မကျန်းမမာသူများအားကုသရာ၌ရင်းနှီးမူအပေါ်အခြေခံသောယုံကြည်မှုဖြင့်ကုသပါ။

မကျန်းမမာသူများအားကုသရာ၌ရင်းနှီးမူအပေါ်အခြေခံသောယုံကြည်မှုဖြင့်ကုသပါ။

လူအဖွဲ့အစည်းတစ်ခုသည် ထိလွယ်၊ ရှလွယ်သောမိမိတို့လူ သားများ၏ဝေဒနာကို ညီရင်းအစ်ကိုချစ်ခြင်းမျိုးဖြင့် ထိရောက်စွာကုသပေးရမည်ဟုရဟန်းမင်းကြီးသည် (၂၀၂၁) ခုနှစ်၊ ကမ္ဘာ့ကျန်းမာရေးနေ့၌ မိန့်ကြားခဲ့သည်။

ဟန်ဆောင်မှု ပြီး မိမိကိုယ်ကိုကိုးကွယ်သောစိတ်ထားကိုတိုက်ဖျက်၍သူတစ်ပါးအားနားထောင်က ထိတွေ့ဆက်ဆံမူကိုပြုရမည်။ သူတစ် ပါးနှင့်ထိတွေ့ရင်းနှီးမူရယူပြီး၊ ၄င်းတို့ခံစားနေရသောဝေဒနာများကိုပေါ့ပါးသက်သာအောင်ကုစားပေးရမည်။ သူတို့၏‌ ဝေဒနာကိုမိမိခံစားနေသည့်အလားပြုစုစောင့်ရှေဦက်ရမည်။

အမိကက်သလစ်သာသနာတော်ကြီးသည် နှစ်စဉ်ဖေဖော် ၀ါရီလ (၁၁) ရက်နေ့၌ လုဒ်မယ်တော်သခင်မပွဲနေ့ကို ကျင်းပလေ့ရှိသည်။ ကမ္ဘာ့ကျန်းမာရေး‌နေ့ကိုလည်း (၁၉၉၂၊ မေလ၊ ၁၃) ရက်ကစိန့်ဂျွန်ပေါလ် (၂) သတ်မှတ်ကျင်းပလာခဲ့ သည်။ ကမ္ဘာ့ကျန်းမာရေးနေ့ကိုနှစ်စဉ် ထောက်ရူဆင်ခြင်စရာတရားများဖြင့်ကျင်းပလာခဲ့သည်။ ယခုနှစ်၏ထောက်ရူဆင် ခြင်စရာတရားကား သံမာတေဦဂဧ၀ဂေလိကျမ်း (၂၃:၈) ‘သင်တို့၌ဆရာတစ်ပါးတည်းရှိ၏။ သင်တို့အားလုံးသည်ညီအစ် ကိုမောင်နှမများဖြစ်ကြသည်’ ဟုဖြစ်ပါသည်။ ဤဆင်ခြင်ထောက်ရူချက်သည် ‘မကျန်း မာသူများအားပြုစုစောင့် ရှောက် ရာ ၌ညီအစ်ကို မောင် နှမချစ်ကြည်ရင်းနှီးမူကိုအခြေ ခံရန်’ လမ်းညွှန်ထားခြင်းဖြစ်သည်။ ထိုနေ့၌မကျန်းမမာသူများ၊ မကျန်းမ မာသူ များအားစောင့်ရှောက်‌နေကြသောသူများ၊ ကျန်းမာရေးဆိုင်ရာအသင်းအဖွဲ့များ၊ မကျန်းမမာသူတို့၏မိသားစု၀င်များ၊ ဆွေမျိုးသားချင်းများအတွက်အထူးသတိရဆု တောင်းပေးသင့်လှသည်။

(ဟန်ဆောင်မူကိုတိုက်ထုတ်ကြစို့။)

ယခုနှစ်၏ထောက်ရူချက်ကိုအခြေတည်၍ရဟန်းမင်းကြီးက မိမိကိုယ်ကိုသာကိုးကွယ်လွန်းသောခရစ်ယာန်များ ‘အကယ်၍ကျွန်ုပ်တို့၏ ယုံ ကြည်ခြင်းသည် စကားလုံးသက်သက်ဖြစ်နေပါက ကျွန်ုပ်တို့သည်အခြားသောသူများ ၏လိုအပ် ချက်ကိုလစ်လျူရူနေခြင်းဖြစ်သည်။ ယေဇူးသခင်သည်ဟောသာဟောပြီးလက်တွေ့မရှိသောသူတို့အားပစ်တင်ရှုံ့ ချခဲ့ သည်။ ကျွန်ုပ်တို့သည်ဟန်ဆောင်မူ၏ဘေး ဆိုးကိုမသိလိုက်ဖာသာဥပေ က္ခာပြုနေ၍မရ။ ဤသို့ပြု လုပ်ပါက ကောင်းကင် ဘုံ၌ ကိန်း၀ပ်သောအဖတစ်ဦးတည်း၏သားဟုခေါ်ရန်မထိုက်။ အဘယ်ကြောင့်ဆိုသော်ကျွန်ုပ်တို့သည် ဤကမ္ဘာကြီး၌ ညီအစ်ကို မောင်နှများကဲ့သို့နေထိုင်ရမည်ဖြစ် ကြောင်း’ သတိပေးထား သည်။

(နေထိုင်မကောင်းခြင်းနှင့်ယုံကြည်ခြင်း)

မကျန်းမမာဖြစ်ခြင်းသည် ကျွန်ုပ်တို့လည်းကြံ့ခိုင်မူမရှိသောသူဖြစ်၍ အခြားသူများ ၏အကူအညီကိုလိုအပ် ကြောင်း ကိုအသိ၀င်စေပါ သည်။ အသက်၏အဓိပ္ပါယ်ကိုလည်းဆင်ခြင်စေပါသည်။ အ ဘယ်ကြောင့်ဆိုသော် နေထိုင်မ ကောင်းသောအခါဘုရားရှားရှင်ထံဆုတောင်းကြသည်။ ထိုအခါမိမိတို့၏‌နေထိုင်သည့်ပုံစံကိုကျန်းမာအောင်ဆင်ခြင်နေ ထိုင်လာကြသည်။ သမ္မာ ကျမ်းစာထဲ၌ ရောဂါခံစားနေသောယောဘသည် ဇနီးဖြစ်သူ၊ မိတ်ဆွေရင်းချာတို့၏ အထင်လွှဲ ပစ်ပယ်ခြင်းကိုခံရသည်။ သူသည်ဟန်ဆောင်ခြင်းကိုမကြိုက်။ ဟန်ဆောင်ကောင်းပြနေခြင်းလည်းမ ဟုတ်။ ထို့ကြောင့် ဘုရားရှေ့၊ လူရှေ့၌ရိုးသားခြင်းကိုနှိမ့်ချစွာခံယူခဲ့သည်။ ယောဘ၏ ဆုတောင်းသံကိုဘုရားသခင်နားညောင်းတော်မူခဲ့ သည်။ သူခံစားနေရသောဝေဒနာသည် သူ၏ဇနီး၊ သူ၏မိတ် ဆွေရင်းချာများထင်မှတ်စွပ်စွဲသကဲ့သို့ အပြစ်ပြုခဲ့ခြင်း ကြောင့်ဘုရားသခင် ၏ဒဏ် ခတ်ခြင်းကိုခံရခြင်းလည်းမဟုတ်။ ဘုရားသခင်၏ စွန့် ပစ်ခြင်းကိုခံရသည်လည်းမ ဟုတ်။ ထို့ ကြောင့်ဘုရား သခင်၏လစ်လျူရူခြင်းကိုခံနေရခြင်းလည်းမဟုတ်။

(လူနာနှင့်ပြုစုသူတို့အကြား၌ရှိသောနီးစပ်မှု)

မကျန်းမမာခြင်းသည် အသွင်အမျိုးမျိုးရှိသည်။ မကျန်းမမာသူများကိုလစ်လျူရူခြင်း၊ ပယ် ထားခြင်း၊ လူမူရေး ရာ၌မတ ရားမူ၏မြေဇာပင်ဖြစ်ရခြင်း၊ လူသားတစ်ဦး၏အခြေခံလူ့အခွင့်အရေးများဆုံးရှုံးနေခြင်းတို့သည်မကျန်းမမာ ဖြစ်နေသောလူမူအသိုင်းအဝိုင်း ၏အ ခြားသောသွင်ပြင်ဖြစ်သည်။ လက်ရှိကြုံတွေ့ခံစားနေရ သောကပ်ရောဂါဆိုးသည် လူမူဘ၀မညီမျှမူကိုဆိုးရွားစေ သည်။ အဘယ်ကြောင့်ဆိုသော် ရောဂါပိုးကူးစက်ခံစားနေရသူများကိုလုံလောက်ထိ ရောက်သောကျန်းမာရေးစောင့်ရှောက်ကုသမူစနစ်ကိုမစီစဉ်ပေးနိုင်ပေ။ ဤကူးစက် ရောဂါသည်လည်း ကျန်းမာ ရေး၀န် ထမ်းများ၊ လုပ်အား ပေးသူများ၊ လိုအပ်သောအ ကူအညီများကိုထောက်ပံ့ပေးသူများ၊ ရဟန်းများ၊ သစ္စာသုံးပါးခံသီလရှင် အမျိုးသား၊ အမျိုးသမီးတို့၏ကိုယ်ကျိုးစွန့်လွှတ်အနစ်နာခံမူကိုလည်းမီးမောင်းထိုးပြနေသည်။ ထိုသို့မိမိတို့၏အသက် ကိုမငဲ့ကွက်ဘဲ စွန့်လွှတ်ဆက်ကပ်ခဲ့ကြ၊ ဆက်ကပ်နေကြသောသူတို့အားရဟန်းမင်းကြီးကချီးကျူးခဲ့သည်။ ဤသို့မိမိ၏ သမျှထပ်တူပြု၍အနီးကပ်ပြုစုစောင့်ရှောက်ခြင်းသည်အလွန် အဖိုးထိုက်သောကုထုံးဖြစ် ကြောင်း၊ ထိုကုထုံးသည်ကုပေး ရုံမျှမဟုတ်ဘဲ ဝေဒနာခံစားနေရသူများအားလည်းစိတ်ဓာတ်အင်အားများတိုးလာစေသည်။ ခရစ်ယာန်တစ်ဦးအနေဖြင့် မကျန်းမမာသူ များ၏အနီးအပါး၌ရှိနေခြင်းသည် ယေဇူးသခင်၏ချစ်ခြင်းကိုထိတွေ့ခံစားစေခြင်းဖြစ်ပါ သည်။ ကောင်း သောဆမာရီတန်သည် ဓားပြတို့၏ လက် ချက်ဖြင့်သွေးထွက်သံယိုမသေ မရှင်ဖြစ်နေသောလူနာအားစာနာသောစိတ်ဖြင့် ပြုစုခဲ့သည်နည်းတူခရစ်ယာန်များလည်း‌မည်သည့ဝေဒနာခံစားနေရသောသူများအားမဆိုပြုစုစောင့်ရှောက်၊ အားပေး နှစ် သိမ့်ပေးရမည်ဖြစ်သည်။ အထူးသဖြင့်အပြစ်ကြောင့်အနာတရဖြစ်နေသူများပိုမိုဂရုစိုက်ရမည်။ ကျွန်ုပ်တို့သည်မိသား စုတစ်စု၊ ဖခင်တစ်ဦးတည်း၏သားသမီးများဖြစ်သောကြောင့်မိသားစုစိတ် ဓာတ်ဖြင့် ခမည်းတော်သည်သနားကြင်နာ တတ်သကဲ့သို့ ကျွန်ုပ်တို့၏ညီအစ်ကို မောင် နှမများအားလည်း မည်သည့်အခြေအနေမျိုး၌ဖြစ်နေစေကာမူ သနားကြင်နာ တတ်ရမည်။ အဘယ်သူ့ကိုမျှချန်ထားပလပ်ခြင်းမျိုးမပြုရန်တိုက်တွန်းထားပါသည်။

ဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်

https://bit.ly/3pnlwiG

Add new comment

3 + 13 =