ဘုရားသခင်သည် လူ ခန္ဓာ နှင့် ဝိညာဉ် အားလုံးကို ကယ်တင်ခြင်း

အပတ်စဉ်တွေ့ဆုံနေကြ လူထုတွေ့ဆုံခြင်း၊ အန်ဂျေလူးမေတ္တာ ရွတ်ဆိုခြင်း

အပတ်စဉ်တွေ့ဆုံနေကြ လူထုတွေ့ဆုံခြင်း၊ အန်ဂျေလူးမေတ္တာ ရွတ်ဆိုခြင်း နှင့် မယ်တော်သခင်မ ကောင်းကင်ဘုံပင်ဆောင်ခံရခြင်းပွဲနေ့တွင် ဘုရားသခင်သည် လူတကိုယ်လုံး ခန္ဓာ နှင့် ဝိညာဉ် အားလုံးကိုကယ်တင်တော်မှုကြောင်း ဟောကြားခဲ့ပါသည်။

မယ်တော်သခင်မ ဝိညာဉ်နှင် ခန္ဓာ ကောင်းကင်ဘုံသို့ ပင့်ဆောင်းခံရခြင်းသည် ကျွနု်ပ်တို့အားလုံးကို ဘုရားသခင်သည် ဝိညာဉ်ရော ခန္ဓာပါ ကယ်တင်မည့်အကြောင်းကို ပြသနေခြင်းဖြစ်ကြောင်း၊ ဘုရား၏သားတော်ကို ဝမ်းနှင့်လွယ်၍ မွေးဖွားပေးခဲ့သော မိခင်မာရီယားကို ဘုရားသခင်မှအထူပေးသနားတော်မူသော ဝိညာဉ်နှင့် ခန္ဓာ ကောင်းကင်ဘုံသို့ပင့်ဆောင်ခံရပြီး သာတော်နှင့် အတူပြန်လည်းပေါင်းစပ်ရခြင်း အခွင့်ထူးကိူ ပေးခဲ့ခြင်းသည် ကျွနု်ပ်တို့အားလုံး၏ မျော်လင့်ရာ ကောင်းကင်ဘုံကို တိကျစွာဖော်ပြနေခြင်းဖြစ်ကြောင်း၊ ကျွနု်ပ်တို့ ယုံကြည်ရာအချက်ဖြစ်သော
ကိူယ်ခန္ဓာ ရှင်ပြန်ထမြောက်မည့်အကြောင်း ယင်းအချက်ကို ပိုမိုယုံကြည်စေရန် ယုံကြည်ခြင်း ခွန်အားပေးရာ ဖြစ်သည်။
တဆက်တည်းမှာပင် မယ်တော်ကောင်းကင်ဘုံပင့်ဆောင်ခံရခြင်းသည် မယ်တော် လောကမှာရှိစဉ် မိမိဝိညာဉ်ခန္ဓာ အားလုံးကို ဘုရားအတွက်အသုံးပြုပေးခဲ့သလို ကျွနု်ပ်တို့အားလုံးသည်လည်း ဝိညာဉ်ရောခန္ဓာပါ ဘုရားအတွက် အသုံးပြုကြရမည်ဖြစ်ကြောင်း၊

ကျွနု်ပ်တို့သည် ဘုရားအမှုတော်ကို ဝိညာဉ် ခန္ဓာ နှစ်ခုစလုံးပေါင်းစပ်ပြီး အစေခံကြလျှင် ကျွနု်ပ်တိုသည်လည်းမယ်တော်သခင်မကဲ့သို့ ဝိညာဉ်ရောခန္ဓာပါ သခင်ခရစ်တော်နှင့်အတူ ပြန်လည်ပေါင်းစပ်ရမည်ဖြစ်ကြောင်း ဟောကြားခဲ့ပါသည်။

သြဂုတ်လ ၁၅၊ ၂၀၁၈

http://www.vaticannews.va/…/pope-francis-angelus-15-august….

Add new comment

10 + 0 =