ဘုရားသခင်သည် လူတိုင်းကိုခေါ်ပြီး၊ အစဥ်အမြဲခေါ်လျက်ရှိသည်။

ဘုရားသခင်သည် လူတိုင်းကိုခေါ်ပြီး၊ အစဥ်အမြဲခေါ်လျက်ရှိသည်။

Angelus at Pope: ဘုရားသခင်သည် လူတိုင်းကိုခေါ်ပြီး၊ အစဥ်အမြဲခေါ်လျက်ရှိသည်။

တနင်္ဂနွေနေ့ အန်ဂျေလူးစ် မေတ္တာဆိုသည့်နေရာမှ ပုပ်ရဟန်းမင်းကြီး ဖရန့်စစ်သည် "စပျစ်ဥယျာဉ်လုပ်သားများ" ၏ ပုံဥပမာကို ထောက်ရှုရင်း ယနေ့ဧဝံဂေလိတရား‌တော်၌ ကြားသိရ‌သော ဘုရားသခင်လုပ်ဆောင်သည့် နည်းလမ်းနှစ်ရပ်ကိုရှင်းပြခဲ့သည်။

တနင်္ဂနွေနေ့ ဧဝံဂေလိကျမ်းစာတော်မြတ်ကိုထောက်ရှုရာ၌ ပုပ်ရဟန်းမင်းကြီး ဖရန့်စစ်သည် စပျစ်ဥယျာဉ်၌ရှိသော လုပ်သားများနှင့်ပတ်သက်၍ သခင်ယေဇူး၏ ပုံဥပမာမှမြေပိုင်ရှင်၏ သဘောထားနှစ်ခုဖြစ်‌သော "ခေါ်တော်မူခြင်းနှင့် ဆုလာဘ်ချီမြှင့်ခြင်း" ဟူသော အချက်နှစ်ချက် ကို မီးမောင်းထိုးပြခဲ့သည်။

လူတိုင်းကို အစဉ်အမြဲ‌ခေါ်ဆိုခြင်း၊

သခင်ယေဇူးသည် မိမိ၏စပျစ်ဥယျာဉ်တွင် အလုပ်လုပ်မည့် လုပ်သားများကို “မိမိ‌နေအိမ်မှထွက်၍ ခေါ်တော်မူ” သောမြေပိုင်ရှင်အကြောင်းပြောခဲ့သည်။ ပုပ်ရဟန်းမင်းကြီးဖရန့်စစ်က“ ဤခြံပိုင်ရှင်သည် လူတိုင်းကိုဖိတ်‌ခေါ်မြဲ ဖတ်ခေါ်‌‌သော ဘုရားသခင်ကို ကိုယ်စားပြု‌ကြောင်း။ ယနေ့အချိန်၌ ဘုရားသခင်သည် ထိုကဲ့သို့ ပြုမူ‌ ဆောင်ရွက်သည့်နည်းတူ ကျွန်ုပ်တို့သည်လည်း တစ်ဖန်လူများအား မည်သည့်နေရာ၌ရှိစေကာမူ ရှာဖွေဖိတ်‌ခေါ် ခြင်းအားဖြင့် ဤသဘောတရားကိုအတုယူရန် ကျွန်ုပ်တို့အားခေါ် နေကြောင်း ပုပ်ရဟန်းမင်းကြီးအရှင်သူမြတ်က မိန့်ကြားခဲ့ပါသည်။

ပုပ်ရဟန်းမင်းကြီးအရှင်သူမြတ်က ဆက်လက်၍ မြွက်ကြားထားသည်မှာ“ ဤအရာသည် နယ်စွန်နယ်ဖျား၌ ရှိနေကြသောသူများအား မျှော်လင့်ချက်ပေး၍ ကမ္ဘာမြေကိုပွင့်လင်းလင်း‌စေခြင်းကို ရည်ရွယ်ခြင်းဖြစ်ကြောင်း၊ အသင်းတော်သည် ဘုရားသခင်ကဲ့သို့ အစဉ်အမြဲ မိမိနေရာမှ အပြင်သို့ ထွက်၍ရှာ‌ဖွေဖိတ်ခေါ် သင့်ကြောင်း၊ ထိုကဲ့သို့မပြုမူသည့်အခါ အသင်းတော်သည် မကျန်းမာပဲရှိနေကြောင်းကို ဆိုလိုခြင်းဖြစ်သည်။ ”ဟု မြွက်ကြားခဲ့ပါသည်

ပုပ်ရဟန်းမင်းကြီးဖရန့်စစ်က ဆက်လက်မိန့်ကြားသည်မှာ အသင်းတော်သည် မိမိကိုယ်ကိုအိမ်ထဲတွင်ပိတ်ဆို့၍ မကျန်းမမာ ရှိနေခြင်းထက်၊ အန္တရာယ်များကြားမှပင် ဧဝံဂေလိတရာတော်ကို ကြေငြာခြင်းသည် ပို၍ ကောင်းကြောင်း ပြောကြားခဲ့သည်။ "ဘုရားသခင်သည် ချစ်တတ်‌‌သော ဖခင်တစ်ဦး ဖြစ်သည်နှင့်အညီ အစဥ်အမြဲ သားသမီးများကို ထွက်ရှာ‌နေသည်ဖြစ်၍ အသင်းတော်သည်လည်း ထိုနည်းတူ အမြဲတမ်းလူသားများအား ခေါ်ဆောင်ရန် မိမိနေအိမ်မှ ထွက်ရန်လိုအပ်သည်။ "

တရားမျှတမှုကို ကျော်လွန်၍

မြေပိုင်ရှင်၏ဒုတိယသဘောထားသည်ဘုရားသခင့်လုပ်ဆောင်မှုကို ထင်ဟပ်စေပါသည်။ အလုပ်သမားများအား သူတို့၏လုပ်အားခများကိုပေးသောအခါ မြေပိုင်ရှင်က သူတို့မည်မျှအလုပ်လုပ်သည်ဖြစ်စေ အားလုံးကို တူညီသောလုပ်အားခကို ပေးခဲ့သည်။ ပုပ်ရဟန်းမင်းကြီးဖရန့်စစ်က“ သခင်ယေရှုသည်အလုပ်နှင့်လုပ်အားခမျှသာမဟုတ်ဘဲဘုရားသခင်၏နိုင်ငံတော်နှင့် ကောင်းကင်ဘုံရှင်အဖ၏ ကောင်းမြတ်ခြင်းအကြောင်းကို ပြောနေခြင်းဖြစ်ကြောင်း" ကျွန်ုပ်တို့နားလည်သဘောပေါက်‌‌ အောင် မိန့်ကြားခဲ့ခြင်းဖြစ်သည်။

ပုပ်ရဟန်းမင်းကြီးအရှင်သူမြတ်သည် ဆက်လက်၍ ဟော်ကြားထားသည်မှာ “ ဘုရားသခင်သည် အချိန်နှင့်ရလဒ်များကိုမကြည့်။ ၎င်းတို့အစား သူ့အားအစေခံရာ၌ကျွန်ုပ်တို့ မိမိကိုယ်ကို အပ်နှံခြင်းနှင့်ရက်ရောမှု” ကိုသုံးသပ်သည်။ ပုပ်ရဟန်းမင်းကြီးဖရန်စစ်ကဤသို့ပြုမူလုပ်‌ ဆောင်ခြင်းသည် တရားမျှတမှုထက် ကျော်လွန်၍ ကျေးဇူးတော်၌ ထင်ရှားနေသည်ဟူသော သဘောတရား သက်ရောက်ရုံမျှသာဖြစ်ကြောင်းပြောကြားခဲ့သည်။

" မိမိတို့၏ကောင်းကျိုးကို အားကိုးသူများသည်“ နောက်ဆုံး‌ သောသူများအဖြစ် မိမိကိုယ်မိမိတွေ့ကြလိမ့်မည်” ဟူ၍ ပုပ်ရဟန်းမင်းကြီးအရှင်သူမြတ်က ရှင်းပြခဲ့ပါသည်။

လယ်ပြင်နှင့်စပျစ်ဥယျာဉ်

ပုပ်ရဟန်းမင်းကြီးအရှင်သူမြတ်သည် " သန့်ရှင်းမြင့်မြတ်လှသော မေရီသည် ကျွန်ုပ်တို့အား ဘုရားသခင်၏ လယ်ပြင်ဖြစ်သော ဤလောကနှင့် ဥယျာဉ်တော်ဖြစ်သော အသင်းတော်၌ အလုပ်လုပ်ရန် ခန့်အပ်ခေါ်တော်မူခြင်း၏ ထူးဆန်းသော ဝမ်းမြောက်ခြင်းကို ခံစားနိုင်ရန် ကျွန်ုပ်တို့အား ကူညီစောင်မတော်မူပါစေ။

ကျွန်ုပ်တို့အတွက် အရာအားလုံးဖြစ်သည့် [ဘုရားသခင်၏] ချစ်ခြင်းမေတ္တာ၊ ယေဇူးသခင်၏ ခင်မင်ရင်းနှီးမှုအဖြစ်ရရှိနိုင်ရန်ဆုတောင်းခဲ့ပြီး အန်ဂျေးလူးတရားတော်မြတ်ကို နိဂုံးချုပ်ခဲ့ပါသည်။

 

ဘာသာပြန် Sr. Lucy Lal Nai Ciang,SJA

https://bit.ly/32SuuvK

 

အန်ဂျလုစ်_မေတ္တာဆိုချိန်_ပုပ်ရဟန်းမင်းကြီး_ဖရန်စစ်_ဟောပြောချက်များ  

စက်တင်ဘာ(၂၀): တနင်္ဂနွေနေ့  

တနင်္ဂနွေနေ့ ခရစ်ဝင်ကျမ်းအား ထောက်ရှုရာတွင် ရဟန်းမင်းကြီး ဖရန်စစ်က စပျစ်ခြံပိုင်ရှင်နဲ့ ပတ်သက်ပြီး အချက် (၂) ချက် ပြောခဲ့ပါတယ်။

*ပထမအချက်ကတော့ “ခေါ်သံ၊ ဖိတ်ခေါ်ချက်” ဖြစ်ပြီး

*ဒုတိယ အချက်မှာ “အဖိုးအခ ပေးခြင်း”တို့ ဖြစ်ပါတယ်။

 အစဉ်အမြဲ_လူတိုင်းကို_ဖိတ်ခေါ်နေတယ်

ယေဇူးသခင် ပြောသော စပျစ်ခြံပိုင်ရှင်က သူ၏ စပျစ်ခြံ၌ အလုပ်လုပ်ဖို့ရန် “အပြင်ထွက်ပြီး တွေ့တဲ့ လူတိုင်းကို ဖိတ်ခေါ်နေတယ်။ ” “ဤစပျစ်ခြံ ပိုင်ရှင်က လူတိုင်းကို အစဉ်အမြဲ ဖိတ်ခေါ်နေတဲ့ ဘုရားသခင်အား ကိုယ်စားပြုတယ်။” ယနေ့ခေတ် အခါမှာလည်း ဘယ်နေရာမဆို ပြန့်ကျက်တည်ရှိနေတဲ့ လူသားအပေါင်းကို သူနဲ့ အတူရှိဖို့ ဖိတ်ခေါ်နေတယ်။

“ဆိုလိုတာက ဘုရားသခင်ဟာ အမိုက်မှောင်မှာ ရှိနေတဲ့ လူတွေ၊ ဘုရားသခင်နဲ့ တွေ့ဆုံခြင်းဖြင့် ရရှိလာမယ့် ခွန်အားနဲ့ ဉာဏ်အလင်းကို မခံစားရဖူးသူတွေ၊ လမ်းပျောက်နေသူတွေထံ မျှော်လင့်ချက် ပေးဖို့ လမ်းဖွင့်ထားရမှာ ဖြစ်တယ်လို့ အဓိပ္ပာယ် သက်ရောက်တယ်။”

“အမိအသင်းတော်ဟာ ဘုရားသခင်ကဲ့သို့ ပြုမူကျင့်ကြံရပါမယ်၊ အစဉ်ထာဝရ အပြင်ထွက်ပြီး ဒေဿနာတော် အတွက် အလုပ်လုပ်ရပါမယ်။ အပြင်မထွက်ပဲ ကျောင်းတွင်းမှာပဲ အောင်းနေတဲ့ အသင်းတော်ဟာ ယိုယွင်းပျက်စီးလာပါမယ်။ မကျန်းမာ၊ ဖျားနာလာတတ်ပါတယ်။”

အမိအသင်းတော်ဟာ မိမိကျောင်းတိုက် အတွင်းမှာပဲ အောင်းနေလို့ ယိုယွင်းပျက်စီးလာတာထက် စာရင် ဧဝံဂလိ တရားတော် ဟောပြောဖို့ “ပြင်ပသို့ ထွက်ရပါမယ်။” “ဘုရားသခင်ဟာ ချစ်ခြင်းမေတ္တာ ကြီးမားသောကြောင့် သားသမီး လူခပ်သိမ်းတို့ဆီ အစဉ် လာရောက်လေ့ရှိသလိုမျိုး အမိကက်သလစ် အသ်ငးတော်ဟာလည်း အလားတူ လုပ်ဆောင်ဖို့ လိုအပ်ပါတယ်။ အမိအသင်းတော်ဟာ အစဉ် ထွက်ခွာသွားလာနေရပါမယ်။”

တရားမျှတမှုထက် သာလွန်အောင် ပိုမို လုပ်ဆောင်ပါ။

စပျစ်ခြံရှင်ရဲ့ ဒုတိယ ခံယူချက်ဟာ ဘုရားသခင်ရဲ့ လုပ်ဆောင်ချက်နဲ့ ထပ်တူကျပါတယ်။ စပျစ်ခြံလုပ်သားများကို လုပ်အားခ ပေးတဲ့ အခါမှာ သူတို့ ဘယ်လောက်ကြာအောင် အလုပ်လုပ်ခဲ့သလဲ ဆိုတာထက် လုပ်သားအားလုံးကို သာတူညီမျှ လုပ်အားခ ပေးပါတယ်။ အဲဒီအချက်ကနေ တဆင့် “ခရစ်တော် ပြောလိုတာဟာ လုပ်အားခ အကြောင်း မဟုတ်ဘဲ ဘုရားသခင် နိုင်ငံတော်နဲ့ ကောင်းကင်ဘုံရှင် အဖဘုရားရဲ့ ကောင်းမြတ်တော်မူခြင်း ဖြစ်ပါတယ်။”

ဘုရားသခင်ဟာ “လူတွေ အလုပ်ဘယ်လောက်ကြအောင် လုပ်သလဲ၊ ရလဒ် ဘာတွေ ရသလဲ ဆိုတာကို မကြည့်ပါဘူး” အဲဒီအစား “ဘုရားသခင်အတွက် ကျွန်တော်တို့ လူသားတွေ လုပ်ဆောင်တဲ့ အခါမှာ ဘယ်လောက်_အချိန်ပေးသလဲ ၊ ဘယ်လောက်အထိ ရက်ရက်ရောရော_လုပ်ဆောင်သလဲ ” ဆိုတာကို ဘုရားသခင်က ကြည့်တာ ဖြစ်ပါတယ်။ “ဒီလို လုပ်ဆောင်ပြီဆိုရင် ဒါက တရားမျှတမှုထက် ကျော်လွန်ပြီး ကျေးဇူးတော် အဆင့်အထိ ရောက်ပြီ ဖြစ်ပါတယ်။”

မိမိ အရည်အချင်းအပေါ်မှာသာ အလွန်အမင်း အားပြုထားသူတိုင်းဟာ “နောက်ဆုံးမှာ ရောက်နေတယ် ဆိုတာ မိမိကိုယ်ကို သတိပြုမိပါလိမ့်မယ်” “ဘုရားသခင်ရဲ့ သနားဂရုဏာတော် အပေါ်မှာ နှိမ့်ချခြင်းပါရမီနဲ့ အားပြုထားသူတိုင်းဟာ အဆုံးမှာတော့ ပထမဆုံးနေရာကို ရောက်နေတယ် ဆိုတာ မိမိကိုယ်ကို သတိပြုမိပါလိမ့်မယ်။”

စပျစ်ခြံ၊ ကွင်းပြင်

“အသန့်ရှင်းဆုံးသော အမိမယ်တော် မာရီယာ၊ ကွင်းပြင်နဲ့ တူညီသော ကမ္ဘာလောကနှင့် စပျစ်ခင်းနဲ့ တူညီသော အမိအသင်းတော်၌ ဘုရားသခင် အတွက် အမှုတော် ထမ်းဆောင်ဖို့ ဘုရားသခင်ရဲ့ ဖိတ်ခေါ်တော်မူခြင်းကို ဝမ်းမြောက် ပျော်ရွှင်ခြင်း၊ အံ့သြမင်သက်ခြင်းတို့ဖြင့် ခံစားသိရှိဖို့ ကျွန်ုပ်တို့ကို ကူညီ မစတော်မူပါ။”

“ထိုသို့ အမှုတော် ထမ်းဆောင်ခြင်းအားဖြင့် ကျွန်ုပ်တို့အတွက် အရာအားလုံးဖြစ်သော ဘုရားသခင်ရဲ့ ချစ်ခြင်းမေတ္တာ၊ ယေဇူးသခင်ရဲ့ မိတ်သဟာရတို့ကို အဖိုးအခ အဖြစ် ရရှိကြစေတော်မူပါရန် တောင်းလျှောက်ပါသည်။”

ဟု ရဟန်းမင်းကြီး ဖရန်စစ်က မြွက်ဆို၍ အိန်ဂျလုစ် မေတ္တာ ဆိုခြင်းအား အဆုံးသတ်ခဲ့ပါသည်။

 

Vatican News https://www.vaticannews.va/.../pope-at-angelus-god-calls...

ဘာသာပြန် Lawrence Jangma Mung Song

Add new comment

4 + 0 =