ဘုရားရှင်၏ နာမတော်မြတ်ကိုရိုသေလေးစားရမည်

အပတ်စဉ် ဗုဒ္ဓဟူးနေတိုင်း လူထုတွေ့ဆုံးခြင်း
ဘုရားရှင်၏ နာမတော်မြတ်ကိုရိုသေလေးစားရမည်
သြဂုတ်လ ၂၂၊ ၂၀၁၈

https://www.vaticannews.va/en/pope/news/2018-08/pope-francis-general-audience-english-summary-22-august.html

#pope, #generalaudience, #vatican, #peterkm,
ဘာသာပြန်ဆိုသူ Fr. Peter Kyi Maung

အပတ်စဉ် ဗုဒ္ဓဟူးနေတိုင်း လူထုတွေ့ဆုံးခြင်းတွင် ပုပ်ရဟန်းမင်းကြီး ဖရန်စစ် ရှင်သူမြတ်သည် ပညတ်တော်ဆယ်ပါးမှ ဒုတိယ ပညတ်တော်ကို အခြေခံပြီး သွန်သင်ခဲ့ပါသည်။
ချစ်လှစွာသော ဓမ္မ မိတ်ဆွေအပေါင်းတို့ ပညတ်တော်ဆယ်ပါးမှ (သင်၏ အရှင် ထာဝရဘုရားသခင်၏ နာမတော်ကိုမုသားနှင့် ဆိုင်၍မမြွက်ဆိုနှင့်) (ထွက်မြောက်ရာကျမ်း ၂၀း ၇) ဒုတိယပညတ်တော်ကို ထောက်ရှုကြပါစို့။ သမ္မာကျမ်းစာတွင် ဖော်ပြသော အမည်နာမတစ်​ခုသည် လူတစ်ေ​ယာက်၏ နက်ရှိုင်းသော အမှန်တရားတစ်​ခုကိုဖော်ဆောင်ပါသည်။ မိုးဇယ်အားဖော်ပြခဲ့သော ထာဝရ ဘုရားရှင်၏ နာမတော်သည် အမြင့်ဆုံးသော သန်းရှင်းဖြူစင်​မှုကို ဖော်ဆောင်သောကြောင့် ဘုရား၏ နာမတော်ကို မရိုမသေ၊ မလေးမစား ဘယ်သောအခါမှ မပြုလုပ်ရပါ။ ဂျူးလူမျိုးတို့၏ Yom Kippur ပွဲ​တော်တွင် ဘုရားရှင်၏ သနားကြင်​နာမှုနှင့် ခွင်လွတ်ခြင်း တောင်းခံသောအခါ၌ ဘုရားရှင်၏ ဖြူစင်​သန့်ရှင်းသော အမည်နာမကို တထူးတခြားပင်ဖိတ်ခေါ်တကြပါသည်။
ကျွနု​ပ်တို့ ခရစ်ယာန်များသည် ပုဂ္ဂိုလ် သုံးပါးတစ်​ဆူဘုရားဖြစ်သော ခမည်းတော် ၊ သားတော် ၊ သန့်ရှင်းသော ဝိညာဉ်တော် ၏ နာမတော်၌ ဆေးကြေားခြင်းမင်္ဂလာကိုခံယူကြပါသည်။ ကျွန်ု​ပ်တို့ ယူငင်အသုံးပြုသော ပုဂ္ဂိုလ် သုံးပါးတစ်​ဆူဘုရား၏ နာမတော်သည် အလွဲသုံးစားပြုခြင်းမဟုတ်။ အကြောင်းမှာ သခင်ခရစ်တော်၌ ဘုရား၏ အမွေစားအမွေခံ သား/သမီးများဖြစ်လာခြင်း၊ ကယ်တင်ခြင်းခံရမည်ဟူသော ကတိ​တော် ၏ အမှတ်လက္ခဏာ အဖြစ်အသုံးပြုခြင်း​သာဖြစ်ပါသည်။ ကိုယ်တော်၏နာမတော် ရိုသေလေးမြတ်ခြင်းရှိပါစေသော ဟု နေ့စဉ် ကျွန်ုပ်တိုရွတ်ဆိုကြသည့်အခါတိုင်း ကျွနု​ပ်တိုဘဝ အသက်တာ၊ ယုံကြည်သော သာသနာတော်နှင့်အတူတကွ ဘုရားရှင်၏ နာမတော်ကို ပိုမို ချစ်​ခင်လာစေရန် ၊ ပိုမိုသိရှိလာစေရန် ရွတ်ဆိုကြခြင်းဖြစ်ပါသည်။
သခင်ခရစ်တော်၌နက်ရှိုင်းသော ထာဝရဘုရားရှင်၏ သနားကြင်နာမှု၊ ချစ်ခြင်း​မေတ္တာ၊ ကျွန်ု​ပ်တို့အပြစ်များအားလုံးကို ခွင်လွတ်ကယ်တင်ခြင်း အမှတ်လက္ခဏာ အဖြစ် ထာဝရဘုရားရှင်၏ နာမတော်မြတ်ကို ကျွနု​ပ်တို အစဉ်အမြဲရိုသေလေးစားစွာ ​ခေါ်တ
ကြခြင်းဖြစ်​သည်​။

ဗာတီကန်သတင်းဌာနမှ ထုတ်ပြန်သော အင်္ဂလိပ်ဘာသာပြန် အနှစ်ချုပ်ကို ပြန်လည် ကောက်နုတ်ေ​ဖ်ာပြပါသည်။

Add new comment

7 + 1 =