မတူကွဲပြားမူများနဲ့ အတူတကွလက်တွဲ​ရှေ့ဆက်ကြပါ

ပုပ်ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ် လူထုတွေ့ဆုံခြင်းနှင့် ဘာသာတရားသင်ကြားခြင်း

မတူကွဲပြားမူများနဲ့ အတူတကွလက်တွဲ​ရှေ့ဆက်ကြပါ
ဇွန်လ ၅၊ ၂၀၁၉

ဗုဒ္ဓဟူး နေတိုင်း အပတ်စဉ်တွေ့ဆုံနေကြ လူထုတွေ့ဆုံခြင်းနှင့် ဘာသာတရားသင်ကြားခြင်းတွင် မကြာသေးမှီက သွားရောက်လည်ပတ်ခဲ့သည့် ရိုမေးနီးယား နိုင်ငံ သိုးထိန်းခရီစဉ် အကြောင်ကို ပုပ်ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ်မှ ပြန်လည်ဝေမျှခဲ့ပါသည်။

အတူတကွလျှောက်လှမ်းကြစို့ ဟူ​သော ခေါင်းစဉ်ဖြင့် ရိုမေးနီးယား လူမျိုးများနှင့် ဘုရားဖူးရခြင်းမှာပျော်ရွှင်ကြည်နူးခဲ့ရကြောင်းကိုလည်း ရဟန်းမင်းကြီး ဖရန်စစ်အရှင်သူမြတ် မှဖော်ပြခဲ့ပြီး နိုင်ငံရေးလောကသားအချင်းချင်း၊ နိုင်ငံသားအချင်းချင်း၊ ကရုဏာရေးလုပ်ဆောင်သူအချင်းချင်း၊ ဘာသာတရားယုံကြည်သူအချင်းချင်း၊ ခရစ်ယာန်အချင်းချင်း များအကြား အတူတကွလက်တွဲ လုပ်ကိုင်ကြဖို့ လျောက်လှမ်းကြဖို့ လိုအပ်ကြောင်း၊ အရေးကြီးကြောင်း၊ တန်ဖိုးရှိကြောင်းများကို ထောက်ပြပြောကြားခဲ့ပါသည်။

ရိုးမေးနီးယား သြသဒေါ့စ် အကြီးအကဲ ပေးထရီယာခ် ဒါနီအဲလ် နှင့် တွေ့ဆုံရခြင်း၊နွေးထွေပျူငှာစွာကြိုဆိုကြခြင်းများအတွက်ကျေးဇူးတင် ကြောင်း ပြောကြားပြီး ရိုးမေးနီးယား သြသဒေါ့စ်၏ ညီလာခံတွင် ကက်သလစ်သာသနာတော်နှင့် ရိုးမေးနီးယား သြသဒေါ့စ် သာသနာတော်တို့အကြား အပြည့်အဝ စည်းလုံးသည်အထိ အတူတူ လက်တွဲ​လျောက်လှမ်းသွားမည့် ကတိကိုလည်း ပုပ်ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ်မှ အသစ်တဖန်ပြန်လည်ပြုလုပ်ခဲ့ပါသည်။

ဒီလုပ်ရပ်သည် ကောင်ကင်ဘုံ၌ မေတ္တာ ၏ အမြင့်ဆုံးမျော်လင့်ချက်ကို ဖြစ်ပေါ်စေသည့် ဘာသာတရာ နှီးနှောဖလှယ်ခြင်း နည်းလမ်းဖြစ်ကြောင်း ယင်း ကောင်းကင်ဘုံ၌ မေတ္တာသည် ဆေးကြောခြင်းခံယူပြီးသူ ခရစ်ယာန်တိုင်းပိုင်ဆိုင်သော ထင်ရှားသည့် တန်ဖိုးတစ်ခုဖြစ်ကြောင်း ထောက်ပြပြောကြားခဲ့ပါသည်။

ရိုမေးနီးယားနိုင်ငံ Lasi တွင်ပြုလုပ်သော မိသားစုများ၊ လူငယ်များ နှင့်တွေ့ဆုံခြင်း အခမ်​းအနားတွင်​ ​မတူကွဲပြားမူများနဲ့ အတူတကွလက်တွဲ​ရှေ့ဆက်နိုင်ဖို့ လမ်းဖွင့်ပေးသူ လမ်းဖောက်ပေးသူများဖြစ်ကြဖို့ ရဟန်းမင်းကြီး မှ တိုက်တွန်းခဲ့ပြီး ယင်းလူငယ်များ၊ မိသာစုများ ကို အမိမယ်တော်ထံအပ်နှံပူဇော်ဆုတောင်းပေးနေကြောင်းကိုလည်းဝေမျှ ခဲ့ပါသည်။

ပုပ်ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ် ရိုးမေးနီးယား သိုးထိန်းခရီစဉ် နောက်ဆုံးနေ့ Blaj မြို့အရပ်ဒေသ ရောမလူမျိုးအများစုနေထိုင်ရာ၌ ရောမ အဖွဲ့အစည်းနှင့်တွေ့ဆုံခြင်းတွင် အမှားနှင့်မကင်းကြသော ခရစ်ယာန်များ၊ ကက်သလစ်ပါအပါအဝင် သင်တို့အပေါ်ပြုမူခဲ့ကြသော အတိတ်အမှားများအတွက် ခွင့်လွတ်ကြဖို့ တောင်းပန်ခဲ့သည့် အကြောင်းကိုလည်း ပြန်လည်ဝေမျှခဲ့ပြီး ဘာသာမတူသူများ၊ စကားမတူသူများ၊ တိုင်းရင်သားလူမျိုးစုများပါမကျန် လူသားအားလုံးကို ရိုသေလေးစားကြဖို့ တိုက်တွန်းခဲ့ပါသည်။

https://www.vaticannews.va/en/pope/news/2019-06/pope-at-audience-walking...

#pope, #generalaudience, #romania, #visit, #peterkm,
Photo credits to Vatican News
ဘာသာပြန်ဆိုသူ Fr. Peter Kyi Maung

 

Add new comment

1 + 8 =