ဘုရားသခင်သည် ပြည့်စုံလှသော ခရစ်ယာန်ကိုလိုအပ်သည်မဟုတ်’ ကြောင်းပုပ်ဖရန်စစ်မိန့်ကြား

ဘုရားသခင်သည် ပြည့်စုံလှသော ခရစ်ယာန်ကိုလိုအပ်သည်မဟုတ်’ ကြောင်းပုပ်ဖရန်စစ်မိန့်ကြား

ဘုရားသခင်သည် ပြည့်စုံလှသော ခရစ်ယာန်ကိုလိုအပ်သည်မဟုတ်’ ကြောင်းပုပ်ဖရန်စစ်မိန့်ကြား

ယေဇူးသခင်သည် သူ့အပေါ်သံသယကြီးစွာရှိနေသော တပည့် တော်ကြီး သောမတ်စ်အား ကြင်နာ သောစကား ကိုမိန့်ကြားခဲ့သည်။ ထိုမိန့်ကြားချက်သည် ‘စုံလင်သော ခရစ်ယာန်များကိုမျှော်လင့်မည့်အစား သူ့အားလိုက်လံရှာဖွေ သော၊ ခေါ်တသော၊ တပည့်တော်ကြီးသောမတ်စ်ကဲ့သို့ မယုံကြည်ခြင်းမဟုတ်။ သို့သော် ကိုယ်တိုင်ကိုယ်ကျဖူးတွေ့ရမှ ဟုတင်းခံခြင်းသည် ကျွန်ုပ်တို့လည်းလိုချင်သော၊ ဖြစ်ချင်သောဆန္ဒ၊ ကျွန်ုပ်တို့၏မယုံကြည်နိုင်မှုကိုယုံကြည်နိုင်အောင် သက်သေပြလိုက်သကဲ့သို့ဖြစ်သွားသည်’ ဟုရဟန်းမင်းကြီးက မွန်းတည်းချိန် ‘ကောင်းကငဘုံဘုရင်မ’ ဆုတောင်းမေတ္တာ ရွတ်ဆိုခြင်းမပြုမှီ မိန့်ကြားခဲ့သည်။

ထိုနေ့သည် ‘ကရုဏာရှင်ယေဇူး’ တနဂ်နေနွနေ့လည်းဖြစ်သည်။ ဖတ်ရှုသောဧဝံဂေလိကျမ်းမှာလည်း ယေဇူး သခင်၏ တမန်တော်သောမတ်စ်အပေါ်ထားသော ကရုဏာတော်အကြောင်းဖြစ်သည်။ ညစာစားခဲံသောအခန်းသို့ယေဇူး ကြွရောက်ချိန်၌ သောမတ်စ်မရှိပေ။ သောမတ်စ်သည် ကျွန်ုပ်တို့တစ်ဦးစီကို ကိုယ်စားပြုသည်။ ကျွန်ုပ်တို့လည်းသောမတ်စ်ကဲ့သို့ ယေဇူးသခင်ရှင်ပြန်ထမြောက်ပြီ၊ သူသည်ကျွန်ုပ်တို့နှင့်ရှိနေသည်၊ ကျွန်ုပ်၏ဘဝကိုပိုင်စိုးသူဖြစ်သည်ဆိုသည် ကို အဘယ်သို့လက်ခံယုံကြည်ရမည်နည်းဟု ဒွိဟစိတ်များဖြင့်ရုန်းကန်နေကြသည်။ ရှင်ပြန်ထမြောက်သောခန္ဓာတော် ကြီးကို အဘယ်ကြောင့်ကျွန်ုပ်တို့အား ထိခွင့်တို့ခွင့်မပေးသနည်း၊ သူ၏တည်ရြှိခင်း၊ ချစ်ခြင်းကိုပိုမိုသိရှိနားလည်ရန် ယခု ထက်ပို၍ ရှင်းလင်းသောအခြေအနေတစ်ခုကို အဘယ်ကြောင့်မပေးသနည်းဟုမေးခွန်းပေါင်းများစွာကိုမေးနေကြပေ မည်။ ကျွန်ုပ်တို့သည် သောမတ်စ်ကဲ့သို့သော သံသယ၊ တွေးတောမှုမျိုးရှိနေပါသည်။

ဤသို့ဖြစ်နေ၍ ကျွန်ုပ်တို့သည် ရှက်စရာအကြောင်းမရှိပေ။ ယနေ့ဧဝံဂေလိကျမ်းစာသည် သောမတ်စ်၏အဖြစ် အပျက်ကိုဖတ်ရူစေခြင်းဖြင့် ယေဇူးသခင်သည် ‘စုံလင်သောခရစ်ယာန်ကိုလိုက်ရှာနေသည်မဟုတ်’ ဆိုသည်ကိုအလင်းပြ နေခြင်းဖြစ်သည်။

မိမိကိုယ်ကို သိပ်ပြည့်စုံ၊ ခြောက်ပြစ်ကင်းသည်ဟု မှတ်ထင်နေသောသူများအားလည်း ‘မိမိတို့ကိုယ်ကို ပြည်စုံလှ သည်ဟု ထင်မြင်နေသောခရစ်ယာန်များ၊ ခရစ်ယာန်အသင်းအဖွဲ့များကိုမြင်တွေ့ရသောအခါသနားမိသည်။ အဘယ် ကြောင့်ဆိုသော် ယေဇူးသခင်လိုက်ရှာသောသူများထဲ၌ ၄င်းတို့ကိုယ်ကို၄င်းတို့စာရင်းပယ်နေကြသောကြောင့်ဖြစ်သည်။
ယေဇူးသခင်သည် သူ့အပေါ်၌သံသယလုံးဝမရှိသူကိုရှာဖွေနေခြင်းမဟုတ်။ မိမိကိုယ်မိမိ စုံလင်လှပြီဟုခံယူနေသောခရစ် ယာန်အတွက် တစ်ခုခုလွဲချော်နေပြီဖြစ်သည်။ ယုံကြည်ခြင်းအသက်တာ၌ သောမတ်စ်ကဲ့သို့ အလင်းနှင့်အမှောင်ဟူ၍ဒွန်တွဲရှိနေတတ်သည်။ အဘယ် သို့သောယုံကြည်ခြင်းမျိုးဖြစ်မည်နည်း။ သက်တောင့်သက်သာရှိမှု၊ စိတ်အားထက်သန်မှု၊ တက်ကြွမှုများဖြစ်၍ အခြားတစ်ဖက်၌မူ ပင်ပန်းနွန်းနှယ်မှု၊ ရှုပ်ထွေးမှု၊ သံသယနှင့်မကြည်လင်မပြတ်သားမှု စသည်တို့ ဖြစ်ကြသည်။

ဧဝံဂေလိကျမ်းစာထဲမှ သောမတ်စ်၏ဒွိဟစိတ်မျိုးနှင့်ကျွန်ုပ်တို့ကြုံရသည့်အခါ မတုန်လှုပ်ရန်နှင့်ယုံကြည်ခြင်း သာဆက်လက်ရှိနိုင်ရန်ကြိုးစားရမည်ဖြစ်သည်။ သောမတ်စ်ကြုံတွေ့ခဲ့သောအခြေအနေသည် အပြစ်မဟုတ်ပေ။ ယုံ ကြည်ခြင်းလျှောက်လမ်း၏အချိုးအကွေ့တစ်ခုဖြစ်သည်။ ဤအခြေအနေမျိုးကြုံရခြင်းသည် ကျွန်ုပ်တို့အားနှိမ့်ချတတ် စေသည်။ ကျွန်ုပ်တို့၏အတွေးအခေါ်အလွဲကိုတည့်မတ်အောင်ပြင်ဆင်ပေးသည်။ ကျွန်ုပ်တို့သည် အခြားသူများထက်မ သာ။ အကူအညီကိုလိုအပ်နေသူဖြစ်သည်။ ဘုရားသခင်၏အကူအညီလိုအပ်သည်ကိုပြန်လည်အသိဝင်လာမည်။ ဘုရား သခင်ထံပြန်လှည့်လာမည်။ ကယ်တင်ခြင်း၏ဒဏ်ရာတော်ကိုထိတွေ့၍ ဘုရားသခင်၏ချစ်ခြင်းကို တစ်ခါမျှမခံစားဖူး သေးသူတစ်ဦးကဲ့သို့ ပြန်လည်ခံစားလာမည်။

ညီအစ်ကိုမောင်နှမအပေါင်းတို့၊ မပြည်စုံခြင်းသည်ပိုကောင်းသည်။ သို့သော် နှိမ့်ချတတ်သောယုံကြည်ခြင်းဖြင့် ယေဇူးသခင်ထံသို့ပြန်လှည့်လာရမည်။ မိမိကိုယ်ကိုအထင်ကြီးသောစိတ်သည် ကျွန်ုပ်တို့အားစိတ်ကြီးဝင်လာစေသည်။ မောက်မာစေသည်။ ဤစိတ်မျိုးရှိကြသောသူတို့သည် မဂ်လာမရှိကြပေ။

ပထမအကြိမ်လာစဉ်က သောမတ်စ်သည် တပည့်တော်ကြီးများနှင့်မရှိ၍ ဒုတိယ အကြိမ် ပြန်လှည့်လာခဲ့ သည်။ ယေ ဇူးသခင်သည် အရှုံးမပေး။ ဤသို့သောအခြေအနေမျိုးရှိနေသော ကျွန်ုပ်တို့အားလည်းစိတ်ပျက်မသွားပေ။ သူသည်အမြဲပြန်လည်အခွင့်အရေးပေးသည်။

ကျွန်ုပ်တို့၏တံခါးပိတ်ထားလျက်ပင် ယေဇူးသခင်သည် ရအောင်ပြန် ကြွလာတတ်သည်။ သူ့အပေါ် ကျွန်ုပ်တို့သံသယရှိနေလျင်လည်း ပြန်လာသည်။ အဘယ်ကြောင့်ဆိုသော် သံသယစိတ်ကို သောမတ်စ်ကဲ့သို့ ရှင်းလင်းပစ်ရန်လိုသည်။ ထို့ကြောင့်ပြန်လာဖြစ်အောင်ကိုပြန်လာသည်။ တံခါးကိုအမြဲခေါက်သည်။ ကျွနု်ပ်တို့အားသိမ် ငယ်သွားစေမည့် အရှက်ရသွားစေမည့် ဟိတ်ဟန်ဖြင့်ပြန်ကြွလာလေ့မရှိ။ ရာဇဝတ်သားတစ်ဦးနယ် ရက်စက်ယုတ်မာစွာ အသတ်ခံခဲ့ရသော ဒဏ်ရာတော်များဖြင့်သာပြန်လာသည်။ ထိုသို့ ပြန်လာ ရခြင်းမှာ သူ၏ချစ်ခြင်းနှင့် ကျွန်ုပ်တို့၏အားနည်းပြို လဲတတ်ခြင်းကိုပြသည်။

ယေဇူးသခင်သည် အခြားသောအခွင့်အရေးများကိုဖန်တီးပေးသောအရှင်ဖြစ်သည်။ ကျွန်ုပ်တို့အား လမ်းကြောင်း တစ်ခုမဟုတ် တခု အစဉ်ဖွင့်ပေးလေ့ရှိသည်။ နောက်ဆုံးကြုံခဲ့ဖူးသောအခြေအနေကိုပြန်ပြောင်းသတိရကြပါစို့။ ထိုခက် ခဲသော (သို့) အရှုပ်အထွေး ကာလက ကျွန်ုပ်တို့သည် ထိုအရှုပ်အအထွေး၌ ပိတ်မိနေခဲ့သည်။ အတားအဆီးများကိုဖန် တီးခဲ့သည်။ ယေဇူးသခင်အား အိမ်ထဲသို့မဝင်ရောက်နိုင်အောင်ပိတ် ထားခဲ့သည်။ နောက်တစ်ကြိမ်၌ ကျွန်ုပ်တို့၏မောပန်း နွမ်းနယ်မှု၌ ထိုသို့မဖြစ်စေဘဲ ယေဇူးသခင်ကိုရှာဖွေ ရန်၊ ယေဇူးသခင်ထံသို့ပြန်လှည့်လာရန်၊ သူ၏ခွင့်လွှတ်ခြင်းကိုခံယူ ရန်စိတ်ပိုင်း ဖြတ်ကြစို့။

ယေဇူးသခင်သည် အစဉ်ခွင့်လွှတ်သည်။ ဤနည်းအားဖြင့် ကျွန်ုပ်တို့လည်း သနားကြင်နာတတ်လာသည်။ အခြားသူများ၏အနာတရကိုလည်း မည်သည့် အာဃာတမျှ မထားသကဲ့သို့ အမြင် တိမ်းစောင်းမှုများမရှိဘဲ ကုသပေး တတ်လာသည်။

ပြီးခဲ့သောတနဂ်နွေ နေ့သည် ယူကရိန်းသို့ ရုရှား၏ကျူးကျော်စစ်စတင်ခဲ့သည်မှာ (၂) လတင်းတင်းပြည့် သောနေ့ လည်းဖြစ်နေသည်။ ရုရှားတို့မှကျူးကျော်စစ်ကို (ဖေဖော်ဝါရီလ ၂၄) ရက်နေ့ကစတင်ခဲ့သည်။ ဂျူလီယန်ပြက္ခဒိန်လိုက် သော အရှေ့တိုင်း အသင်းတော်၊ ကက်သလစ်သာသနာနှင့်ဩသိုဒေါ့စ်ခရစ်ယာန် တို့ ပါစကားပွဲရက်သည်မတူပေ။ လာတင်းဝိနည်းကျင်းသုံးပြီး၊ ဂရေဂေါရီယံပြက္ခဒိန်လိုက်သော ကျွန်ုပ်တို့သည် ပြီးခဲ့သောနှစ်ပတ်ကကျင်းပခဲ့ပြီးဖြစ် သည်။

ရဟန်းမင်းကြီး အနေဖြင့် ၄င်းတို့အားလုံးကို နွေးထွေးစွာဖြင့် ‘ခရစ္စတူးသခင်ရှင်ပြန်ထမြောက်တော်မူပြီ ။ သူ သည်အဟုတ်အမှန် ရှင်ပြန်တော်မူပြီ။ ခရစ္စတူးသခင်သည် စိတ်ကောင်းရှိသူတို့၏နှလုံးသား၌ မြှော်လင့်ချက် ကိုရှင်သန်စေပါ။ အရိုင်းအစိုင်းဆန်သောသူတို့ဖန်တီး သော စစ်ဒဏ်ကြား၌ ငြိမ်သက်ခြင်းကိုပေးသနားပါစေ’ ဟုပုပ်ရဟန်းမင်းကြီး က နူတ်ဆက်ဆုတောင်းပေးခဲ့သည်။

အာဗီအေဘာသာပြန်- ဖာသာရ်ကလဲမင့်အားတယ်

https://bit.ly/3LTgBS4

Add new comment

14 + 2 =