ဘုရားသခင်အတွက်သူတို့ဘဝကိုဆက်ကပ်ကြတဲ့အမျိုးသမီးတွေနဲ့ စစ္စတာရ်တွေအတွက် အထူးသတိရ ဆုတောင်းပေးကြပါစို့။

ဒီလမှာ ဘုရားသခင်အတွက် သူတို့ဘဝကို ဆက်ကပ်ကြတဲ့ အမျိုးသမီးတွေနဲ့ စစ္စတာရ်တွေအတွက် ကျွန်ုပ်တို့ အထူးသတိရ ဆုတောင်းပေးကြပါစို့။

ဘုရားသခင်ကို ဆက်ကပ်ကြတဲ့ လူဝတ်ကြောင် အမျိုးသမီးတွေနဲ့ စစ္စတာရ်တွေသာ မရှိခဲ့ရင် အမိအသင်းတော်ကြီး ဘယ်လိုဖြစ်မလဲ။ သူတို့တွေ မရှိရင် အမိအသင်းတော်ကြီးကို နားမလည်နိုင်ပါဘူး။ ဇန်နဝါရီလမှာ ပုပ်ရဟန်းမင်းကြီးရဲ့ ဆုတောင်းရန်ရည်ရွယ် ချက်ကတော့ ဘုရားသခင်ဆီမှာ ဘဝကိုဆက်ကပ်ကြတဲ့ အမျိုးသမီးတွေနဲ့ စစ္စတာရ်တွေအတွက် ဖြစ်ပါတယ်။ ကျွန်ုပ်သူတို့ကို ဆင်းရဲသားတွေရဲ့ အကျိုးသယ်ပိုးရင်း ဆက်လက် ကြိုးစားကြဖို့၊ အပယ်ခံ လူတန်းစားတွေနဲ့ လူကုန်ကူးသူတွေရဲ့ ကျေးကျွန်ပြု ခံနေရသူတွေကို ကူညီ​ဖြေလွှတ်ပေးဖို့ အဲဒီအရာတွေအပေါ် အကျိုး သက်ရောက်မှု ရှိအောင် သူတို့ကနေ လုပ်ဆောင်ကြဖို့ ကျွန်ုပ်အထူး တိုက်တွန်းပါတယ်။ ဓမ္မဆရာ/မ၊ ဝိညာဥ်ရေးလမ်းညွှန်နဲ့ ဓမ္မပညာရှင်တွေ အနေနဲ့ ဘုရားသခင်ရဲ့ ချစ်ခြင်းနဲ့ကရုဏာတော်ရဲ့ လှပမှုတွေကို သူတို့သွန်သင်ပြသနိုင်ဖို့ ကျွန်ုပ်တို့ ဆုတောင်း ပေးကြပါစို့။ အမိအသင်းတော် အတွင်းမှာလည်း တချို့သောမတရားမှုတွေနဲ့ အနိုင်ကျင့် မှုတွေရှိတဲ့အခါပြန်လည် ခုံခံကြဖို့ ကျွန်ုပ် တိုက်တွန်းလိုပါတယ်။ သူတို့ဟာ အမိအသင်းတော်ကြီးကို အစေခံကြိုးစား လုပ်ဆောင် နေကြတဲ့အချိန်မှာ သိုးထိန်းအမျိုးသားတွေရဲ့ မတရားပြုကျင့်တာကို ခံရတဲ့အခါ ပြန်ခုခံကြဖို့ တိုက်တွန်းပါတယ်။ အားမလျော့ကြပါနဲ့။ သင်တို့ရဲ့တမန်တော် လုပ်ငန်းတွေနဲ့ဘုရားသခင်ရဲ့ကောင်းမြတ်ခြင်းတွေကို လူအများ သိလာအောင် လုပ်ဆောင် နိုင်ကြပါစေ။ အထူးသဖြင့် အရာအားလုံးကို သင်တို့ရဲ့ ဆက်ကပ်သက်သေခံခြင်း အားဖြင့် လုပ်ဆောင်ကြပါ။ ဘုရားသခင်ကို ဆက်ကပ်ကြတဲ့ အမျိုးသမီးတွေနဲ့စစ္စတာရ်တွေရဲ့ သတ္တိတွေနဲ့ အမှုဆောင်ခြင်းတွေအတွက် ကျေးဇူးတင်ရင်း ကျွန်ုပ်တို့ရဲ့ စိန်ခေါ်မှုတွေကို တုံ့ပြန်မှု အသစ်တွေဆက်လက်ရှာတွေ့ရှိ လုပ်ဆောင် နိုင်ကြဖို့ ဆုတောင်းပေး ကြပါစို့။ သင်တို့ရဲ့လုပ်ဆောင်မှု၊ ဖြစ်တည်မှုနဲ့ ရပ်တည်မှု တွေအတွက် ကျေးဇူးတင် ပါတယ်။ ✍Bro. Thang Ha

#rvamyanmar #rvapastoralcare #PopeFrancis

Add new comment

2 + 0 =