ဘုရား၏မယ်တော်ပွဲနေ့ ဗာတီကန် နိုင်ငံ စိန့်ပီတာ ကျောင်းတော်ကြီးတွင် ရဟန်းမင်းကြီး ဖရန်စစ် အရှင်သူမြတ်ဟောကြားသော တရားတော်

ဘုရား၏မယ်တော်ပွဲနေ့ ဗာတီကန် နိုင်ငံ စိန့်ပီတာ ကျောင်းတော်ကြီးတွင် ရဟန်းမင်းကြီး ဖရန်စစ် အရှင်သူမြတ်ဟောကြားသော တရားတော်

ဘုရား၏မယ်တော်ပွဲနေ့ ဗာတီကန် နိုင်ငံ စိန့်ပီတာ ကျောင်းတော်ကြီးတွင် ရဟန်းမင်းကြီး ဖရန်စစ် အရှင်သူမြတ်ဟောကြားသော တရားတော်
ဇန်နဝါရီလ ၁၊ ၂၀၂၀

ဘုရား၏မယ်တော်ပွဲနေ့ နှင့် ၅၃ ကြိမ်မြောက် ကမ္ဘာငြိမ်းချမ်းရေးနေ့ အတွက် ဗာတီကန် နိုင်ငံ စိန့်ပီတာ ကျောင်းတော်ကြီးတွင် ရဟန်းမင်းကြီး ဖရန်စစ် အရှင်သူမြတ် ကိုယ်တိုင်ဟောကြားခဲ့ပါသည်။

၂၀၂၀ ခုနှစ် အတွက် ပထမဦဆုံးနေမှာ တို့တတွေ ဘုရားနှင့်လူသားတစ်လုံး တစ်ဝတည်းပေါင်းစပ်ခြင်းအကြောင်း၊ အမျိုးသမီးငယ်၏ဝမ်းကြာတိုက်မှာဘုရားသားတော်ပိဠိသန္ဓေ စွဲယူခြင်းအကြောင်း သမိုင်းသစ်ကိုစတင်ခြင်းစသည့် အချက်မျာကို ထောက်ရှုကြည့်လျှင် အမျိုးသမီးများသည် အသက်၏ အရင်းအမြစ်များဖြစ်ကြတယ်။

ဒါကြောင့် အမျိုးသမီးများအပေါ်အနိုင်အထက်ပြုခြင်း၊ ကြမ်းတမ်းစွာပြုမူဆက်ဆံခြင်းသည်၊ အမျိုးသမီးမှမွေးဖွားသော ဘုရားရှင်ကိုစော်ကားရာရောက်တယ်။

မကြာခဏအမျိုးသမီးများ၏ခန္ဓာကိုယ်ကိုအသုံးချပြီးစီးပွားဖြင့်ကြော်ငြာလုပ်ငန်းများလုပ်ကိုင်ခြင်း၊ အမြတ်ထုတ်ခြင်း၊ လိင်လုပ်ငန်းများတွင် အသုံးချခြင်းများ စသည့် အမြတ်ထုတ်မူ့များ ကြုံတွေနေကြရတယ်၊ အမျိုးသမီးများ၏ ခန္ဓာကိုယ်သည် စီးပွားရေး အမြတ်ထုတ်ဈေးကွက်အတွင်းအသုံးပြုရန်မဟုတ်၊ ရိုသေလေးစား တန်ဖိုးထားရမည့်အရာဖြစ်တယ်။

ဒီကနေ့ ဧဝံဂေလိကျမ်းစာမှာအမိမယ်တော်သည်ထိုအရာများကိုသူမ နှလုံးသား၌ထိမ်းသိမ်းထားသည်ဟူသောကျမ်းစကား ၏ဆိုလိုရင်းဟာ အမျိုးသမီးများသည်အသက်ကိုသူမတို့၏နှလုံးသား၌ ထိန်းသိမ်းထားကြောင်း ဖော်ပြနေခြင်းဖြစ်တယ်၊

ကျွန်ုပ်တို့တတွေ ငြိမ်းချမ်းသောကမ္ဘာကြီးနှင့် ငြိမ်းချမ်းသောမိသားစုများပိုင်ဆိုင်လိုလျှင်၊ အမျိုးသမီးတို့၏ဂုဏ်သိက္ခာကို ကျွန်တော်တို့၏နှလုံးသား၌ထိန်းသိမ်းထားကြရမည်။

ဆက်လက်ပြီး ဒီကနေ့မှာအသင်းတော်ဟာ ၅၃ ကြိမ်မြောက်ကမ္ဘာ့ငြိမ်းချမ်းရေးနေ့ကိုအစဉ်အလာအရကျင်းပ‌နေကြတယ်၊ ဒီကနေ့မှာတို့တတွေထောက်ရှုသင့်တာက အမျိုးသမီးများဟာငြိမ်းချမ်း‌ ရေးအတွက်ကြားခံပုဂ္ဂိုလ်များဖြစ်သလို ပေးဆပ်သူများသာဖြစ်ကြတယ်၊ ထို့အတွက်ကြောင့်အမျိုးသမီးများကို စီရင်ဆုံးဖြတ်ပိုင်ခွင့်နေရာများတွင်ပြည့်ဝစွာထည့်သွင်းအသုံးပြုကြရမယ်၊

အမျိုးသမီးများသည်သူတို့၏ခံစားချက်များအခက်အခဲဒုက္ခများကို ဝေမျှခွင့်ရကြမည်ဆိုလျှင် ပိုမိုငြိမ်းချမ်းသော၊ စည်းလုံးညီညွတ်သောကမ္ဘာကြီးကို တို့တတွေပိုင်ဆိုင်ကြရမှာဖြစ်တယ်၊ တစ်ချိန်တည်းမှာပဲ အမျိုးသမီးများကိုကူညီခြင်း၊ ကာကွယ်ပေးခြင်းသည်လူသားထုတရပ်လုံးတိုးတက်စေရန် ရှေ့သို့ချီတက်နေခြင်းဖြစ်တယ်။

သာသနာတော်၏အလုပ်ဖြစ်သည့် နူးညံ့သိမ်မွေ့မှုပါရမီ၏ အစပြုရာ‌ နေရာဟာအမိမယ်တော်ပင်ဖြစ်တော်မူတယ် ဘာဖြစ်လို့လဲဆိုတော့ အမိမယ်တော်သည်သာသနာတော်၏မိခင် လူသားထုတရပ်လုံး၏ မိခင်လည်းဖြစ်တော်မူတယ်၊ တချိန်တည်းမှာပဲ အမိမယ်တော်သည်သာသနာတော်နှလုံးသားလည်းဖြစ်တယ်။ ထို့အတွက်ကြောင့်သာသနာတော်ဟာမိခင်ရဲ့နှလုံးသားကိုပိုင်ဆိုင်နေခြင်းဖြစ်တယ်။

ထို့အတွက်ကြောင့်အမိမယ်တော်သည်ကျွနုပ်တို့၏နှလုံးသားများအတွင်းမှ စည်းလုံးခြင်း၊မျှော်လင့်ခြင်းများကိုပေါ်‌ ပေါက်စေတော်မူပါ၊
ကယ်တင်ခြင်း၏မယ်တော်သခင်မ ယခုနှစ် 2020 ကို မယ်တော်၏နှလုံးသား သို့ကျွန်ုပ်တို့အပ်နှံကြပါသည်။

https://bit.ly/2ZHcMrL
#rvamyanmarservice
Credit to Vatican News

Add new comment

1 + 2 =