မစ္ဆားတရားတွင် ကျွနု်​ပ်တို့သည် ကောင်းကင်နိုင်ငံတော်၏ အရသာကို ဤ​လောက၌ ကြိုတင်ခံစားကြရသည်

တနင်္ဂနွေနေ့ အန်ဂျေလူးမေတ္တာရွတ်ဆိုခြင်း နှင့် လူထုတွေ့ဆုံခြင်း

မစ္ဆားတရားတွင် ကျွနု်​ပ်တို့သည် ကောင်းကင်နိုင်ငံတော်၏ အရသာကို ဤ​လောက၌ ကြိုတင်ခံစားကြရသည်
သြဂုတ်လ ၁၉၊ ၂၀၁၈

https://www.vaticannews.va/en/pope/news/2018-08/pope-francis-angelus-19-...

#angelus, #pope, #sunday, #vatican, #peterkm,
Photo credits to vaticannews
ဘာသာပြန်ဆိုသူ Fr. Peter Kyi Maung

မစ္ဆားတရား နာယူခြင်း ကိုယ်တော်မြတ်ပင့်ယူခြင်းသည် အရေးကြီးသည်​ဖြစ်​၍
ကိုယ်တော်မြတ်ကိုပင့်ယူလိုက်ခြင်းအားဖြင့် အသက်ရှင်သော သခင်ခရစ်တော်သည် ကျွနု်​ပ်တို့ကိုယ် ကောင်းကင်နိုင်ငံတော်နှင့် ထိုက်တန်စေရန် ကျွနု်​ပ်တို့အတွင်းသဏ္ဍန်အား ပြောင်းလဲ​ပေးခြင်​းကို တနင်္ဂနွေနေ့ အန်ဂျေလူးမေတ္တာရွတ်ဆိုခြင်း နှင့် လူထုတွေ့ဆုံခြင်း၌ ပုပ်ရဟန်းမင်းကြ ဖရန်စစ်အရှင်သူမြတ် မှ ဟောကြားခဲ့ပါသည်။
ငါသည်ကောင်းကင်မှဆင်းလာသည့် အသက်ရှိသော မုန့်ဖြစ်၏၊ ဤလောက၏အသက်အဖို့ ငါပေးမည်ဖြစ်သောမုန့်သည် ငါ၏အသားပေးတည်း ဟုမိန့်တော်မှု၏။ (ရှင်ယောဟန် ၆း၅၁)
သင်တို့အားငါဧကန်အမှန်ဆိုသည်ကား လူသား၏အသားကိုသင်တို့မစား၊ သူ၏သွေးကိုလည်းသင်တို့မသောက်ကြလျှင် သင်တို့၌ အသက်မရှိနိုငသူ၏သွေးကိုလည်းသင်တို့မေ
တနင်္ဂနွေနေ့ ကျမ်းစာတော်မြတ်ကို အခြေခံပြီး ဟောကြားရာတွင် မစ္ဆားတရား ပှုဇော်ခြင်း၌ ကျွနု်​ပ်တို့သည် သခင်ခရစ်တော်၏ အသားတော်နှင့်သွေးတော်ကို အဖိုးအခမပေးရဘဲ ခံယူခွင့်ရကြသည်၊ ပူဇော်ရာပလ္လင် မှ ကျွနု်ပ်တို​​့ခံယူသော အသားတော်နှင့်သွေးတော်သည် ယနေ့အတွက် နှင့်ထာဝရ အသက်အတွက် ဆာလောင်တောင့်တနေသော ဝိညာဉ်အဟာရ ဖြစ်ကြောင်း၊ မစ္ဆားတရားပူဇော်ခြင်း၌ ပါဝင်၍ ကိုယ်တော်မြတ်ပင့်ယူကြသည့်အခါတိုင်း ကျွနု်​ပ်တို့သည် ထာဝရကောင်းကင်နိုင်ငံတော်၏ ပြည့်ဝသော အနှစ်​သာရကို
​ုိလေ့လာသင်ယူနေကြပြီး လောက၌နေစဉ်​ ကောင်းကင်နိုင်ငံတော်ကို မြည်းစမ်းခွင့်ရခြင်းဖြစ်ကြောင်း၊
သခင်ခရစ်တော်သည်ကျွ​န််ု​​ပ်တို့ကို အစဉ်​မပြတ်ဖိတ်ခေါ်နေကြောင်း၊ ကိုယ်တော်မြတ် ကိုပင့်ယူကြသည့်အခါတိုင်း ကျွနု်​​ပ်တို့သည် ကောင်းကင် နိုင်ငံတော် ၌ သခင်ခရစ်တော်နှင့် ပြည့်ဝစွာ မိတ်သဟာရ ဖွဲ့ခွင့် ရှိလာသည်​့အ​ကြောင်​း
ရှင်းပြဟောကြားခဲ့ပါသည်။

Add new comment

9 + 6 =