မိမိကိုယ်ကို ဒါမှမဟုတ် ကမ္ဘာကြီးကို “Photoshop”- ဖြတ်ညှပ်ကပ်ပုံတု လုပ်လို့ မရပါ

မိမိကိုယ်ကို ဒါမှမဟုတ် ကမ္ဘာကြီးကို “Photoshop”- ဖြတ်ညှပ်ကပ်ပုံတု လုပ်လို့ မရပါ

***********************************************************************************

ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က လူငယ်မောင်မယ်တွေရဲ့ နှလုံးသားကို ဖြတ်ညှပ်ကပ်ပုံတု မလုပ်ကြဖို့ အားပေး ခဲ့ပါတယ်။ မိမိကိုယ်ကို ဒါမှမဟုတ် ကမ္ဘာကြီးကို “Photoshop”- ဖြတ်ညှပ်ကပ်ပုံတု လုပ်လို့ မရပါဘူး။

အရည်အသွေး မြင့်မားစွာနဲ့ အရောင်တင် စီစစ်ပြုပြင် ခြင်းတွေက ဗီဒီယိုထဲမှာပဲ လုပ်လို့ ရတာပါ။ ကျွန်ုပ်တို့ရဲ့ သူငယ်ချင်း တွေကို အဲဒီလိုမျိုး ဘယ်တော့မှ လုပ်လို့ မရပါဘူး။ တချို့ ဓာတ်ပုံတွေက အရမ်းကို လှပါတယ်။ ဒါပေမဲ့ အဲဒါတွေက လုံးဝ ပုံတုကြီး ဖြစ်နေတယ်။

သင်တို့ကို ပြောပြချင်တာက စိတ်နှလုံးသားကို ဖြတ်ညှပ်ကပ်ပုံတု လုပ်လို့ မရပါဘူး။ ဘာကြောင့်လဲဆိုတော့ နှလုံးသားက စစ်မှန်တဲ့ ပျော်ရွှင်ခြင်းကို ရှာတွေ့တဲ့နေရာ ဖြစ်လို့ ပါပဲ။

နှလုံးသားက သင်ဘယ်နေရာ ရှိနေသလဲ ပြရတဲ့နေရာပါ၊ သင့်နှလုံးသားရော ဘယ်လို ဖြစ်နေလဲ။ သခင်ယေဇူးက သင်တို့ကို အပေါ်ယံအလှ ပြင်ထာတဲ့ နှလုံးသားကို မလိုချင်ပါဘူး။ သခင်ယေဇူးက သင့်ကို အရှိအတိုင်းပဲ ချစ်ပါတယ်။

သခင်ယေဇူးမှာ သင့်တို့ အယောက်ဆီတိုင်း အတွက်အိမ်မက်တစ်ခုစီ ရှိနေပါတယ်။ သခင်ယေဇူးက ကျွန်ုပ်တို့နဲ့ စိတ်မပျက်ဘူး ဆိုတာက်ုလည်း မမေ့ကြပါနဲ့။ သင်စိတ်ပျက်လာတဲ့ အချိန်တွေမှာ သမ္မာကျမ်းစာယူပြီး ဘုရားသခင်ရွေးကောက်ခြင်းကို လက်ခံ ခဲ့ကြသူတွေအကြောင်း ဖတ်ရှုပါ။

မိုးဆယ်ဟာ စကားထစ်သူဖြစ်ပေမယ့် ဘုရားသခင်က သူ့ကို ရွေးကောက်ခဲ့တယ်။

အာဘရာဟမ်ဟာ အသက်အရမ်းကြီး နေခဲ့တယ်။

ယေရမိကျတော့လည်း အရမ်းအသက် ငယ်နေခဲ့တယ်။

ဇာခေဦးစ်က အရပ်ပုပြီး လူကောင်သေးတယ်။

တပည့်တော်ကြီးတွေဟာ သခင်ယေဇူးဆုတောင်း ခိုင်းချိန်မှာတောင် အိပ်မောကျ နေခဲ့ကြတယ်။

မေရီမာသလေနားဟာ အများသိတဲ့ အပြစ်သည်ပါ။

ပေါလ်က ခရစ်ယာန်တွေကို လိုက်လံညဉ်းဆဲ သတ်ဖြတ်ခဲ့ပါတယ်။

ပီတာက သခင်ယေဇူးကို ငြင်းပယ်ခဲ့ပေမယ့် ပုပ်ရဟန်းမင်းကြီးအဖြစ် ရွေးကောက်ခံရပါတယ်။

ဒီရွေးခံရတဲ့ စာရင်းထဲမှာ ကျွန်ုပ်တို့လည်း ဆက်ပြီးရေတွက်နိုင်တယ်။ သခင်ယေဇူးက အနာအဆာတွေနဲ့ သူငယ်ချင်းတွေကို ချစ်သလိုပဲ သင့်ကိုလည်း အရှိအတိုင်း ချစ်နေပါတယ်။ မိမိကိုယ်ကို ပြန်လည်ပြုပြင်ချင်သူတိုင်းကို သခင်ယေဇူး ချစ်သလိုမျိုး သင့်ကိုလည်း ချစ်ပါတယ်။

သင့်ကိုသင် အလှအပအတုတွေ မပြင်ဆင်လိုက်ပါနဲ့။

 

✍️ထန်းဟာ✍️

#rvamyanmar #rvapastoralcare #PopeFrancis

Add new comment

6 + 4 =