မက်စ်စီကိူ မူးယစ်ဆေးဝါး တိုက်ပွဲများကြားပျောက်ဆုံးသေဆုံးသွားကြသူများ

လွန်ခဲ့သော ၆ လအတွင်းလူပေါင်း ၂၇၈၉ ဦးပျောက်ဆုံးသွားကြောင်းဖော်ပြ

မက်စ်စီကိူ မူးယစ်ဆေးဝါး တိုက်ပွဲများကြားပျောက်ဆုံးသေဆုံးသွားကြသူများ
သြဂုတ်လ ၃၁၊ ၂၀၁၈

https://www.vaticannews.va/en/world/news/2018-08/mexico-drug-traffic-peo...

#mexico, #drug, #victims, #disappeared, #peterkm,
Photo credits to vaticannews
ဘာသာပြန်ဆိုသူ Fr. Peter Kyi Maung

မက်စ်စီကိုနိုင်ငံ ဒုက္ခရောက်သူ စရင်းအချက်အလက်ကောက်ယူရေးအဖွဲ့၏ အစီရင်ခံစာအရ လွန်ခဲ့သော ၆ လအတွင်းလူပေါင်း ၂၇၈၉ ဦးပျောက်ဆုံးသွားကြောင်းဖော်ပြခဲ့ပါသည်။ သို့သော် တကယ့်အဖြစ်မှန်ပျောက်ဆုံးနေသူများမှာ ဖော်ပြပါစရင်းထက် အဆပေါင်းများစွာကွာဟနေကြောင်း၊ မူးယစ်ရာဇာ ဂိုဏ်းတို့၏ လက်တုန့် ပြန်မည်ကို ကြောက်ရွံနေကြရသောကြောင့် မိသားစုဝင်များမှာလည်း အမှန်တရားကို ဖော်ထုတ်တရားစွဲခြင်းများမပြုလုပ်ခဲ့ကြပေ။ မိသားစုဝင်များအနေဖြင့် ဥပဒေ၏ ကာကွယ်မှုကင်းမဲ့သောဘဝတွင် နေထိုင်နေကြရသကဲ့သိုဖြစ်နေကြပါသည်။
မက်စ်စီကိုနိုင်ငံတွင် ၁၂နှစ် ကြာမူးယစ်ဆေးဝါးကြောင့်တိုက်ပွဲများဖြစ်ပွားခဲ့ပြီး လူပေါင်း သုံးသောင်ကျော်ပျောက်ဆုံးသွားခဲ့ပါသည်။ အမေရိကအလယ်ပိုင်းမှ မက်က်စီကို ကိုဖြတ်ပြီး အမေရီကန်ပြည်ထောင်စုအတွင်း ဝင်ရောက်ရန်ကြိုးပမ်းသူ တသောင်းမှာလည်း ပြောက်ဆုံးသွားခဲ့ကြောင်း၊ တချို့ကို မူးယစ်ဆေးဝါးသားကောင်ဘဝဖြင့် ဘဝဆုံးပြီး လျို့ဝှက်မြှပ်နှံထားသည်များကိုလည်းပြန်လည်တူးဖော်တွေ့ရှိရကြောင်း၊ ပြစ်မှုကျူးလွန်သူ အနည်းငယ်သာ ဖမ်ဆီးဖော်ထုတ်နိုင်ပြီး သူတို့မှ လူပေါင်းများစွာ သတ်ဖြတ်ခံကြရမှု့များကို ဖောိထုတ်ခဲ့ကြောင်း၊
အထူးသဖြငိ့ တောင်ပိုင်း Veracruz ဒေသတွင် ဖမ်းစီးခံရပြီးပျောက်ဆုံးသွားမှုပိုမိုများပြားပြီး ဖမ်းဆီးေ ပျာက်ဆုံးသွားသူများတွင် သာမာန်အရပ်သားများသာမက မြို့တော်ဝန်အဟောင်းအပါအဝင် ရဲသား အယောက်၂၀ လည်း ပျောက်ဆုံးသေဆုံးသွားကြောင်းဖော်ပြခဲ့ပါသည်။
မကစ်စီကိုနိုင်ငံသည် မူးယစ်ဆေးဝါး အန္ဓရာယ်ကြောင်း စိုးရိမ်ပူပန်မူများနေ့စဉ်နှင့်အမျှမြင့်တက်နေကြောင်းဖော်ပြခဲ့ပါသည်။

 

Add new comment

3 + 9 =