ဘုရားသခင်သည် ကျွန်ုပ်တို့၏အပြစ်သည်ဘ၀ကိုပြုပြင်ပြောင်းလဲ၍ သာသနာပြုအဖြစ်အသုံးပြု

ဘုရားသခင်သည် ကျွန်ုပ်တို့၏အပြစ်သည်ဘ၀ကိုပြုပြင်ပြောင်းလဲ၍ သာသနာပြုအဖြစ်အသုံးပြု

ဘုရားသခင်သည် ကျွန်ုပ်တို့၏အပြစ်သည်ဘ၀ကိုပြုပြင်ပြောင်းလဲ၍ သာသနာပြုအဖြစ်အသုံးပြု

 

            ရဟန်းမင်းကြီးသည် ယခုတစ်ပတ် ဗုဒ္ဓဟူးနေ့၌ ဘုရားဖူးများအားသွန်သင်ချက်ပြုရာတွင် ပေါလ်၏ဂါလား ဆီယားဘာသာတူများထံရေးသားပေးပို့သော ဩ၀ါဒစာမှကောက်နုတ်ထားသည်။ အကြောင်းအရာကား သံပေါလု၏ သံသူ့ကိုယ်သူဆန်းစစ်သည့် ‘စစ်မှန်သော တမန်တော်၏ကြင်အင်လက္ခာဏာ’ အကြောင်းဖြစ်သည်။ သူ၏ကြေညာဟော ပြောချက်ကြောင့်ကြားသိလိုက်ရသော ဧ၀ဂေလိတရားတော်ဖြင့် သူတို့ကိုယ်သူတို့တည်ဆောက်ရှင်သန်ကြရန်တိုက် တွန်းထားသည်။   

 

ပြဿနာကိုဆွဲထုတ်ဖြေရှင်း

            ပေါလ်သည် တောင်စင်ရေမရသောစကားများ၊ သူ၏တရားနာဘာသာတူများလိုက်မမှီနိုင်သောစကားများဖြင့်‌ ‌ေ၀ှ့လည် ကြောင်ပတ်ပြောဆိုကာ ပြဿနာကိုရှောင်ကွင်းခြင်းမပြု။ အဖွဲ့အစည်းအတွင်း အဓိကငြင်းခုန်စရာဖြစ်နေသော အရေဖျားလှီးခြင်း သည် ခရစ်ယာန်တစ်ဦးဖြစ်လာရန်အတွက် မဖြစ်မနေလိုအပ်ခြင်း၊ မလိုအပ်ခြင်းအကြောင်းကိုရှင်းပြထားသည်။ ပေါလ်သည် တာ ၀န်ယူမူ၊ တာန်ခံမူအပြည့်ရှိသောတမန်တော်ဖြစ်၍ လက်ရှိဖြစ်ပေါ်နေသောအခြေအနေကို လေးလေးနက်နက်ထား၍ဖြေရှင်းပေးခဲ့ သည်။ သူချပြပေးခဲ့သော ပြဿနာကိုချဉ်းကပ်နည်းသည် တစ်ပွဲတိုးအလွယ်ဖြေရှင်းနည်းမဟုတ်။ အငြင်းပွားနေမူကို အမှန်တကယ် ဖြေရှင်းသည့်မှန်ကန်သောနည်းလမ်းဖြစ်သည်။  

 

ဘုရားသခင်၏သနားခြင်းကိုထုတ်ဖော်ဂုဏ်ယူခြင်း၊

 

            ပေါလ်သည် ဘုရားသခင်သူ့အား တမန်တော်တစ်ပါးအဖြစ် အဘယ်သို့ခေါ်တော်မူခဲ့ကြောင်း၊ ဤသို့ဖြစ်ရခြင်းမှာ သူတော်၊ သူတတ်၊ ကောင်းလွန်း၍မဟုတ်ကြောင်း၊ သူသည်ဂျူးဘာသာတရားကိုဆည်းကပ်ယုံကြည်နေချိန်၌လည်း ရိုး သားစွာ၀န်ခံရလျှင် အလွန်ဘာသာတရားကိုင်းရှိုင်းသူဖြစ်ခဲ့ကြောင်း၊ သူသည် ဂျူးဘာသာနှင့်ပတ်သက်လာလျှင် အသက် ပေးကာကွယ်ရန်၀န်လေးသူမဟုတ်ခဲ့ကြောင်း၊ ယေဇူးသခင်၏တရားတော်ကိုယုံကြည်သောသူတို့ကို ကြောက်ခမန်း လိ လိညှဉ်းပမ်းနှိပ်စက်ခဲ့ကြောင်း၊ သူသည် ယခင်ခရစ်ယာန်မဖြစ်လာသည့်အချိန်ကအကြောင်းကိုလည်း ဂုဏ်ယူစွာထုတ် ဖော်ပြော၀သည်။ ဤသို့မရှက်မကြောက်ဘဲထုတ်ဖော်ပြော၀သည်မှာ တလွှဲဂုဏ်ယူနေခြင်းမဟုတ်။ ဘုရားသခင်သူ့အား အဘယ်မျှသနားကြောင်း၊ ဘုရားသခင်၏သနားခြင်းကရုဏာကြီးမားကြောင်းကိုထုတ်ဖော်ရန်ဖြစ်သည်။

 

            ပေါလ်သည် သူ၏ခေါ်တော်မူခြင်းအဘယ်မျှမှန်ကန်ကြောင်း သာသနာတော်ကြီးအား ဖိနှိပ်ညှဉ်းဆဲသူဘ၀မှ သူညှဉ်းဆဲနှိပ်စက်ခဲ့သောယေဇူးခရစ္စတူးသခင်၏တရားကို ကြေငြာဟောပြောသက်သေခံသူအဖြစ် ခေါ်တော်မူခြင်းခံခဲ့ရ သည်ကို မီးမောင်းထိုးပြနေခြင်းဖြစ်သည်။

 

ဘုရားသခင်သည် အပြစ်ရှိသောသူများနှင့်အားနည်းသူများကိုအသုံးပြုသည်။

 

            ပေါလ်အတိတ်၌ မိမိ၏နောက်လိုက်များကို ရက်စက်ကြမ်းကြုတ်စွာဖမ်းဆီးနှိပ်စက်ခဲ့သော်လည်း နောက်ဆုံး၌ ရှင်ပြန်ထမြောက်သော ဘုရားသခင်၏သားတော်အကြောင်းကို ဂျူးမဟုတ်သောလူမျိုးခြားတို့အား ဖော်ပြဟောကြား ရန်သူ့ကိုပြန်ရွေးချယ်ခဲ့သည်။ ဘုရားသခင်၏အစီအမံတော်သည် မယုံကြည်နိုင်လောက်အောင်ဖြစ်ရသည်။ ပေါလ်ကြုံ တွေ့ဖြန်သန်းခဲ့ရသောအတွေ့အကြုံမျိုးကို ကျွန်ုပ်အားလုံးနေ့စဉ်ကြုံတွေ့နေရသည်။ အထူးသဖြင့်ဘုရားသခင်ကျွန်ုပ် တို့အားစတင်ခေါ်စဉ်ကအကြောင်းအရာအဖြစ်အပျက်ကိုပြန်လည်ဆင်ခြင်ကြည့်လိုက်ပါ။ ထို့ကြောင့်ရဟန်းမင်းကြီးက သူ၏သွန်သင်ချက်အဆုံးသတ်၌ ယေဇူးသခင်သည် ကျွန်ုပ်တို့အတွက်ခံထမ်းခဲ့သည်ကို တစ်ဦးစီ၏နှလုံးသား၊ ဦးနှောက် ထဲ၌ စွဲမြဲစွာခတ်နှိပ်ထားကြရန်၊ ထိုအဖြစ်အပျက်သည် ကျွန်ုပ်တို့အား ဘုရားသခင်၏ကျေးဇူးတော်နှင့်တွေ့ထိစေ သည့် အချိန်ဖြစ်သည်ကိုလည်းမမေ့ရန်၊ ဘုရားသခင်သည် မကြာခဏ အပြစ်ရှိသူများ၊ အားနည်းသူများအားအသုံးပြု၍ သူ၏ အလိုတော်ကိုထုတ်ဖော်ပြသကြောင်း၊ ဤသို့ဖြစ်ရခြင်းမှာ ကြုံကြိုက်၍ဖြစ်ပျက်သွားခြင်း၊ တိုက်ဆိုင်ခြင်းမဟုတ်။ အရာအားလုံးသည် ဘုရားသခင်ပြင်ဆင်ထားပြီးဖြစ်ကြောင်း၊ သူသည်ကျွန်ုပ်တို့၏သမိုင်းကိုရေးထိုးသည်။ သူရေးထိုးသောသမိုင်းကိုကျွန်ုပ်တို့ယုံကြည်အားကိုးခြင်းဖြင့်ပူးပေါင်းလုပ်ဆောင်ပါက ကယ်တင်ခြင်းကိုကျွန်ုပ်တို့ရရှိမည်ဖြစ်သည်။    

 

ဘုရားသခင်၏ကျေးဇူးတော်သည် ဧ၀ဂေလိတရား၏အမူတော်‌ဆောင်အဖြစ်ပြုပြင်ပြောင်းလဲပေးသည်။

 

            ဘုရားသခင်ကျွန်ုပ်တို့ကိုခေါ်လျှင် အမူတော်ကိုလည်းဆောင်ရန်တစ်ပါတည်းပေးအပ်လာသည်။ ထိုအမူတော်ကို အပတ်တကုပ်ဆက်ကပ်လုပ်ဆောင်ရန် အမြှော်အမြင်ရှိရမည်။ ထို့ကြောင့် ကျွန်ုပ်တို့အားလုံး ဤအသိများရှိကြပါစို့။ ဤ အသိသည် ကျွန်ုပ်တို့၏တည်ရှိခြင်းကိုပြုပြင်ပြောင်းလဲပေးသည့်ပထမအခြေအနေဖြစ်သည်။ ထို့နောက် ဧ၀ဂေလိတရားတော်ကိုထိုက်တန်စွာဆောင်ရန်ပြောင်းလဲပေးကြောင်းမိန့်ကြားခဲ့သည်။

 

ဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်

Photo courtesy of CNA

https://bit.ly/3yf5RGd

Add new comment

2 + 2 =