ဆုံးသောအကျဉ်းထောင်တွင် အကျဉ်းကျခံနေသောြ်ငားလည်း သူတို့၏ အတွင်းစိတ်သည် လွတ်လပ်လျှက်ရှိသည် ကို ပြသခဲ့ကြပါသည်။ စစ်မှန်သော လွတ်လပ်မှုသည် ရွေးချယ်မှု့ထက်သာလွန်ပါသည်။ ချစ်ခြင်းမေတ္တာ ကင်းမဲ့ခြင်း၊ အပြစ်နှင့် တကိုယ်ကောင်းဆန် အတ္တတို့၏ ချည်နှောင် မှုမှလွတ်မြောက်ခြင်းသည် သာ စစ်မှန်သော လွတ်မြောက်မှုဖြစ်ပြီး လောဘ ဒေါသ မောဟ အတ္တ တွေစွဲလန်းနေသရွေ့ ဘယ်သော အခါမှ စစ်မှန်သော လွတ်မြောက်မှုကိုမရနိုင်ပါ။ အတ္တစိတ်မှ မလွတ်မြောငက်နိုင်သရွေ့ မိမိဘဝသည် ထောင်ကျနေသည့်အခြေအနေထက်ပိုမိုဆိုးဝါးနေကာ စစ်မှန်သောလွတ်မြောက်မှုနှင့်ဝေးကွာနေပါလိမ့်မည်။
ကျွနု်ပ်တို့နေစဉ်လိုက်နာစောင့်ထိန်းနေသော ဘုရားရှင်၏ သတင်းပွဲနေ့ နှင့် ခရစ်ယာန်အသက်တာတွင် နေ့စဉ်သတိထားရမည့်အချက်မှာ သခင်ခရစ်တော်၏ မကုန်မဆုံးနိုင်သော ချစ်ခြင်းမေတ္တာ၊ သနားကြင်နာမှုနှင့် အသက်ကိုစွန့်၍ ပေးခဲ့သော ကယ်တင်ခြင်းသည် ကျွနု်ပ်တို့ကို အပြစ်၏ကျွန်ဘဝမှလွတ်မြောက်စေ၍ အမှန်တရားမှ ထွက်ပေါ်လာသော စစ်မှန်သော လွတ်လပ်မှုကိုရရှိစေရန်ဖြစ်ပါသည်။

 

Add new comment

15 + 0 =