ဘုရားသခင်၏ စိတ်ရှည်သီးခံခြင်း​ကို အခွင့်အရေးမယူပါနှင့်

အပတ်စဉ် တနင်္ဂနွေနေ့တိုင်း လူထုတွေ့ဆုံခြင်းနှင့် အန်ဂျေလူးမေတ္တာ ရွတ်ဆိုခြင်း

ဘုရားသခင်၏ စိတ်ရှည်သီးခံခြင်း​ကို အခွင့်အရေးမယူပါနှင့်
မတ်လ ၂၄၊ ၂၀၁၉

 

အပတ်စဉ် တနင်္ဂနွေနေ့တိုင်း လူထုတွေ့ဆုံခြင်းနှင့် အန်ဂျေလူးမေတ္တာ ရွတ်ဆိုခြင်းတွင် ပုပ်ရဟန်းမင်းကြီး ဖရန်စစ်အရှင်သူမြတ်မှ ဘုရားရှင်၏ သနားကရုဏာတော်နှင့် စိတ်ရှည်သီးခံမူကို ယုံကြည်ကြရန် သို့သော်​ အလွဲသုံးစားမပြုလုပ်ကြရန်၊ မိမိ၏ သက်တောင့် သက်သာ ဘဝထဲမှာ သာယာမနေဘဲ မျက်စိတို့ နှလုံးသားတို့ကို ဖွင့်ပြီး လိုအပ်နေသော သူများကို မြင်အောင်ကြည့်ကြရန် သတိပေးခဲ့ပါသည်။

 

ဝါတွင်းကာလ တတိယ တနင်္ဂနွေနေ့ သမ္မာကျမ်းစာ သုံးနှ​စ်ကြာ အသီးမသီးသော သဖန်းပင်ကို ခုတ်လှဲပစ်ရန် ပြောကြားသော ဘုရားသခင် မနှစ်မြို့သည့် စိတ်နေစိတ်ထားနှင့် ဥယျာဉ်မူးမှ နောက်ထပ်တစ်​နှစ် စိတ်ရှည်သီးခံပေးရန် တောင်းဆိုခြင်း ကိုအခြေခံပြီး ဘုရားရှင်၏ သနားကရုဏာတော်နှင့် ကျွနု်​ပ်တို့၏ အကျင့်တရားပြောင်းလဲခြင်း အကြောင်းကို ဟောကြားဝေမျှခဲ့ပါသည်။

 

မိမိကိုယ်ကို သာကြည့်တတ်​ေ​သာ အတ္တသမားများ၊ မိမိဘဝ သက်တောင့်သက်သာ ရှိသော အ​ခြေအနေ၊ကြည့်တတ်​ေ​သာ၊ အများကောင်းကျိုး ဘာမှပြုလုပ်ဆောင်ရွက်ခြင်း​မရှိသော၊ နှလုံးသာ ပိတ်ထားကြသောသူများ၊ မတူမတန်သလိုနေတတ်​ေ​သာ စိတ်ထား နှင့် ကရုဏာတရားကင်းမဲ့သော နှလုံးသားရှိသူတို့သည် အသီးမသီးသော သဖန်းပင်နှင့်တူပါသည်​။ ချစ်ခြင်းမေတ္တာ၊ တရာမျှတမူ အသီးမသီးသော ထိုကဲ့သို့ အကျင့်တရားမကောင်းသောသူတို့ကို ဘုရားသခင်မနှစ်သက်သော ကြောင့် သဖန်းပင်ကို ခုတ်လှဲပစ်ရန်တောင်းဆိုသလို အကျင်းတရားမပြောင်းလဲသူတွေကို ဖျက်ဆီးပစ်ရန် အဖ ခမည်းတော်၏ တောင်းဆိုမူကို ကျွ​နု်​ပ်တို့၏ ဥယာျဉ်မူးဖြစ်သော သခင်ခရစ်တော်မှ ကြာဝင်တောင်းပန်ပြီး တစ်​နှစ်လောက် စိတ်ရှည်သီးခံပေးဖို့ သူအနေနဲ့ အကျင့်တရား မပြောင်းလဲသူတို့ကို ပြောင်းလဲလာစေရန် ကြိုးစားကြည့်မည်ဖြစ်ကြောင်း မပြောင်းလဲမှသာ ခုတ်လှဲဖျက်ဆီးပစ်ရန် ကြာဝင်တောင်းပန် ပေးနေကြောင်း ပုပ်ရဟန်းမင်းကြီး ဖရန်စစ် အရှင်​သူမြတ်​မှ ရှင်​းပြခဲ့ပါသည်။

 

ထိုကဲ့သို့ မိမိအတ္တ နှင့်သာအသက်ရှင်နေသော အကျင့်မကောင်းသူတို့အပေါ် ကို သခင်ခရစ်တော်မှ မပြောင်းလဲ​သော ချစ်ခြင်းမေတ္တာ၊ ပြသနေကြောင်း နှင့် သခင်ခရစ်တော်၏ လူသားတို့အပေါ် ထားရှိသော ချစ်ခြင်းမေတ္တာကြောင့် အဖခမည်းတော်ဘုရားမှ မကောင်းမူပြု​နေကြသော လူသားများအပေါ် စိတ်ရှည်သီးခံပေးနေခြင်းဖြစ်သည်။​သို့သော် ကောင်းမူကုသိုလ် အသီးမသီးသော ပုဂ္ဂိုလ်များကို ဘုရားရှင်မနှစ်သက်သည်မှာ ထင်ရှားနေပြီး ဘုရားရှင်၏ စိတ်ရှည်သီးခံပေးခြင်း​သည် ကျွနု်​ပ်တို့အကျင့်တရားပြောင်းလဲရန် အခွင့်အရေးပေးထားခြင်းဖြစ်သည်။ ​သို့သော် အချိန်ဆွဲဖို့ မကောင်းမူ ကြာကြာပြုနိုင်ဖို့အချိန်ပေးထား ခြင်းမဟုတ်ကြောင်း၊ အချိန်မရွေး သေဆုံးနိုင်သော အသက်တာတွင် နောင်တရမူ့အမြန်လိုအပ်နေကြောင်း ပုပ်ရဟန်းမင်းကြီး ဖရန်စစ် အရှင်သူမြတ်မှ ရှင်းပြခဲ့ပါသည်။

 

ဘုရားရှင်၏ စိတ်ရှည်သီးခံပေးခြင်းနှင့် သနားကျင်ဏာမှုကို ယုံကြည်ကိုးစားရမည်ဖြစ်သော်လည်း ယင်းတို့ကို အလွဲသုံးစားမပြုရန် တင်းကြပ်စွာ သတိထားရမည်၊

 

ဝါတွင်းကာလသည် အကျင့်တရားပြောင်းလဲရန် အထူးတလည် ကျေးဇူးတော်သွန်းလောင်ချပေးပြီး ဖိတ်ခေါ်နေသောကာလဖြစ်​သောကြောင့် မိမိကိုယ်ကို စမ်းစစ်ပြီး မိမိအားနည်းချက် လိုအပ်ချက် မကောင်သောအကျင့်များ၊ စိတ်ဓာတ်ညံဖျင်းမူများကို ပြုပြင်ပြောင်းလဲပြီး လူ့အဖွဲ့အစည်းတွင် ချစ်ခြင်းမေတ္တာ၊ တရာမျှတမူအသီးများသီးသော သူများဖြစ်ရန် ကြိုးစားကြဖို့ တိုက်တွန်း နိုးဆော်ခဲ့ပါသည်။

 

https://www.vaticannews.va/en/pope/news/2019-03/pope-francis-angelus-cat...

#pope, #angelus, #mercy, #peterkm
Photo credits to Vatican News
ဘာသာပြန်ဆိုသူ Fr. Peter Kyi Maung

Add new comment

5 + 4 =