မသန်မစွမ်း သူများကို ကူညီကြရန် ရဟန်းမင်းကြီး ဖရန်စစ် အရှင်သူမြတ် အားပေး

မျက်မမြင်များကို အဓိကကူညီသော သာသနာပြု ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ် တွေ့ဆုံ
မသန်မစွမ်း သူများကို ကူညီကြရန် ရဟန်းမင်းကြီး ဖရန်စစ် အရှင်သူမြတ် အားပေး
နိုဝင်ဘာ ၁၇၊ ၂၀၁၈

မျက်မမြင်များကို အဓိကကူညီသော သာသနာပြု လုပ်ငန်း နှစ် ၉၀ ပြည့်ဂျူပလီ နေ့၊ နိုဝင်ဘာလ ၁၇ ရက်နေ့တွင် သာသနာပြုအဖွဲ့ဝင် ၄၀၀ နှင့် ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ် တွေ့ဆုံခဲ့ပါသည်။
ယင်းတွေ့ဆုံခြင်းတွင် မျက်စိမမြင်သူများကိုလည်း အဖွဲ့ဝင်များမှ အတူတကွ ခေါ်ဆောင်ခဲ့ကြပါသည်။ ယနေ့ခေတ် ကမ္ဘာပေါ်တွင် စွန့်ပစ်ခံရသူများ၊ အဆင်းရဲဆုံးသူများ နှင့် မိတ်ဆွေဖွဲ့ခြင်းအတူတကွနေထိုင်ကူညီပေးနေကြသော မျက်မမြင်များကိုကူညီသော သာသနာပြု လုပ်ရှားမှုအဖွဲ့ကို ရဟန်းမင်ကြီး ဖရန်စစ် အရှင်သူမြတ် မှ ကျေးဇူးတင်အားပေးခဲ့ပါသည်။
တကယ့်လိုအပ်နေသူများ၊ ချို့တဲ့သူများ၊ အနှိမ်ခံလူတန်းစားများကို အထူးသဖြင့် မျက်စိအမြင်အာရုံ မရရှိကြသူများကို ချစ်ခြင်းမေတ္တာ လက်နှက်ဖြင့် မျက်စိမြင်သူများမှ မမြင်ရသူများကို လက်ချင်းတွဲကူညီပေးကြခြင်းသည် လူအဖွဲ့အစည်း၏ စစ်မှန်သော စည်းလုံးခြင်းလက္ခဏာကို ဖော်ပြနေကြောင်း၊
အားနည်းသူကို သူ့ ဘဝယုံကြည်မှုအပြည့်အဝဖြင့် ရှင်သန်နေထိုင်နိုင်ရန်၊ အဖော်ပြုကူညီပေးခြင်း၊ အနာဂတ် အသစ်များဖော်ဆောင်ပေးခြင်းအားဖြင့် ချို့တဲ့သူများများသည် ချစ်ခံရခြင်း၊ ပေါင်းသင်းဆက်ဆံမှုပြုခံရခြင်း၊ ကြိုဆိုခံရခြင်းသည် လူတစ်ယောက်၏ ဂုဏ်သိက္ခာကို မြင့်တင်ကူညီပေးခြင်းဖြစ်ကြောင်း၊ ယင်းကဲ့သိုကူညီခြင်းအားဖြင့် စစ်မှန်သော ဘဝအဓိပ္ပါယ်ကိုဖော်ဆောင်ခြင်း၊ စစ်မှန်သော ပျော်ရွှင်မူကို အတူတကွတွေ့ကြုံခံစားကြရပါသည်။ ဆင်းရဲသားများ၊ မသန်မစွမ်းဖြစ်သူများကို မျက်မလွဲ၊ ရှောင်ထွက်မသွားကြဘဲ လက်ခံတွေဆုံကူညီပေးခြင်းသည် (ငါရေငတ်စဉ် သင်တို့သည့်ငါ့ကို သောက်စရာရေ ပေးကြ၏၊ အဝတ်အစားမရှိစဉ် အဝတ်နှင့် ဖုံးလွှမ်းကြ၏၊ နေမကောင်းဖြစ်စဉ်ကြည့်ရှုကြ၏) စစ်မှန်သော သာသနာပြုခြင်းကိုလက်တွေ့ဖော်ဆောင်ခြင်းဖြစ်ကြောင်း၊
မျက်စိမြင်သူများမှ မမြင်ရသူများကို လက်ချင်းတွဲကူညီပေးကြခြင်းသည် အပြန်အလှန်ကူညီခြင်းရဲ့ အသီးအပွင့်၊ အသင်းတော်နှင့် လူမှု့ရေးလုပ်ငန်းများတွင် ပါဝင်လာစေခြင်း၊ အနိမ့်ကျဆုံး၊ သူတစ်ပါးအကူအညီလိုအပ်ဆုံးသူများကို ကူညီခြင်းသည်၊ ဆင်းရဲသားများ၏ အသင်းတော်ကို ပိုမိုအားကောင်းလာစေရန် အတူတကွလုပ်ဆောင်ကြခြင်းဖြစ်ကြောင်း အားပေးပြောကြားခဲ့ပါသည်။

https://www.vaticannews.va/en/pope/news/2018-11/pope-francis-blind-ecclesial-movement-poor.html

#pope, #blind, #help, #peterkm,
Photo credits to Vatican News
ဘာသာပြန်ဆိုသူ Fr. Peter Kyi Maung

Add new comment

1 + 8 =