Radio Veritas Asia Buick St., Fairview Park, Queszon City, Metro Manila. 1106 Philippines | + 632 9390011-15 | +6329390011-15
ဘုရားသခင်ကျွနု်ပ်တို့နှင့်အတူရှိကြောင်း သတိထားမိစေရန် မိမိအတွင်းစိတ်နှလုံးသားကို ဂရုစိုက်ခြင်း
ဘုရားသခင်ကျွနု်ပ်တို့နှင့်အတူရှိကြောင်း သတိထားမိစေရန် မိမိအတွင်းစိတ်နှလုံးသားကို ဂရုစိုက်ခြင်း
မတ်လ ၁၁၊ ၂၀၁၉
ဝါတွင်းကာလ ဝိညာဉ်ခွန်အားတိုးစေရန် ပုပ်ရဟန်းမင်းကြီး ဖရန်စစ် အရှင်သူမြတ်နှင့် ရဟန်းမင်းကြီး ရုံးတော် အဖွဲ့ဝင် ၆၅ ဦးတို့ ရက်သတ္တပတ် ဥပုသ်စောင့်ခြင်းအမှုကို San Miniato al Monte ၏ Olivetan ရသေ့ အကြီး အကဲ Bernardo Francesco Maria Gianni ဦးဆောင်လမ်းညွန်မှုဖြင့်
ပထမရက် ကမ္မဌာန်းထောက်ရှုချက်အဖြစ် ကမ္ဘာလောကကြီးကို သခင်ခရစ်တော်၏ မျက်စိဖြင့်ကြည့်တတ်ရန်လိုအပ်ကြောင်း ကို ထောက်ရှုခဲ့ပါသည်။
♥ အထက်မှ ကြည့်ရှုခြင်း
ကမ္ဘာလောကကြီးအတွင်းမှာရှိသော အရာတွေရဲအခြေအနေ၊ ထိမ်းချုပ်မှု၊ အုပ်စိုးချုပ်ကိုင်နေသော နတ်ဆိုး၏ လုပ်ရပ်များကို အထက်စီးမှ ကြည့်မြင်နိုင်ရန် လိုအပ်ကြောင်း၊ တဆက်တည်းမှာပဲ ယင်းအခြေအနေမျိုးတွင် အထက်စီးမှ ရှု့မြင်နိုင်ရန် သန့်ရှင်းသော ၀ိညာဉ်တော်ဘုရား၏ အလင်း ကျေးဇူးတော်၊ ဘုရားသခင်၏ နုတ်ကပတ်တော်များဖြစ်သော တရားဘာဝနာဆည်းပူးခြင်း၊ ကျေးဇူးတရားသိတတ်ြခင်းနှင့် ဖြစ်ပျက်လာနိုင်မည့်အရာများကို ကြိုတင်ထောက်ခြင်း စသည့် ဝိညာဉ်တော်ကျေးဇူးများဖြင့်သာ ကြည့်မြင်နိုင်မည်ဖြစ်ကြောင်း၊ ထိုမှသာ ကျွနု်ပ်တို့နေထိုင်နေသောမြို့ပြများသည် တောကန္တာရ များဖြစ်နေကြောင်း လွယ်ကူစွာရှုမြင်နိုင်မည်ဖြစ်သည်ဟု ဥပုသ်စောင့်ခြင်းအမှုကို ဦးဆောင် ဥပုသ်ပေးသူ ရသေ့မှ ထောက်ရှုပြောကြားခဲ့ပါသည်။
♥ တောကန္တာရမှ စိမ်းလန်းစိုပြေခြင်းသို့
အထက်မှ ရှုမြင်နိုင်မှသာ ကမ္ဘာလောကကြီး၏ အခြေအနေလိုအပ်ချက်ကိုသိမြင်နိုင်ပြီး စစ်မှန်သော အသက်ဖြစ်သည့် သခင်ခရစ်တော်၌ပြန်လည်ရှင်သန်စေခြင်း ကို အစားထိုးပေးနိုင်မည်ဖြစ်ကြောင်း၊ တောကန္တာရကဲ့သို့ ကြောက်မက်ဖွယ်ရာအခြေအနေများ ဖြစ်ပေါ်နေသောလူတို့နေထိုင်သည့် မြို့ပြအခြေအနေများကို အသစ်သောဘဝအသက်တာ လှပခြင်း၊ ငြိမ်းချမ်းခြင်း၊ တရားမျှတခြင်း၊ သဟဇာတဖြစ်ခြင်း စသည်အခြအနေသို့ပြောင်းလဲပေးရန် ဘုရားသခင်တာဝန်ပေးခန့်အပ်ထားသော သိုးထိန်းများသည် သေချာရှုမြင်လုပ်ဆောင်တတ်ရန် လိုအပ်ကြောင်း တရားပေးသူမှ တိုက်တွန်းထားပါသည်။ ချစ်ခြင်းမေတ္တာ ရှိသောနေရာတွင်ပိုမိုကြည့်ရှု့ခံစားတပ်ကြောင်း၊ ဆက်လက်ပြီး ညီကို စိတ်ဓာတ်ခိုင်မာခြင်းသည် ခရစ်ယာန်တို့၏လုပ်ဆောင်မူများကို ပိုမိုခရီးရောက်စေသည်။
♥ သခင်ခရစ်တော်၏ ကြည့်ရူ စာင့်ရှောက်ခြင်း
သခင်ခရစ်တော် ကျွနု်ပ်တို့ကိုကြည့်ရှု့စေတော်မူပါ သို့မှသာ ကျွနု်ပ်တို့ကလည်း သူကျွနု်ပ်တို့ကို ကြည့်ရှု့သကဲ့သို့ တပါးသူများကိုကျွနုပ်တို့က သခင်ခရစ်တော်ကဲ့သို့ကြည့်ရှု့နိုင်မည်ဖြစ်ကြောင်း၊ စိတ်အားထက်သန်သော မျှော်လင့်ခြင်း၊ ဘုရားသခင် ကျွနု်ပ်တို့နှင့်အတူရှိခြင်း စသည်တို့ကို အသိ အမှတ်ပြု နိုင်ရန် အတွင်းစိတ်ပြောင်းလဲရန်လိုအပ်ကြောင်း၊
သင့်နှလုံးသားကိုသင်ဂရုမပြုလျှင် သင့်ထံသို့ သခင်ခရစ်တော်ကြွလာသည်ကို သင်သိမြင်နိုင်မည်မဟုတ်ကြောင်း၊ ထောက်ရှု့ခဲ့ပါသည်။
https://www.vaticannews.va/en/pope/news/2019-03/pope-francis-spiritual-e...
#pope, #lent, #retreat, #peterkm,
Photo credit to Vatican News
ဘာသာပြန်ဆိုသူ Fr. Peter Kyi Maung
Add new comment