မာဖီးယားတို့၏လက်တွင်းမှမယ်တော်သခင်မကိုလွှတ်မြောက်ခွင့်ပေးလိုက်ပါဟုရဟန်းမင်းကြီးတောင်းခံ

မာဖီးယားတို့၏လက်တွင်းမှမယ်တော်သခင်မကိုလွှတ်မြောက်ခွင့်ပေးလိုက်ပါဟုရဟန်းမင်းကြီးတောင်းခံ

မာဖီးယားတို့၏လက်တွင်းမှမယ်တော်သခင်မကိုလွှတ်မြောက်ခွင့်ပေးလိုက်ပါဟုရဟန်းမင်းကြီးတောင်းခံ

ဆောင်းပါး၏ခေါင်းစဉ်ကိုဖတ်၍ စာဖတ်သူများအမိမယ်တော် မာဖီးယားဂိုဏ်း၏ဖမ်းဆီးခြင်းခံရလေပီလောဟု အံ့အားသင့်သွားကောင်းသင့်သွားမည်။ စိုးရိမ်ကောင်းစိုးရိမ်သွားပေမည်။ အမှန်မှာထိုသို့မဟုတ်။ မာဖီးယားသည်အီတလီ တောင်ပိုင်း၌ကျက်စားလွှမ်းမိုးထားသောဒုစရိုက်ဂိုဏ်းဖြစ်သည်။ သူတို့သည်ဒုစရိုက်အမူကိုပြုသော်လည်း အမိမယ်တော် ကိုမူအလွန်သဒ္ဓါကြည်ညိုကြသည်။ သဒ္ဓါကြည်ညိုသည်မှာကောင်းပါသည်။ သို့သော်၄င်းတို့၏သဒ္ဓါကြည်ညိုမူမှာမစင် ကြယ်သည့်အပြင်မရိုးသားကြ။ အဘယ်ကြောင့်ဆိုသော်၄င်းတို့၏ဒုစရိုက်အမူအထမြောက်အောင်မြင်စေရန်ကိုးစားခြင်း၊ တစ်ခါတရံလူအထင်အမြင်မမှားအောင်ဟန်ဆောင်ကြည်ညိုပြခြင်းသာဖြစ်သည်။ ထိုမရိုးမသားသော၊ စဉ်းလဲသောကြည် ညိုမူမျိုးမှအမိမယ်တော်ကိုလွှတ်မြောက်စေရန်တောင်းဆိုလိုက်ခြင်းဖြစ်သည်။

အဘယ်သို့လွှတ်မြောက်အောင်ဆောင်ရွက် စေသနည်း။ အမိမယ်တော့်ကိုဧ၀ံဂေလိတရားတော်နှင့်ညီလျှော်သောတရားမျှတခြင်း၊ လွှတ်လပ်ခြင်း၊ ရိုးသားခြင်း၊ တစ် စိတ်တစ်၀မ်းတည်းထားသောရိုးသားဖြူစင်သည့်ကြည်ညိုမူဖြင့်ကြည်ညိုရန်၊ မိမိ၏ရာဇ၀တ်မူမြောက်သောအကျိုးစီးပွား များအောင်မြင်ဘေးကင်းရန်အသုံးချကြည်ညိုခြင်းများမပြုခြင်းဖြင့်လွှတ်မြောက်စေရန်ဖြစ်သည်။ ရဟန်းမင်းကြီးသည်ဤတိုက်တွန်းချက်ကိုစာထုတ်၍ ရဟန်းမင်းကြီးအသိအမှတ်ပြုထားသောအပြည်ပြည်ဆိုင်ရာ မယ်တော်၏အကြောင်းကိုသင်ကြားသောကျောင်းတော်ကြီး၏ကျောင်းအုပ်ဖြစ်သောဖာသာရ် Stefano Cecchin ပြီးခဲ့သော ကြာသပတေးနေ့ကပေးပို့ခဲ့သည်။

စာထဲ၌ရဟန်းမင်းကြီးက အမိမယ်တော်ကိုကြည်ညိုခြင်းနှင့်ဒုစရိုက်သမားတို့၏အမိ မယ်တော်ကိုအကာအကွယ်ယူအသုံးချခံသည့်ပုံရိပ်မျိုးမဖြစ်စေရန်စေ့စပ်သေချာစွာစီစစ်ဖော်ထုတ်ရန်လည်းတိုက်တွန်း ထားသည်။ စင်ကြယ်လှသည့် ကျွန်ုပ်တို့၏ယုံကြည်ခြင်းအမွေကိုစောင့်ထိန်းကာကွယ်ပါ။ အမိမယ်တော်၏အကြောင်းသင်ကြားပို့ချသောကျောင်းတော်ကြီး၏တာ၀န်မှာ အမိမယ်တော်နှင့်စပ်လျင်းသောအ မြင်၊ ကြည်ညိုမူများကိုမှန်ကန်စွာသင်ကြားရမည်ဖြစ်သည်။ ကမ္သာတစ်၀န်းရှိ အထူးသဖြင့်အီတလီနိုင်ငံရှိဘာသာရေးနှင့် ယဉ်ကျေးမူကိုအမွေအနစ်များကိုရှာဖွေဖော်ထုတ်၍တန်ဖိုးထားရမည်၊ မူလတန်ဖိုးမပွန်းမပဲ့၊ မပျောက်မပျက်အောင်ကာ ကွယ်ထိန်းသိမ်းရမည်ဖြစ်သည်။ အီတလီနိုင်ငံအနှံ့၌ကက်သလစ်ဘာသာတူများ၏မယ်တော်အပေါ်သဒ္ဓါကြည်ညိုမူသည် ဆိုးရွားစွာဖြင့်မာဖီးယာဒုစရိုက်သမားများ၏လမ်းညွှန်ချက်အတိုင်းဖြစ်နေကြသည်။

တစ်နည်းအားဖြင့်ဆိုသော် ၀◌ိညာဉ် ရေးတန်ဖိုးများပျောက်ပျက်သွားရသည်။ စင်ကြယ်သောအမူသည်ညစ်ထေးအကျည်းတန်သွားရသည်။ ဥပမာပြရသော် မယ် တော်၏ဆင်းတုတော်ကိုပင့်၍စီတန်းလှည့်လည်သည့်အခါ ငွေရှင်၊ ဓနရှင်တို့၏အိမ်ရှေ့သို့ရောက်လျှင်ရပ်တန်၍ဦးညွှန်စေ ခြင်းတို့ဖြစ်သည်။ ထို့ကြောင့်ဘာသာတူများကိုပြန်လည်ပြုပြင်တည်မတ်ပေးရမည်။ ၄င်းတို့၏ကြည်ညိုမူသည်ဘာသာရေး အနစ်သာရနွယ်သောကြည်ညိုမူမျိုးမဟုတ်ဘဲ အယူသည်းသော (အစွဲ) ကြီးသောလုပ်ရပ်ဆီသို့နွယ်သွားသည်။ ဤသို့ပြု လုပ်ရခြင်းမှာ မာဖီးယားခေါင်းဆောင်များအားသာသနာမှလည်းကောင်း၊ နိုင်ငံတော်မှလည်းကောင်း၊ လူမူအသိုင်းအ၀န်း ကလည်းကောင်းဒုစရိုက်ဂိုဏ်းဟုသတ်ထားသောကြောင့် ထိုအတွေးအခေါ်ကိုဖျောက်ဖျက်ပစ်ရန် ‘ဘုရားသခင်သည် ၄င်း တို့နှင့်ရှိနေသည်’ ဟူသောအထင်ကိုဘာသာတူများ၏အထင်၌စွဲကျန်စေချင်သည်။ ၄င်းတို့နှင့်ပတ်သက်နေသောဘာသာတူ များအားလည်း ၄င်းတို့သည်လူဆိုးများမဟုတ်၍ ဂိုဏ်းနှင့်လမ်းခွဲမသွားရန်သိမ်းသွင်းမှိုင်းတိုက်ထားလိုက်ခြင်းဖြစ်သည်။ အများကောင်းကျိုးအတွက် အတူတကွလုပ်ဆောင်ကြပါစို့။ အမိမယ်တော်အကြောင်းသာသင်ကြားသောကျောင်းတော်ကြီးအဖွဲ့က စက်တင်ဘာလတွင်မယ်တော်ဂူများ၏တာ ၀န်ခံများနှင့်တွေ့ဆုံ၍လမ်းညွှန်ချက်များကိုတင်ပြပေးမည်ဖြစ်သည်။

ဤအစည်းအ‌ေ၀းကြီး၌ဓမ္မတွေးခေါ်ပညာရှင် များအပြင်၊ မယ်တော်အကြောင်းကိုစေ့စပ်သေချာစွာလေ့လာထားသောပညာရှင်များ၊ တရားသူကြီးများ၊ ရာဇ၀တ်မူကိုကိုင် တွယ်ရာတွင်ကျွမ်းကျင်သောပညာရှင်များ၊ ရှေ့နေများ၊ ရဲ၀န်ထမ်းများနှင့်အရပ်သားခေါင်းဆောင်များလည်းပါ၀င်ကြမည် ဖြစ်သည်။ ဤသို့သော်အစီးအ‌ေ၀းမျိုးကိုနှစ်စဉ်မေလ (၁၃) ရက်နေ့ကျင်းပပြီး၊ ယခင်နှစ်ကချမှတ်ခဲ့သောလုပ်ငန်းစဉ် များအဘယ်မျှဖော်ဆောင်နိုင်သည်၊ မည်သည့်အခက်အခဲရှိသည်များကိုအစီရင်ခံစာတင်ပြရမည်။ ကျွန်ုပ်တို့သည်အတူတ ကွလက်တွဲလုပ်ဆောင်ရမည်။ သို့သော်ပြည်နယ်၊ ဘုရားကျောင်းများနှင့်အခြားအသင်းအဖွဲ့များ၏လုပ်ငန်းနှင့်ရောထွေးမ သွားစေရ။ ကျွန်ုပ်တို့သည်အများကောင်းကျိုးအတွက်ပေးဆက်လုပ်ဆောင်ခြင်းဖြစ်သည်။ ပညာရေးကျောင်းသည်ပြဿ နာကိုရင်ဆိုင်ရ၊ ထိပ်တိုက်ဆွေးနွေးသောနေရာဖြစ်သည်ဟုရဟန်းမင်းကြီးဖရန်စစ်၏ကလမ်းညွန်ထားသည်။ အခြားရူ့ ထောင်တစ်ဖက်မှမူမွတ်စလင်များနှင့်ညှိနှိုင်းဆွေးနွေးရမည်ဖြစ်သည်။

မယ်တော့်အကြောင်းကိုလေ့လာရန် ‘မွတ်စလင်-ခ ရစ်ယာန်အဖွဲ့ကိုလည်းဖွဲ့ပြီးဖြစ်သည်။ ထို့အတူဘာသာရေးပို့ချချက်ကိုလည်းရောမမြို့ရှိဗလီကျောင်း၌ကျင်းပမည်ဖြစ်ပြီး၊ ဤသို့အားဖြင့်ဘာသာတစ်ခုနှင့်တစ်ခုတိုက်ခိုက်ပြောဆိုနေကြသည့်တင်းမာမူများကိုလျော့ပေါ့ပပျောက်သွားစေရန်၊ ဘာ သာရေးသည်အဘယ်သို့ကွဲပြားသွားကြောင်း၊ ပြဿနာများအဘယ်သို့ဖန်တီးလာသည်တို့ကိုဆွေးနွေးကြမည်။ သို့မှသာ ‘ဘုရားသခင်သည်ချစ်ခြင်းဖြစ်သည်။ ကြောက်လည်းမကြောက်နှင့်။ အပြစ်လည်းပေးမည်မဟုတ်ဟုဖာသာရ် Stefano Cecchin ကရှင်းပြခဲ့သည်။

 

ဘာသာပြန် - ဖာသာရ် ကလဲမင့်အားတယ်

https://bit.ly/2Q5o8Sj

Add new comment

6 + 3 =