ဘုရားသခင်သည် ခွင့်လွတ်မြဲခွင့်လွတ်လျှက်ရှိသည်

ဘုရားသခင်သည် ခွင့်လွတ်မြဲခွင့်လွတ်လျှက်ရှိသည်

ဘုရားသခင်သည် ခွင့်လွတ်မြဲခွင့်လွတ်လျှက်ရှိသည်။

            အာပတ်ဖြေခြင်းစက္ကရာမင်တူးအားဖြင့် ဘုရားသခင်၏သနားခြင်းကိုရှာဖွေကြပါ။ ဘုရားသခင် ၏ အလွန်သိမ်မွှေ့နူးညံ့သောအပြစ်ခွင့်လွတ်ခြင်းသည် အလွန်အရုပ်ဆိုး အကျည်းတန်သော အပြစ် ထက်ပို၍ကြီးမားသည်။ ဘုရားသခင်သည် အပြစ်ကိုမကြောက်။ ဘုရားသခင်သည် အစဉ်ခွင့်လွှတ်၏။ ဤအသိကိုသင်တို့၏နှလုံးသားထဲ၌သွင်းထားပါ။ ကျွန်ုပ်တို့ကသာ ခွင့်လွတ်ခြင်းကိုတောင်းခံရန် မောပန်းနေတတ်သည်။ သို့သော်ဘုရားသခင်သည် ခွင့်လွတ်မြဲခွင့်လွတ်လျှက်ရှိသည်။ အယုတ်ညံ့ဆုံး၊ အကျည်းတန် ဆုံးကိုလည်းခွင့်လွတ်ရန်အသင့်ရှိသည်။ ဘုရားသခင်၏ အမှုအရာများသည် လူသား တို့၏အတွေ့အကြုံများအား ထောက်ရူဆင်ခြင်ရာမှ သိရှိနားလည်လာရသည်။

သိမ်မွှေ့ နူးညံ့ခြင်းသည် အလွန်ထိရှလွယ်သော ကျွန်ုပ်တို့၏ဘ၀ကို ပြုပြင်ပြောင်းလဲရန် အကောင်း ဆုံးနည်းလမ်းဖြစ်သည်။ ဥပမာအားဖြင့် သူနာပြုတို့သည် နာကျင်ပြီး၊ ဝေဒနာပြင်း ထန်နေသော လူနာများ ထပ်မံနာ ကျင်မဖြစ် စေရန် အဘယ်မျှသိမ်မွှေ့စွာကိုင်တွယ်သည်ကိုခြင်ဆင်ပါ။ ထို့အတူပင် ဘု ရားသခင်သည်လည်း ထိုသို့သော သိမ်မွှေ့မူမျိုးဖြင့် ကျွန်ု်ပတို့ကိုကိုင်တွယ်လေ့ရှိသည်။ ထို့ကြောင့် ဘုရားသခင်၏ သ နားခြင်းကို အာပြစ်ဖြေခြင်းစက္ကရာမင်တူးအားဖြင့်လည်းကောင်း၊ တစ်ဦးစီပြုသော ဆုတောင်းမေတ္တာ အားဖြင့် လည်း ကောင်း၊ ဘုရားသခင်နှင့်လည်းကောင်း၊ အမှန်တရား နှင့်လည်း ကောင်း၊ သိမ်မွှေ့ ခြင်းအား ဖြင့်လည်းကောင်း တွေ့ထိ ခံစားကြည့်ရန် အရေးကြီးသည်။ ဘုရားသခင်၏ သိမ်မွှေ့ နူးညံ့ခြင်းသည် လောကနိယာမထက်ကြီးမားသည်။ မှန်းဆ မရနိုင်သောနည်းလမ်းဖြင့် တရားမျှ တခြင်းကို ပေးစွမ်းသည်။ သိမ်မွှေ့နူးညံ့ခြင်းကို ပိုင်ဆိုင်အောင် အရေးမဆိုမခြင်း ကျွန်ုပ်တို့အား တရားမျှတခြင်းကိုမလုပ်ဆောင်နိုင်ရန်အကျဉ်းချထားစေလိမ့်မည်။ ထို့ကြောင့် ကယ်တင်ခြင်းသည် ဒဏ်ခတ်ခြင်းနှင့်ရောထွေးသွားပေလိမ့်မည်။

            ထို့အတူရဟန်းမင်းကြီးသည် အကျဉ်းကျနေသူများကိုလည်းသတိတရရှိနေသည်။ အမှားပြု လုပ်မိခဲ့သူအ တွက် မိုက်ကြွေးအတွက်အပြစ်ကြွေးကိုပေးဆပ်ရမည်။ အမှားကျူးလွန်သူများသည်လည်း ထိုအမှားမှ လွတ်မြောက် အောင်ရုန်းထွက်ရန်ရမည်။ မျှော်လင့်ခြင်းတံခါးမရှိက စီရင်ခြင်းကို မရှောင်ရှား နိုင်။ အကျဉ်းကျခံနေရသော ကျွန်ုပ်တို့ ၏ညီအစ်ကိုမောင်နှများအတွက်သတိရဆုတောင်းပေးကြစို့။ ဘုရားသခင်၏ သိမ်မွှေ့နူးညံ့ခြင်းကို ဆင်ခြင်သကဲ့သို့ ၄င်းတို့လည်းခံစားရရန်ဆုတောင်းပေးကြစို့။ သို့ဖြစ်၍  ပိုမိုကောင်းသောအသက်တာကိုရောက်ရှိနိုင်ရန် မျှော်လင့်ခြင်း ပြတင်းပေါက် ကိုရှာဖွေတွေ့ နိုင်ပေမည်။

ရဟန်းမင်းကြီးသည် ယခုတစ်ပတ်၌ ဘုရားသခင်၏ နူးညံ့သိမ်မွှေ့ခြင်းအ ကြောင်းကို ပရောဖက် ဟိုဇေးယာ (၁၁း၃-၄) ကိုဆက်စပ်၍ ထောက်ရူခဲ့သည်။ ဘုရားသခင်သည် ပရောဖက်အား လက်ကို ကိုင်၍ လမ်းလျှောက်ရန် သင်ပြသည်။ ဘုရားသခင်သည် ပရောဖက်အတွက်ဖခင်ကဲ့သို့ဖြစ်သည်။ အဘယ် ကြောင့်ဆိုသော် ငယ်စဉ်တောင် ကျေးလူမမယ်အရွယ်မှစ၍ ပြုစုပျိုးထောင်ခဲ့သည်။ ကိုယ်တိုင် ကျွေးမွေးခဲ့သည်။ ကျမ်းစာလာ ဘုရားသခင်သူ၏လူ နှင့်အဘယ်သို့ဆက်ဆံသည်ကိုသိရခြင်းသည် အ လွန် အားတက်ဖွယ်ရာဖြစ်သည်။ ထို့အတူပင် စိန့်ဂျိုးဇက်သည် လည်း ယေဇူးသူငယ်တော်အား ပြုစု စောင့်ရှောက်ပေးခဲ့မည်ဖြစ်သည်။ ရဟန်းမင်းကြီးသည် သူ၏ဩ၀ါဒအဆုံး၌ စိန့်ဂျိုးဇက်ထံပြုအပ်သော အောက်ပါဆုတောင်းမေတ္တာကို လက်ဆောင်အဖြစ်ပေးခဲ့သည်။       

 

အလွန်နူးညံ့သိမ်မွှေ့သော စိန့်ဂျိုးဇက်၊

            ကျွန်ုပ်တို့၌ အလွန်အားနည်းသော ချစ်နည်းဖြင့် ကျွန်ုပ်တို့ အချစ်ခံနေရ သည်ကို သိရှိစေ တော်မူပါ။ ကျွန်ုပ်တို့ ၏ချို့တဲ့နွမ်းပါးခြင်းနှင့်ဘုရားသခင်၏ကြီးမြတ်သော ချစ်ခြင်းကြား၌ မည်သည့် အဟန့် အတားမျှမထားမိစေပါနှင့်။ အာပတ်ဖြေခြင်းစက္ကရာမင်တူးကို ချဉ်းလို စိတ်ကိုရှင် သန်လှုပ်ရှား နေစေ တော်မူပါ။ သို့မှသာ ကျွန်ုပ်တို့၏အပြစ်အမှား များသည် ခွင့်လွတ်ခြင်းခံကြရမည်။ ချို့တဲ့နွမ်း ပါး သော ကျွန်ုပ်တို့ညီအစ်ကိုမောင်နှမများကိုလည်း နူးညံ့စွာချစ်တတ် ပေလိမ့်မည်။ အမှားကျူး လွန် သူတို့ နှင့် အပြစ်ဒဏ်ကျခံနေကြသောသူများ၏ အနီးအပါး၌ရှိနေပေးတော်မူပါ။ ၄င်းတို့ အားတရား မျှတ ခြင်းသာမဟုတ်။ သိမ်မွှေ့နူးညံ့ခြင်းကိုလည်း ရှာဖွေတွေ့ရှိ၍ ဘ၀ပြန်လည်စတင်နိုင်စေတော်မူပါ။ ဘ၀ကိုစတင်ရန်ပထမဆုံးခြေလှမ်းမှာ ရိုးသားစွာခွင့်လွတ်ခြင်းကိုတောင်းခံရန်၊ ခမည်းတော်ဘုရား၏ ဂရုစိုက်မှုကိုထိတွေ့ခံစားရန်ဖြစ်ကြောင်းသိရှိစေတော်မူပါ ... အာမင်။

ရဟန်းမင်းကြီးသည် ဤ သွန်သင်ထောက်ရူချက်ကို ဇန္န၀ါရီလ (၁၉) ရက်နေ့၊ ရဟန်းမင်းကြီး ပေါလ် (၆) ခန်းမ၌ မိန့်ကြားခဲ့ခြင်းဖြစ်သည်။       

 

အာဗီအေဘာသာပြန်- ဖာသာရ်ကလဲမင့်အားတယ်

https://bit.ly/32mK1pW

Add new comment

7 + 10 =