Radio Veritas Asia Buick St., Fairview Park, Queszon City, Metro Manila. 1106 Philippines | + 632 9390011-15 | +6329390011-15
မတူကွဲပြားမှုနှင့် စည်းလုံးမှုကို ထိန်းသိမ်းရန် ကက်သလစ်များကို အင်ဒိုနီးရှားနိုင်ငံတော်သမ္မတ မှ တောင်းဆို
မတူကွဲပြားမှုနှင့် စည်းလုံးမှုကို ထိန်းသိမ်းရန် ကက်သလစ်များကို အင်ဒိုနီးရှားနိုင်ငံတော်သမ္မတ မှ တောင်းဆို
သြဂုတ်လ ၂၇၊ ၂၀၁၈
https://www.vaticannews.va/en/world/news/2018-08/indonesia-widodo-cathol...
#indonesia, #jokowidodo, #cbci,#vatican, #catholic, #muslim, #peterkm
Photo credit to vaticannews
ဘာသာပြန်ဆိုသူ Fr. Peter Kyi Maung
အင်ဒိုနီးရှားနိုင်ငံတော်သမ္မတ ဂျိုကို ဝီဒိုဒိုသည် ပြီးခဲ့သော သောကြာနေ့က ဂျာကာတာရှိ အင်ဒိုနီးရှာ နိုင်ငံ ကက်သလစ် ဆရာတော်ကြီးများ အဖွဲ့ချုပ် သို ပထမဦးဆုံအကြိမ်သွားရောက်လည်ပတ်ခဲ့ပါသည်။ ပြည်တွင်း ဘာသာရေးအဖွဲ့အစည်းများနှင့် ပိုမိုနီးစပ်မှုရှိရန် နိုင်ငံအတွင်း ဘာသာရေးအဖွဲ့အစည်းများမှ မတူကွဲပြားမှုများနှင့်အတူ စည်းလုံးခြင်းကိုထိန်းသိမ်းရန် ဦးတည်ချက်ဖြင့် လည်ပတ်ခဲ့ကြောင်း၊ အစည်းအဝေးတွင် ဘာသာရေး၊ လူမျိုးစုများအရေး၊ အလေ့အထများနှင့် ရိုးရာယဉ်ကျေးမှု့များကို ထိန်းသိမ်းရန်း၊ ညီအစ်ကိုစိတ်ဓာတ်ရှိရန်၊ သဟဇာတဖြစ်ရန်နှင့် စည်းလုံးညီညွတ်ကြရန်အဓိက အချက်မှာ တစ်ဦးနှင့်တစ်ဦးပိုမိုရင်းနှီးမှုရှိရန် အတွက်ဟု သမ္မတ ဂျကို ဝီဒိုဒိုမှ သတင်းထောက်များကို ဆရာတော်ကြီးများနှင့် တွေဆုံအပြီးတွင် ပြောကြားခဲ့ပါသည်။ သမ္မတ ၌ ထွေထွေထူးထူး အကြောင်းအရာများ မရှိကြောင်း၊ ကမ္ဘာ မွတ်စလင်ကိုးကွယ်ယုံကြည်သူ အများဆုံးနေထိုင်ရာ အင်ဒိုနီးရှား နိုင်ငံတွင် ကက်သလစ်ဆရာတော်ကြီးများတွေကြုံနေရသော အခက်အခဲများကို လာရောက်နားထောင်ပေးပြီး မတူကွဲပြားမှု၌ စည်းလုံးမှုကို ထိန်းသိမ်းရန် အဓိထားပြောကြားသွားကြောင်း ဆရာတော်ကြီးများအဖွဲ့ချုပ် ဥက္ကဋ္ဌ ဆရာတော် Leo Laba Ladjar မှပြောကြားခဲ့ပါသည်။ အင်ဒိုနီးရှားနိုင်ငံ သမ္မတ ဂျိုကို ဝီဒိုဒို သည် ဂျာကာတာရှိ အင်ဒိုနီးရှား နိုင်ငံ ကက်သလစ် ဆရာတော်ကြီးများ အဖွဲ့ချုပ် သို့ သမ္မတ မဖြစ်မီ ၂၀၁၂ ဂျကာတာမြို့ မြို့တော်ဝန်အဖြစ် ထမ်းဆောင်စဉ် တစ်ကြိမ်၊ သမ္မတ ဖြစ်ပြီး တစ်ကြိမ်လည်ပတ်ခဲ့ကာ ယခု လာရောက်ခြင်းမှာ ဒုတိယအကြိမ်မြောက် လာရောက်လည်ပတ်တွေ့ဆုံခြင်းဖြစ်ပါသည်။
UCANEWS မှ ကောက်နုတ်ဖာ်ပြသော ဗာတီကန်သတင်းကို ပြန်လည်ဝေမျှပါသည်။
Add new comment