ဘုရားသခင်နှင့်မာဖီးယားဂိုဏ်းသည် မည်သို့မျှ သဟဇာတမဖြစ်နိုင်

မာဖီးယားဂိုဏ်းသားတို့ ဘုရားသဘုရားဆီပြန်လာကြပါ ၊ သင်တို့ရဲ့ဘဝကို ပြောင်းလဲကြပါ၊ သင်တို့ငွေအတွက် သင်တို့အတ္တအတွက်သာအသက်မရှင်ကြပါနဲ့ ပြောင်းလဲကြပါ

ဘုရားသခင်နှင့်မာဖီးယားဂိုဏ်းသည် မည်သို့မျှ သဟဇာတမဖြစ်နိုင်
စက်တင်ဘာလ ၁၅၊ ၂၀၁၈

https://www.vaticannews.va/en/pope/news/2018-09/pope-francis-palermo-mas...

#pope, #sicily, #italy, #mafia, #help, #peterkm,
Photo credit to vatican news
ဘာသာပြန်ဆိုသူ Fr. Peter Kyi Maung

စက်တင်ဘာလ ၁၅၊ ၂၀၁၈ စနေနေ့ အီတလီနိုင်ငံ Palermo မြို့တွင် ဟောကြားသော တရားတော်တွင် စစ်မှန်သောချမ်းသာကြွယ်ဝ အောင်မြင်မှု့သည် ​ပေးဆပ်ခြင်း ဖြင့်သာရယူနိုင်ကြောင်း၊ ရယူသိမ်းပိုက်တတ်​ေ​သာ အာဏာရမက် လောဘများတွင်မရှိ​​သောကြောင့် မာဖီးယားဂိုဏ်းဝင်နှင့် ဘုရားကိုယုံကြည်သူတို့သည် မည်သို့မျှ သဟဇာတမဖြစ်ကြောင်းဟောကြားခဲ့ပါသည်။
ခရစ်ယာန်တစ်​ဦးအနေနှင့် ချစ်ခြင်မေတ္တာ ကိုရွေးမလား၊ တကိုယ်ကောင်းဆန်မှုကိုရွေးမလား /အောင်မြင်မှုကို ​ရွေးမလား၊ ရှူံးနိမ့်မူကိုရွေးမလား တိကျပြတ်သားစွာရွေးချယ်ရပါမည်။ ဘုရားကိုရွေးမလား ၊ မာဖီးယားဂိုဏ်းဝင်လုပ်မလား ကြိုက်တာရွေးပါ။ မာဖီယားဂိုဏ်းဝ​င်လုပ်ပြီး ဘုရားကိုယုံကြည်​သူဖြစ်ပါသည်ဟူ၍ လုပ်လိုမရ​ကြောင်​းပုပ်ရဟန်းမင်းကြီးမှပြတ်သားစွာပြောကြားခဲ့ပါသည်။ မာဖီးယား ဂိုဏ်းဝင်များသည် ခရစ်ယာန်အသက်တာ၌ ရှင်သန်နေသူများမဟုတ်။ ဘုရားသခင်သည် ချစ်ခြင်း​မေတ္တာ ဖြစ်သည်။ သူတို့၏ နေထိုင်မှုသည် ချစ်ခြင်းမေတ္တာ၊ ကိုဆန့်ကျင်နေသောကြောင့် ဘုရားကိုစော်ကားနေသူများသာဖြစ်ကြောင်း ပြတ်သားစွာပြေားကြားခဲ့ပါသည်။
ရဟန်းမင်းကြီး အရှင်သူမြတ်သည် စီစီလီမြို့ရှိ သူတော်စင်​ Pino Puglisi ၏မြို့သို့လည်ပတ်ခဲ့ပါသည်။ သူတော်စဉ် Pino Puglisi သည် အသင်းတော်အတွက် လွန်ခဲ့​သော ၂၅ နှစ်က မာဖီးယားတို့၏ လက်ချက်ဖြင့် အသက်ပေးသွားသူ ရဟန်းတစ်​ပါးဖြစ်ပါသည်။ သူတော်စင်​ Pino Puglisi သည် အတ္တကင်းသော၊ အများအတွက် ဘဝကို ​ပေးဆပ်သူ တကိုယ်ကောင်းမဆန်သူ အဖြစ် ရဟန်းမင်းကြီး မှပြောကြားခဲ့ပါသည်။ ခရစ်ယာန်များသည် ဘုရားသခင်၏ ပထမဦးဆုံးကျေးဇူး​တော်ဖြစ်သော အသက်ကို ကာကွယ်သူများဖြစ်ကြပါသည်၊ ဖျက်စီးသူများမဟုတ်ကြပါ။
မိမိဘဝအတွက် အတ္တ လောဘဖြင့်အသက်ရှင်သူတို့သည် လောကတွင်ပြည့်စုံကြွယ်ဝကြသော်လည်း နောက်ဆုံးတွင် အားလုံးဆုံးရှူံးကြလိမ့်မည်။ အများအတွက် ဘုရားအတွက်စွန့်လွတ်အနစ်နာခံသူတို့သည် အဆုံးမှာကြွယ်ဝကြလိမ့်မည်။
ငွေနှင့် ပါဝါအာဏာတို့သည် လူကိုလွတ်မြောက်မှု့မပေးနိုင် ။ ၎င်းသည် ​ကျွန်ပြုခြင်သာဖြစ်သည်​။ အဘယ့်ကြောင့်ဆိုသော် အမြဲတမ်းလိုအပ်ခြင်း တပ်မက်စိတ်ကိုသာဖြစ်ပေါ်စေသောကြောင့်ဖြစ်ပါသည်။ သူတော်စင် ​ဘုန်းတော်ကြီး Pino Puglisi သည် မိမိဘဝကိုပေးဆပ်ပြီး ထာဝရအသက်ကိုရယူသွားသူ အများအတွက်ပေးဆပ်သွားသူအဖြစ်၊ စွန့်လွတ်အနစ်နာခံသူအဖြစ်သက်သေပြနေပါသည်။
ယနေ့ခေတ်တွင် ဂုဏ်ပြုခံရရန် နာမည်ကြီးရန် ၊ သူတပါးကိုဘအထက်စီးမှ စီရင်ရန် ပုဂ္ဂိုလ် များ၊ ပါဝါ အာဏာရလိုမှုအတွက်လုပ်သူများကို အလိုမရှိပါ ။ အတွင်းစိတ်ဖြင့်ချစ်မြတ်နိုးသူများ၊ အစေခံလိုသူများ၊ အတူကတွပူပေါင်းလုပ်ဆောင်သူများသာလိုအပ်ပါသည်ဟု ရဟန်းမင်းကြီး ဖရန်စစ်အရှင်သူမြတ်မှ မှ ဟောကြားခဲ့ပါသည်။
မာဖီးယားဂိုဏ်းသားတို့ ဘုရားသဘုရားဆီပြန်လာကြပါ ၊ သင်တို့ရဲ့ဘဝကို ပြောင်းလဲကြပါ၊ သင်တို့ငွေအတွက် သင်တို့အတ္တအတွက်သာအသက်မရှင်ကြပါနဲ့ ပြောင်းလဲကြပါ ဟု ရဟန်းမင်းကြီးမှ ပြေားကြားခဲ့ပါသည်။
ဗာတီကန်သတင်းဌာနမှ ကောက်နုတ်​ေ​ဖာ်ပြလိုက်ပါသည်။

 

Add new comment

15 + 4 =