မိဘများပွဲနေ့ ပါပါး၏မင်္ဂလာသတင်းစကား

#သက်ကြီးရွယ်အိုတွေဟာ_လူငယ်တွေရဲ့ရှင်သန်ရာ_အရင်းအမြစ် ဖြစ်ပါတယ်။

ချစ်လှစွာသော ညီအစ်ကို မောင်နှမ အပေါင်းတို့ သခင်ယေဇူးရဲ့ အဘိုးအဖွားတွေဖြစ်ကြတဲ့ စိန့်ဂျိုကင်းနဲ့အာနာပွဲ့နေ့မှာ သက်ကြီးရွယ်အိုတွေကို ယုယကြင်နာစွာ ပြုမူကြဖို့ လူငယ်တွေကို ကျွန်ုပ်အနေနဲ့ ဖိတ်ခေါ်ချင်ပါတယ်။

အထူးသဖြင့် သူတို့ရဲ့နေအိမ်တွေနဲ့ ဘိုးဘွား ရိပ်သာတွေမှာ အထီးကျန်ဆန်အခံစားရဆုံးသူတွေနဲ့ လပေါင်းများစွာ သူတို့ချစ်ရသူတွေနဲ့ မတွေ့နိုင်တဲ့သူတွေကိုပါ။ ချစ်လှစွာသော လူငယ်အပေါင်းတို့... ဒီသက်ကြီးရွယ်အို အယောက်ချင်းစီက သင်တို့ရဲ့ဘိုးဘွားတွေပါ။ သူတို့ကို ဒီအတိုင်းပဲ ပစ်မထားကြပါနဲ့ ချစ်ခြင်းရဲ့ ဆန်းသစ်မှုတွေကို အသုံးပြုကြပါ။

ဖုန်းတွေ၊ ဗီဒီယိုတွေနဲ့ သူတို့ကို ခေါ်ပြောကြပါ။ သူတို့ကိုနားထောင်ပေးပါ။ စာတွေရေးပို့ကြပါ။ ကျန်းမာရေးစည်းကမ်းတွေ လိုက်နာပြီး ဖြစ်နိုင်တဲ့နေရာတွေမှာ သူတို့ဆီကို သွားလည်ကြပါ။ သူတို့ကို ပွေ့ဖက်ပေးကြပါ။  သူတို့တွေက သင်တို့ရဲ့အရင်းအမြစ်တွေ ဖြစ်ပါတယ်။

အမြစ်ကို နုတ်လိုက်တဲ့အပင်က မကြီးထွားနိုင်တော့ဘူး။ ဝေဝေဆာဆာနဲ့ အသီးမသီးနိုင်တော့ပါဘူး။ အဲဒါကြောင့် သင်တို့ရှင်သန်ဖို့ အရင်းအမြစ်နဲ့ ဆက်နွယ် ချည်နှောင်နေဖို့ အရေးကြီးပါတယ်။ "သစ်ပင်တွေ ဖူးပွင့်ဝေဆာနိုင်တာက မြေဆီလွှာကြောင့် ဖြစ်ပါတယ်" လို့ကျွန်ုပ်ဇာတိမြေရဲ့ ကဗျာတစ်ပုဒ်က ဆိုထားပါတယ်။ အဲဒါကြောင့် ကျွန်ုပ်တို့ရဲ့ ဘိုဘွားတွေကို လက်ခုပ်သြဘာတွေ့နဲ့ ကြီးမားစွာဂုဏ်ပြုကြဖို့ သင်တို့ကို ကျွန်ုပ် ဖိတ်ခေါ်ချင်ပါတယ်။ 

✍️ထန်းဟာ, SJ

Add new comment

2 + 1 =