မတ်လအတွက် ရဟန်းမင်းကြီး ဖရန်စစ် အရှင်သူမြတ် ၏ ဆုတောင်းရာရည်ရွယ်ချက်

မတ်လအတွက် ရဟန်းမင်းကြီး ဖရန်စစ် အရှင်သူမြတ် ၏ ဆုတောင်းရာရည်ရွယ်ချက်
မတ်လ ၅၊ ၂၀၁၉

ယနေ့​ခေတ်တွင် သခင်ခရစ်တော်အတွက် သာသနာတော်အတွက် အသက်ပေးသောသူများ ပထမရာစုနှစ် ထက်ပိုမိုများပြားသည်ဟုပြောလျှင် ကျွနု်​ပ်တို့ယုံဖို့ခက်ခဲကြပါလိမ့်မယ်။

သူတိုတွေအသတ်​​ခံကြရတယ် ဘာကြောင့်လဲ.. အမှန်တရားပြေားလို့ ။ သခင်ခရစ်တော်ကို ယနေ့ လူအဖွဲ့အစည်းကို သက်သေခံကြလို့ပါပဲ။ ဒီအရာတွေဟာ အထူးသဖြင့် လွတ်လပ်စွာကိုးကွယ်ခွင့်မရှိတဲ့နေရာတွေမှာ ဖြစ်နေပါတယ်။

လူအခွင့်အရေး၊ လွတ်လပ်စွာနေထိုင်ရေးတို့သည် စာအုပ်ထဲမှာ ၊ သီအိုရီသဘောတရားအရသာ ရှိပြီး လက်တွေ့မဖြစ်မြောက်သောနိုင်ငံများတွင်လည်း ဖြစ်ပေါ်နေသည်​။

ထို့အတွက် လွတ်လပ်စွာကိုးကွယ် ဝတ်ပြုခွင့်မရသော နိုင်ငံများတွင်နေထိုင်နေကြရသည့် ခရစ်ယာန်များထွက်ပြေးတမ်းရှောင်နေကြရသော ခရစ်ယာန်များ၊ ညှင်းပန်းနှိပ်စက်ခံနေရသော ခရစ်ယညန်များသည် သခင်ခရစ်တော် နှင့်အတူတကွရှိကြောင်း သိရှိခံစားစေရန်၊ သူတို့၏ အခွင့်အရေးများ လေးစားမူများပြန်လည်ရရှိလာစေရန် ဝိုင်ဝန်းဆုတောင်းပေးကြရန်​မတ်လအတွက် ဆုတောင်းရာရည်ရွယ် ချက်အဖြစ်ရဟန်းမင်းကြီး ဖရန်စစ် အရှင်သူမြတ်မှ တောင်းဆိုထားပါသည်။

ပုပ်ရဟန်းမင်းကြီး ဖရန်စစ် အရှင်သူမြတ် video သတင်းစကားမှ ကောက်နုပ်ဖော်ပြပါသည်။

https://www.vaticannews.va/en/pope/news/2019-03/pope-francis-prayer-inte...
#pope, #prayerintention, #march2019, #peterkm,
Photo credit to Vatican News
ဘာသာပြန်ဆိုသူ Fr. Peter Kyi Maung

Add new comment

8 + 3 =