ဘူကီနာ ဖာဆို တွင် မေစ္ဆားတရားပူဇော်ခြင်းအပြီး၌ ဘုန်းတော်ကြီးအပါအဝင် ခြောက်ဦး သေနတ်ဖြင့် ပြစ်သတ်ခံရ

ပုပ်ရဟန်းမင်းကြီး ဖရန်စစ် အရှင်သူမြတ်

ဘူကီနာ ဖာဆို တွင် မေစ္ဆားတရားပူဇော်ခြင်းအပြီး၌ ဘုန်းတော်ကြီးအပါအဝင် ခြောက်ဦး သေနတ်ဖြင့် ပြစ်သတ်ခံရ
မေလ ၁၃၊ ၂၀၁၉

အနောက်အာဖရိက ကုန်းတွင်းနိုင်ငံဖြစ်သော ဘူကီနာဖာဆို ဒါဘလိုမြို့ ရှိ ဘုရားကျောင်းတွင် မေစ္ဆားတရားပူဇော်ခြင်းအပြီး၌ ဘုန်းတော်ကြီးအပါအဝင် ခြောက်ဦး သေနတ်ဖြင့် ပြစ်သတ်ခံခဲ့ရပါသည်။

ဘူကီနာဖာဆို နိုင်ငံ မြို့တော် ၂၀၀ ကီလိုမီတာအကွာရှိ ဒါးဘလိုမြို့လေးတွင် မနက် ၉ နာရီ မေစ္ဆားတရား အပြီးတွင် ဂျီဟတ်အဖွဲ့ဝင်များဟု့ ထင်ရသည် လူနှစ်ဆယ်ခန့်မှ ဆိုင်ကယ်များဖြင့် ဘုရားကျောင်းကို ဝန်းရံထားပြီး ဘုန်းတော်ကြီးကို သတ်ဖိုကြိုးစားခဲ့ကြပါသည် ဘုန်းတော်ကြီး ထွက်ပြေးသွာသောနောက်သို့ လိုက်ပြီး ဘုန်းတော်ကြီးကို အရင် ပြစ်သတ်လိုက်ပြီး ဘုရားကျောင်းမှ ဘာသာဝင်များကိုမြေကြီးပေါ်တွင် ဝမ်းလျေားမှောက်စေပြီး သူတို့ထည်းမှ ငါးဦးကို ရွေးချယ်ပြီး ပြစ်သတ်ခဲ့ကြပါသည်။ သက်တော် ၃၄ နှစ်သာရှိသေးသော ဘာသာတရားနှီးနှောဖလှယ်ရေးတာဝန်ခံဘုန်းတော်ကြီး ဘုန်းတော်ကြီး ဆိုင်မွန် ရန်ပါ (Simeon Yampa) နှင့် ဘာသာဝင် ၅ ဦး သတ်ခံခဲ့ရပါသည်။ ယင်းသတ်ဖြတ်သူတို့မှ ဘုရားကျောင်းကိုလည်း မီရှို့ခဲ့ကြပြီး ဆေးဆိုင်း နှင့် စတိုးဆိုင်တို့မှ ပစ္စည်းများယူဆောင်ထွက်ပြေးသွားကြကြောင်းလည်း ဖော်ပြထားပါသည်။

ယင်း ဒေသတွင် ဧပြီလ ၂၉ ရက်နေ့က ကက်သလစ်ခရစ်ယာန် မဟုတ်သော ခရစ်ယာန် ဂိုက်ကွဲး ဘုရားကျောင်းတစ်ခုတိုက်ခိုက်ခံခဲ့ရပြီး သင်းအုပ်ဆရာ နှင့် ဘာသာဝင် ၅ ဦးကို လည်းသတ်ဖြတ်ခဲ့ပါသည်။
ယင်း သတင်းကို ကြားသိရသော ပုပ်ရဟန်းမင်းကြီး ဖရန်စစ် အရှင်သူမြတ်မှ လွန်စွာဝမ်းနည်းကြောင်း၊ သေဆုံးသွားကြသူများ နှင့် သူတို့၏ မိသားစုဝင်များအတွက် နှင့် ဘူကီနာ ဖာဆို ရှိ ခရစ်ယာန် များအတွက် ဆုတောင်းပေးနေကြောင်း ရဟန်းမင်းကြီးရုံးတော် သတင်းပြန်ကြားရေး တာဝန်ခံ မှ ပြောကြားခဲ့ပါသည်။

https://www.vaticannews.va/en/pope/news/2019-05/pope-francis-church-burk...

#pope, #pray, #attack, #burkinafaso, #peterkm,
Photo credits to Vatican News
ဘာသာပြန်ဆိုသူ Fr. Peter Kyi Maung

Add new comment

7 + 7 =