ဘုရားရှင်၏ ကျေးဇူးတော်များအတွက် နှလုံးသားများကိုဖွင့်၍ ကြိုဆိုကြပါစို့

အပတ်စဉ် တနင်္ဂနွေနေ့ တိုင်း အန်ဂျေးလူး မေတ္တာ ရွတ်ဆိုခြင်း
ဘုရားရှင်၏ ကျေးဇူးတော်များအတွက် နှလုံးသားများကိုဖွင့်၍ ကြိုဆိုကြပါစို့
စက်တင်ဘာ ၃၀၊ ၂၀၁၈

https://www.vaticannews.va/en/pope/news/2018-09/pope-francis-angelus0.html

#pope, #angelus, #beopened, #Maung #peterkm,
Photo credits to vaticannews
ဘာသာပြန်ဆိုသူ Fr. Peter Kyi Maung

အပတ်စဉ် တနင်္ဂနွေနေ့ တိုင်း အန်ဂျေးလူး မေတ္တာ ရွတ်ဆိုခြင်းတွင် ရဟန်းမင်းကြီးမှ လူထုပရိတ်​သတ်​ကို မိမိတို့ဘဝနေ့စဉ်အသက်တာ အသက်ရှင်မှု၌ ဘုရားရှင်၏ လုပ်ဆောင်ပေးနေမှုကို အသိအမှတ်ပြုကြရန် တနင်္ဂနွေနေ့ သမ္မာကျမ်းစာ ကိုအခြေခံပြီး တိုက်တွန်းခဲ့ပါသည်။
သခင်ခရစ်တော်၏ နောက်လိုက်အဖွဲ့ဝင် မဟုတ်သူ တစ်ေ​ယာက် သခင်ခရစ်တော် ၏ နာမကိုအသုံးပြု၍ နတ်ဆိုးများနှင်ထုတ်မှုကို ရဟန်းမင်းကြီးရှင်းပြရာတွင် ဘုရားရှင်၏​ကျေးဇူး​တော်
သည်​အကန့်အသတ်​မရှိပါ။ လူတိုင်းအတွက် အပြည့်အဝဖွင့်လှစ်ထားပြီး ဘုရား၏ ကျေးဇူးတော်ကို ဘယ်အရာကမှ ဟန့်တား၍ မရနိုင်​ပါဘူး။
မိမိအဖွဲ့အစည်း မိမိခေါင်းဆောင်ကို ကာကွယ်ချင်ေ​သာ စိတ်သည်​ အဖွဲ့အစည်းတိုင်းတွင်ရှိသော သဘာဝစိတ်နေစိတ်ထားဖြစ်သည်​။ သို့​သော်​ ယ​နေ့သခင်ခရစ်တော်က ကျွနု​ပ်တို့ ကို ကန့်သတ်ေ​ဘာင်ခတ်မထားကြရန်တိုက်တွန်းနေပါသည်​။ ရန်သူမိတ်ဆွေ၊ ငါတို့သူတို့၊ အတွင်းလူ အပြင်လူ စသည့်ခွဲခြားဘောင်ခေတ်မှုမျိုးမထားဘဲ တစ်​ပါးသူတွေစီမှာလည်း ဘုရား၏ ကျေးဇူးတော်ရှိနိုင်ကြောင်း၊ တစ်​ပါးသူ၏ ကောင်းကွက်များကိုကြည့်​ မြင်နိုင်ကြရန် ​သွန်သင်ခဲ့ပါသည်​။
ဘုရားရှင်၏ လုပ်ဆောင်မှုကို နေရာတိုင်း အချိန်တိုင်း လူတိုင်းစီမှာ တွေနိုင်သည့်​အတွက်​​ကြောင့်​ ဘု
ရားရှင်၏ လုပ်ဆောင်မှုကို တစ်​ပါးသူများ၌ ရှိခြင်းလည်း အသိအမှတ်ပြုနိုင်သော ကျေးဇူးတော်ရရှိရန် ဆုတောင်းကြရ​ပေမည်​။

Add new comment

1 + 4 =