"ဘုရားသခင်သည် ကျွန်ုပ်တို့နှင့်ချစ်ကြည်ရင်းနှီးသောဆက်ဆံရေးမျိုးရလိုသည်" ဟုရဟန်းမင်းကြီးဖရန်စစ်မိန့်ကြား

"ဘုရားသခင်သည် ကျွန်ုပ်တို့နှင့်ချစ်ကြည်ရင်းနှီးသောဆက်ဆံရေးမျိုးရလိုသည်" ဟုရဟန်းမင်းကြီးဖရန်စစ်မိန့်ကြား

"ဘုရားသခင်သည် ကျွန်ုပ်တို့နှင့်ချစ်ကြည်ရင်းနှီးသောဆက်ဆံရေးမျိုးရလိုသည်" ဟုရဟန်းမင်းကြီးဖရန်စစ်မိန့်ကြား

(5.8.2021)RVA Myanmr

ဘုရားသခင်သည် ကိုယ်ကျိုးသာတွက်ချက်တတ်သောစည်းဘောင်ထက်ကျော်လွန်ပြီး၊ ချစ်ကြည်ရင်းနှီးသောဆက်ဆံ ရေးမျိုးကိုကျွန်ုပ်တို့နှင့်ထားရှိလိုသည်။ အဘယ်ကြောင့်ဆိုသော် ကက်သလစ်ဘာသာတူများသည် ယုံကြည်ခြင်း၌ရင့်ကျက်ရန်၊ ထိုသို့ရင့်ကျက်လာရန်မှာ မိမိကိုယ်ကိုဦးစားပေးခြင်းကိုချန်ထားရန်ခေါ်တော်မူခြင်းခံရသည်။ သို့သော် ကိုယ်စွမ်းကိုယ်စဖြင့်မ ပြုလုပ်နိုင်ပေ။ မည်သည့်အရာကိုမျှ လက်ခံရရှိခြင်းမရှိမည်ကပင် သူ့ကိုဦးစွာချစ်ရမည်။ ဤသို့ချစ်ခြင်းသည် တစ်ခုခုကိုလက်ခံ ရရှိ၍သူ့ကိုကျေးဇူးတင်ခြင်းမျိုးမဟုတ်ဘဲ ဘာရမည်ကိုမသိမီကပင်ကျေးဇူးတင်ခြင်းဖြစ်သည်။

ရဟန်းမင်းကြီးသည် သံယောဟန် ဧ၀ဂေလိကျမ်း (၆း၂၄-၃၅) ကိုပြန်လည်ထောက်ရူထားသည်။ ယေဇူးသခင်နောက် သို့လိုက်သောလူအုပ်ကြီးသည် မုန့်ကိုပွားများစေသောကြောင့်လိုက်နေခြင်းဖြစ်သည်။ ယေဇူးသခင်၏တန်ခိုးလက္ခဏာများကို မြင်တွေ့လိုက်ရ၍မဟုတ်။ ၄င်းတို့၏လိုအင်ပြည့်၀ရန်ကိုသာဦးစားပေးကြသည်။ ဤကျမ်းစာအဖြစ်အပျက်နှင့်ပတ်သက်၍ ကျွန်ုပ်တို့ဆင်ခြင်ရမည်မှာ ‘ကျွန်ုပ်တို့သည် အဘယ်ကြောင့် ယေဇူးသခင်ကိုရှာကြသနည်း။ မိမိယုံကြည်ခြင်းအတွက် အဘယ် သို့သောခံယူချက်ဖြင့်ရှာကြသနည်း။ ဤအချက်ကိုသေချာစွာစမ်းစစ်ရမည်။ အဘယ်ကြောင့်ဆိုသော် ကျွန်ုပ်တို့၏ဘ၀၌ စုံစမ်း နှောက်ယှက်မူများစွာရှိသည့်အနက် တစ်စုံတစ်ခုကိုအစွဲအလန်းကြီးသည့်နှောက်ယှက်ခြင်းဆီသို့တွန်းပို့ရောက်ရှိသွားစေနိုင် သည်။ ထိုတမ်းတမ်းစွဲသောအနှောက်အယှက်ကား ဘုရားသခင်ကိုစွဲလန်း၏။ သို့သော် မိမိဘုရားသခင်အားမိမိအလိုကျအသုံးချ ရန်ဖြစ်သည်။ မိမိ၏ဘ၀ပြဿနာများကိုဖြေရှင်းခိုင်းရန်ဖြစ်သည်။ မိမိလိုချင်သောအရာများရယူပေးစေရန်ဖြစ်သည်။ မိမိလိုချင် သောအရာကိုမိမိ၏အစွမ်းအစဖြင့်အရမယူနိုင်သော်လည်း ဘုရားသခင်၏အကူအညီဖြင့်ရယူကာ ထိုအရာရလိုက်သောကြောင့် ဘုရားသခင်ကိုကျေးဇူးတင်လိုက်သည့်အစားမျိုးဖြစ်သည်။ ဘုရားသခင်အား ကျွန်ုပ်တို့၏လိုအပ်ချက်များကိုတောင်းဆိုခြင်း သည် သင့်လျှော်ပါသည်။ တစ်ခါတစ်ရံဘုရားသခင် ကျွန်ုပ်တို့မျှော်လင့်ထားသည်ထက်ပင်လုပ်ဆောင်ပေးတတ်သည်။ ဘုရားသ ခင်သည် ကျွန်ု်ပတို့နှင့်အတူချစ်ကြည်ရင်းနှီးစွာနေ ထိုင်လိုသည်။ စစ်မှန်သောချစ်ခြင်းသည် ကိုယ်ကျိုးမတွက်ပေ။ လွှတ်လပ် သည်။ တစ်စုံတစ်ခုပြန်လည်ရရှိရန်ချစ်လေ့မရှိ။

ယေဇူးသခင်က ၄င်းတို့၏မှားယွင်းနေသောရည်ရွယ်ချက်ကိုထောက်ပြသောအခါ လူအုပ်ကြီးက ၄င်းတို့၏အမှားကို၀န် ခံပြီး ဘုရားသခင်၏အလိုတော်ကိုဆောင်ရွက်ရန်အဘယ်သို့ပြုလုပ်ရမည်ကိုနှိမ့်ချစွာမေးမြန်းခဲ့သည်။ ဤမေးမြန်းချက်သည် လူ အုပ်ကြီးက သူတို့၏လွဲမှားသောခံယူချက်ကိုပြုပြင်လိုသည့်သဘောကိုပြသနေခြင်းဖြစ်သည်။ ၀လင်စွာစားရရန်သာ ယေဇူးသ ခင်ကိုမရှာဘဲ ဘုရားသခင်၏အလိုကိုသိအောင်ရှာဖွေလိုလာသည်။ ထို့ကြောင့်ယေဇူးသခင်က လမ်းကြောင်းကိုညွှန်ပြပေးခဲ့ သည်။ ထိုလမ်းကြောင်းကား ဘုရားသခင်စေလွှတ်သူဖြစ်သည့် ယေဇူးသခင်ကို ၄င်းတို့၏ဘ၀၌ကြိုဆိုရန်ဖြစ်သည်။ ဤနေရာ ၌ယေဇူးသခင်သည် မည်သည့်ဘာသာရေးကျင့်၀တ်ကျင့်စဉ်များကိုစောင့်ထိန်းပါ၊ ဖြည့်ဆည်းပါဟုမတိုက်တွန်းခဲ့။ ယေဇူးသခင် ကိုကျွန်ုပ်တို့၏ဘ၀ထဲ၌ရှင်သန်ခွင့်ပေးရန်၊ သူနှင့်ချစ်ခြင်းမေတ္တာအသက်တာကိုရှင်သန်ရန်ဖြစ်သည်။ သူသည်ကျွန်ုပ်တို့၏ယုံ ကြည်ခြင်းကိုစင်ကြယ်အောင်ဆေးကြောပေးမည်ဖြစ်သည်။ ဤချစ်ခြင်းအသက်တာသည် ဘုရားသခင်နှင့်သာထားရှိရန်မ ဟုတ်။ လူမူရေးအသက်တာ၌လည်းထားရှိရမည်။ အဘယ်ကြောင့်ဆိုသော် ဘုရားကိုအသုံးချသည်မဟုတ်သော်လည်း လူသား များအား မိမိတို့၏လိုဘအတွက် အသုံးချခြင်းသည်သူတို့အားအလွဲအသုံးချလိုက်ခြင်းဖြစ်သည်။ ‘ဤသူသည် လူကိုအသုံးချပြီး (အကူအညီရယူပြီး) မေ့သွားသည်’ ဟုပြောဆိုသံကိုမကြာခဏမကြားဖူးပါသလော။ မိမိကိုယ်ကျိုးအတွက် အခြားသူများကိုအ သုံးချခြင်းသည် အလွန်ဆိုးသည်။ လူထုကိုဗဟိုမပြုဘဲ မိမိ၏ကိုယ်ကျိုးကိုဗဟိုပြုခြင်းသည် ရှင်သန်မူကိုမမွေးဖွားပေးပေ။ ဧ၀ဂေလိကျမ်းစာကပေးသောတရားသည် ရုပ်၀တ္ထုဖြစ်သော အစားအစာကိုသာအာဿငမ်းငမ်းလိုက်မရှာဘဲ အသက်၏မုန့်ဖြစ် သော ယေဇူးသခင်ကိုလက်ကမ်းကြိုဆိုရန်၊ သူနှင့်ချစ်ခင်ရင်းနှီးကျွမ်း၀င်အောင်စတင်ရမည်။ အချင်းချင်းပိုမိုသိလာအောင်လေ့လာရမည်။ သူသာကိုယ်နာသည်ဟုလည်းမတွက်။ စစ်မှန်သောချစ်ခြင်းသည် ကိုယ်နာသည်ဟု တွက်ချက်မူမရှိဘဲပေးလေ့ရှိသည်။ လူကိုအသုံးချလေ့မရှိ။ ကျေးဇူးသိတတ်သည်။ ရက်ရောသည်။ ဂုဏ်သိက္ခာရှိစွာပြုမူတတ် သည်ဟုစိန့်ပီတာရင်ပြင်၌ရောက်ရှိနေကြသော ကမ္ဘာတစ်၀ှမ်းမှဘုရားဖူးများအားမိန့်ကြားခဲ့သည်။

ဩဂုတ်လ (၁) ရက်နေ့ သည် တနင်္ဂနွေနေ့လည်းဖြစ်၍ ဘုရားဖူးများနှင့်အန်ဂျေလူးမေတ္တာကိုလည်း အတူတကွရွတ် ဆိုပူဇော်ခဲ့သည်။ ဘုရားဖူးများအနက် အီတလီနိုင်ငံတစ်နံတစ်လျားမှလည်းကောင်း၊ ပီရူးနိုင်ငံမှလည်းကောင်းရောက်ရှိနေကြ သည်။ ပီရူးနိုင်ငံသည် သမ္မတအသစ်ကိုရရှိထား၍ ၀မ်းသာကြောင်းနှင့်ဘုရားသခင်ကောင်းကြီးပေးပါစေကြောင်းဆုတောင်း ပေးခဲ့သည်။ ဘုရားဖူးများအားလုံးအားလည်း မင်္ဂလာ‌ေ၀သောတနင်္ဂနွေနှင့် ငြိမ်းချမ်းသောဩဂုတ်လဖြစ်ပါစေဟုနုတ်ဆက် ဆုတောင်းပေးခဲ့သည်။ ဥရောပ အနောက်နိုင်ငံအတွက် ဩဂုတ်လသည် အလုပ်နားပြီး၊ အပန်းဖြေခရီးထွက်သောလဖြစ်သည်။ အပူဆုံးလလည်းဖြစ်သည်။ ရဟန်းမင်းကြီးသည် အူမကြီးခွဲစိတ်ပြီးတစ်လခန့်အကြာ အသံများပုံမှန်နီးပါးပြန်လည်ဖြစ်လာပြီ ဖြစ်သည်။ ယခုတစ်ပတ်၌ ရဟန်းမင်းကြီးအဓိကမီးမောင်းထိုးပြလိုသည်မှာ ယုံကြည်ခြင်းမရင့်ကျက်သောသူများသည် မိမိတို့၏ အလိုကိုဦးစားပေးတတ်သည့်အကြောင်းဖြစ်သည်။

https://bit.ly/2TTyUk2

Ref:CNA

ဘာသာပြန်: ဖာသာရ်ကလေးမင့်အားတယ်

#rvamyanmar #rvapastoralcare #PopeFrancisMessage

Add new comment

3 + 10 =