Radio Veritas Asia Buick St., Fairview Park, Queszon City, Metro Manila. 1106 Philippines | + 632 9390011-15 | +6329390011-15
မပူ မအေး စိတ်နေစိတ်ထားရှိသူများသည် ဘုရားကိုချောင်ထိုးထားကြသူများဖြစ်ကြောင်း
မပူ မအေး စိတ်နေစိတ်ထားရှိသူများသည် ဘုရားကိုချောင်ထိုးထားကြသူများဖြစ်ကြောင်း
ဒီဇင်ဘာလ ၁၆၊ ၂၀၁၉
ကာစာ စန်တာ မာတာ Casa Santa Marta ပြီးခဲ့သောတနင်္လာနေ့က ရဟန်းမင်းကြီးအရှင်သူမြတ်ဟောကြားသော မစ္ဆာတရားတော်တွင် မပူမအေးစိတ်နေစိတ်ထားရှိသူများသည် ဘုရားကိုချောင်ထိုးထားကြသူများဖြစ်ကြပြီး ပီလာတူး မင်းကဲ့သို့ မိမိကိုယ်ကို အပြစ်ရှောင်ပြီး လက်ဆေးကြ သူများ ဖြစ်ကြောင်းဟောကြားခဲ့ပါသည်။
ရှင်မာတေဦး ၂၁: ၂၃-၂၇ ကို အခြေခံပြီးဟောကြားရာတွင် ဖရီဇေဦးတို့၏ မေးခွန်း ကို အခြေခံပြီး မပူမအေးစိတ်ထားနှင့် ပြဿနာကိုရှောင်လွှဲလို့သောစိတ်ထားရှိသူတို့သည်၊ ကောင်းကင်နိုင်ငံသို့ဝင်ရလိမ့်မည်မဟုတ်၊
သခင်ခရစ်တော်၏ဟောကြားသွန်သင်ချက်တို့သည် လူတို့အား ကုသပေးခြင်းနတ်ဆိုးများကိုနှင့်ထုတ်ပေးခြင်း စသည့်သခင် ခရစ်တော်၏သနားကြင်နာမှုနှင့်ဂရုစိုက်မှုတို့သည် လူအများကိုဆွဲဆောင့်သကဲ့သို့ဖြစ်နေပြီး ယင်းအချက်အပေါ်မနာလိုမုန်းထားကြသော ရဟန်းအကြီးအကဲတို့မှထိုကဲ့သို့မေးခွန်းထုတ်ခဲ့ခြင်း ဖြစ်လေသည်။
သို့သော်လည်းထို ရဟန်း အကြီးအကဲတို့မှာ သခင်ခရစ်တော်ပြန်လည်မေးခဲ့သောမေးခွန်းကိုမဖြေနိုင် ခဲ့ကြပေ။ အမှန်တရားကိုဝန်မခံရဲသောသူတို့သည် ယုံကြည်မှုမှားယွင်းသူတို့၏ဆွဲဆောင်မှုနောက်သို့ပါနိုင်ကြောင်း၊
အကူအညီလိုအပ်နေသူများအတွက်ပါဝင်ကူညီတိုက်ခိုက်ပေးမှုမရှိသောစိတ်နေစိတ်ထား၊ ရသင့်ရထိုက်သည့်အခွင့်အရေးများအပေါ်ခွန်အားစိုက်ထုတ်မှုမရှိသောစိတ်နေစိတ်ထား၊ ပြဿနာများကိုရှောင်ကျင်လို့သောစိတ်နေစိတ်ထား၊ ယင်းစိတ်နေစိတ်ထားတို့သည်ပီလာတူးမင်းကဲ့သို့ ပြဿနာအတွင်း ဝင်မပါလျှင်သာ၍ကောင်းမည်ဆိုပြီး လက်ဆေးသောသူများကဲ့သို့ဖြစ်နေပေလိမ့်မည်၊
ပုပ်ရဟန်းမင်းကြီးမှဆက်လက်ပြီးဟောကြားရာတွင် ဤအမှုများကိုအဘယ်အခွင့်နှင့် ငါ ပြုသည်ကိုငါမပြောဟု ရဟန်းအကြီးအကဲတို့အားတုန်ပြန်ခဲ့ခြင်းသည် ယင်းကဲ့သို့ အလားတူဖြစ်နေပေလိမ့်မည် တချို့သောခရစ်ယာန်တို့သည် မိမိတို့လိုချင်သည့်အရာရမှ ဘုရားကိုရှိခိုးကိုးကွယ်မည်၊ သို့ မဟုတ်လျှင်မကိုးကွယ်ဟု ဆိုသူများနှင့်အလားသဏ္ဏာန်တူပေလိမ့်မည်၊ သခင်ခရစ်တော်ကလည်းထိုကဲ့သို့သော ပုဂ္ဂိုလ်များကို၊ ရဟန်းအကြီးအကဲများအားတုံ့ပြန်သကဲ့သို့၊ ငြင်းဆန်စွာတုံ့ပြန်ပေလိမ့်မည်။
လူ့အဖွဲ့အစည်း၏စိန်ခေါ်မှုများ၊ ပြသနာများနှင့် ကြုံတွေ့ရချိန်တွင် ခရစ်ယာန်အများစုသည် ခေါင်းရှောင်ငြင်းပယ်လိုတတ်ကြသည်၊ တစ်ပါးသူ၏လိုအပ်ချက်ကို မိမိတို့၏အမြင်အပေါ်အခြေခံပြီး ကူညီရန်ငြင်းဆန်မှုများပြုလုပ်တတ်ကြပါသည်။ ထိုကဲ့သို့သောအပြုအမူများသည် ဘုရားကိုဖယ်ထား ချောင်ထိုးထားသောအပြုအမူဖြစ်ကြောင်း၊ ဘုရားကိုဘေးဖယ်ထားသောသူတို့သည် ပြသနာကိုလက်ဆေးရှောင်သူများကဲ့သို့ဖြစ်နေပေလိမ့်မည်။
ဘုရားရှင်ကြွလာမည့် လမ်းတော်ကို ဖြောင့်မတ်မှန်ကန်သောစိတ်ထားဖြင့် ပြင်ဆင်ကြပါစို့ဟုရဟန်းမင်းကြီးမှဟောကြားခဲ့ပါသည်။
https://bit.ly/2M2pFam
#rvamyanmarservice
Add new comment