မိမိတို့၏ ဘာသာဝင်များနှင့် စကားပြောကြပါ

ရောမ မြို့ သင်တန်းတက်ရောက်နေကြသည့် ဆရာတော် အပါ း ၁၃၀

မိမိတို့၏ ဘာသာဝင်များနှင့် စကားပြောကြပါ
စက်တင်ဘာလ ၁၃၊ ၂၀၁၈

https://www.vaticannews.va/en/pope/news/2018-09/pope-to-bishop-s-never-h...

#bishops, #pope, #vatican, #course, #peterkm,
Photo credit to vatican news
ဘာသာပြန်ဆိုသူ Fr. Peter Kyi Maung

ရဟန်းမင်းကြီးဖရန်စစ် အရှင်သူမြတ်မှ ရောမ မြို့သို့ သင်တန်းတက်ရောက်နေကြသည့် ဆရာတော် အပါ း ၁၃၀ အား မိမိသိုးစုများနှင့် စကားပြောကြရန် တိုက်တွန်းထားပါသည်။ သင်တို့ကို ဘုရားသခင်သည် အချိန်ပိုင်း အတွက် ခေါ်ခဲ့ခြင်းမဟုတ်ပါ။ သင်တို့ဘဝ အသက်တာတခုလုံးပေးဆပ်ရန် ဘုရားသခင်မှသင်တို့ကို ရွေးချယ်ခဲ့ခြင်းဖြစ်ကြောင်း၊ ဘဝရဲ့ အမှောင်းဆုံးအချိန်၊ ဘုရားသခင်ပျောက်ကွယ်နေသည့်ဟု ခံစားရဆုံးအချိန်၊ မျော်လင့်ချက်အမဲ့ဆုံး အခြေအနေကြုံတွေ့ရရင်တောင် ဘုရားသခင်အတွက် မိမိသိုးစုအတွက် အမြဲနိုးကြားစွာ ဖြင့် အစေခံရန်အသင့် ရှိနေကြဖို့ မိန့်ကြားခဲ့ပါသည်။
ရှုံးနိမ့်မှုများ ပြင်းထန်စွာတွေ့ကြုံရချိန်၊ ဘဝ၏ ပူလောင်ခက်ခဲမှုများရင်ဆိုင်နေရချိန်တွင် ဘုရားသခင်၌ သစ္စာရှိစွာတည်ကြည်နိုင်ကြရန်၊ မိမိလုပ်သမျှအရာရာတိုင်းကိုဘုရားသခင်၌ ဦးတည်လုပ်ကိုင်ကြရန်၊ ဘုရားသခင်ထံမှ အရာအားလုံးတောင်းခံတတ်သူဖြစ်သလို၊ ဘုရားသခင်ကို အရာအားလုံးပြန်ပေးနိုင်သူဖြစ်အောင် ကြိုးစားရမည် ဖြစ်ကြောင်း အားပေးခဲ့သည်။
ဆက်လက်ပြီး အရှင်သူမြတ်မှ တွေ့ကြုံဖြစ်ပေါ်လာသည့် လူတို့လုပ်သောဘေးဒုက္ခ၊ သဘာဝဘေးဒုက္ခများ ကြားမှာ ဘုရားကိုမေ့နေရန်မဟုတ်ဘဲ ဖြစ်လာသည့် အချိန်တိုင်းဘုရားကိုခေါင်ထောင်ကြည့်ပြီး အကူအညီတောင်းတတ်သူ၊ ဘုရားနှင့်သွားရောက်ကူညီသူ၊ လူတို့၏လုပ်နိုင်စွမ်းထက် ဘုရားအလိုကို အရင်ရှာဖွေသူဖြစ်နေရပါမည်။
ဘာသာရေးခေါင်းဆောင်များ၊ ဘာသာရေးလူမှုရေး အနစ်နာခံလုပ်ဆောင်နေသူများသည် လူတို့၏ဖော်ပြခြင်းမခံကြရပါ၊ သို့သော် သင်တို့သည် လူအများ အထင်ကြီးခံရရန်ပြုလုပ်အစေခံကြခြင်းမဟုတ်။ မိမိလုပ်နေသော အလုပ်ကို ဇွဲ လုံ့လ၊ ဝရိယ ရှိစွာဖြင့် ဘုရား၏ သနာကြင်နာခြင်း၊ ကရုဏာမေတ္တာကို ဆာလောင်နေသော ညီအစ်ကိုမောင်နှမများအတွက် အသက်ရှင်ခွင့်ရရန်၊ ချစ်တတ်ရန်၊ မျှော်လင့် တတ်စေရန် အမြဲသင်ကြားလမ်းပြပေးနေရပါမည်။
တာဝန်ကြီးကြီးမားမားယူထားသူများအတွက် အခက်အခဲအမျိုးမျိုးကြုံရတတ်ပါသည်၊ ယင်းအချိန်မျိုးတွင် ဘုရားသခင်သည် ကိုယ်တော်မြတ်စက္ကရမင်းတူး တခုတည်းပေးခဲ့သည်မဟုတ် ။ ခရစ်တော်အား ယုံကြည်သူများကိုလည်းကျွနု်ပ်တိုလက်သို့ ပေးအပ်ခဲ့သည်ကို သတိရကြရန် ပြောကြားခဲ့ပါသည်။
သန့်ရှင်း ဖြူစင်ခြင်း၏ အရင်းအမြစ်သည် သမ္မာတရား ၌မွေ့လျှော်တတ်သောကျေးဇူးတောင်ပင်ဖြစ်ပြီး အသင်းတော်၏ ရည်ရွယ်ချက်သည် အသစ်သော စပျစ်ရည်ဖြစ်သည် ့ သခင်ခရစ်တော်ကို လူတိုင်းအားဝေမျှှရန် ဖြစ်သည်။ ယင်းလုပ်ငန်းကိုလည်း မည်သူမျှကျွ်နုပ်တို့ကို တာဆီးပိတ်ပင်နိုင်မည်မဟုတ်ကြောင်း၊ ပြောကြားခဲ့ပါသည်။
သင်တို့အယောက်တိုင်းစီသည် ဘုရားသခင်နှင့် နီးကပ်မှု့၊ တလုံးတဝတည်းရှိမှု့၊ ဘုရား၏ကာကွယ်စောင့်ရှောက်မှုဖြင့်သင်တို့ လုပ်ဆောင်ရမည့်သာသနာလုပ်ငန်းတွင် ဘုရားသခင်၏ ကောင်းမြတ်လှပခြင်းကို လူအယောက်စီတိုင်း တွေ့မြင်နိုင်ကြပါစေ။ ဘုရားသခင်၏ဖြူစင်ခြင်း ပါရမီဖြင့် ပြည့်ဝကြပါစေ။
ဗာတီကန်သတင်းဌာနမှ ကောက်နုတ်ဖော်ပြပါသည်။

 

Add new comment

13 + 0 =